This is digital planet.

ArticlesMSIReviews

6-cores Core i7 နဲ့ GeForce GTX 1650 Max-Q သုံးထားတဲ့ Prestige 14 ကို လေ့လာကြည့်ခြင်း

Prestige 14 ကို အရိုးရှင်းဆုံး ပြောရရင် MSI ကနေ အသေချာ ပြင်ဆင်ပြီး ဒီဇီုင်းပိုင်းနဲ့ Build Quality ပိုင်းမှာ ကျကျနနကို ဖန်တီးပေးထားတဲ့ Laptop တစ်လုံးလို့ သုံးနှုန်းချင်ပါတယ်။

ဒီလို ပြောရတဲ့ အကြောင်းပြချက်တစ်ခုက Prestige Family ဟာ အရင်တုန်းက ထုတ်ခဲ့ဖူးတဲ့ P-series Creator Laptop နဲ့ မတူတာရယ်၊ နောက်တချက်က ခေတ်နဲ့ လျော်ညီစွာ Mobility နဲ့ Performance ကို အချိုးတကျ ပေါင်းစပ်ပေးထားတဲ့ Mult-media သို့တည်းမဟုတ် အသေးစား Creator Laptop ဖြစ်နေလို့ပါ။

Ultrabook Class ထဲမှာ မပါလင့်ကစား $1,300 Price Range မှာ 100% sRGB နားကပ်နေတဲ့ Colour Space ၊ 6-cores Processor နဲ့ GeForce GTX 1650 Max-Q သုံးထားတဲ့ အချက်တွေကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဂိမ်းလည်းကစား Editing အတွက်လည်း သုံးနိုင်တာကြောင့် စဥ်းစားနိုင်တဲ့ အချက်တွေ ရှိနေပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ Prestige 14 ကို လေ့လာကြည့်ရအောင်

MSI Prestige 14 A10SC

Quick Specification (Highest-end Model)

Display – 14” Full HD (BOE HV140FHM-N61)
Processor – Intel Core i7 10710-U Processor
Graphics – Nvidia GeForce GTX 1650 Max-Q (35W)
RAM – 16GB DDR4 2,133MHz (10-10-10-28)
SSD – 512GB PCI-e x2 (Liteon)
Battery – 52Wh Capacity
Windows Hello IR + Fingerprint Reader

Design

ကျွန်တော့်အနေနဲ့ Prestige 14 ကို Review လုပ်ဖို့ တောင်းဆိုမိတဲ့ အချက်တစ်ချက်မှာ MSI ရဲ့ Craftsmanship လည်း ပါဝင်ပါတယ်။ ပြောချင်တဲ့ အဓိပ္ပာယ်က Laptop တစ်လုံးကို ဖက်ရှင်ဒီဇိုင်းဖက် ဦးစားပေးပြီး ဆွဲဆောင်မှု ရှိရှိ ကိုင်ချင်သူတွေအတွက် Recommend ပေးလို့ရတယ်။

တစ်ချက်ပဲ အားမရဖြစ်မိတာ ပလတ်စတစ် ကိုယ်ထည်ဖြစ်ပြီး လက်ရာ ထင်လွယ်တဲ့ အားနည်းချက် ရှိတယ်၊ အဖြူရောင်မှာ မသိသာပေမယ့် ကျွန်တော် သုံးဖြစ်နေတဲ့ Carbon Gray မှာ သိသာပါတယ်။

ဒါပေမယ့် Carbon Gray ရွေးချယ်သူတွေကတော့ Pink နဲ့ White တို့ထက် သိသာနေမယ့် အချက်တချက်က Chrome Cutting Essence ကို အပေါ်ဖက် Lid နဲ့ Edge တလျှောက် Highlight လုပ်ပေးထားတာပါ။

ပလတ်စတစ် ကိုယ်ထည်ဆိုမယ့် Grainy Texture သုံးပေးထားတာ တမျိုးဆွဲဆောင်မှု ရှိစေသလို Body ကိုင်တွယ်ရတဲ့ အနေထားမှာလည်း ချောမွေ့မှု ရှိပါတယ်။ တချက်ပဲ Body Edge ကို Smooth ဖြစ်နေအောင် လုပ်ထားပေမယ့် Lid ရဲ့ အတွင်းဖက် Edge တွေက ရှတတနဲ့ Sharp ဖြစ်နေပါတယ်။

Lid အပေါ်ဖက်က Dragon Shield ကို Carbon Gray နဲ့လိုက်ဖက်အောင် Camouflage အရောင် သုံးပေးထားပြီး ခါတိုင်း MSI Laptop တွေလို ထင်ထင်ပေါ်ပေါ် ဖြစ်မနေစေပါဘူး။

Build Quality ပိုင်းမှာ အိစက်စက် ဖြစ်နေတာမျိုး Lid တလျောက်နဲ့ ကိုယ်ထည်ဝန်းကျင်မှာ မခံစားရပေမယ့် သုံးထားတဲ့ အောက်ဖက် Back Plate က ပါးလွှာပြီး ပျော့ပျောင်းတယ်လို့ ခံစားရပါတယ်။

Keyboard & Touchpad

Creator Laptop ဆိုတဲ့အတိုင်း Content Creation အပိုင်းမှာရော Multi-media နဲ့ တခြားကဏ္ဍတွေမှာ ထည့်ပေးထားတဲ့ Keyboard က မဆိုးဘူးလို့ ဆိုရမှာပါ။ ကြိုက်တယ်ရယ်လို့ မဟုတ်ပေမယ့် ဘယ်လိုမျိုးလဲဆိုရင် စာရိုက်တဲ့အခါ Feedback ကောင်းတယ်။

ကြွပ်စပ်မနေသလို နူးနူးညံ့ညံ့နဲ့ အိခနဲ ဖြစ်သွားတဲ့ ခံစားချက်က တမျိုးကောင်းသလို ကျွန်တော့်အတွက်ကတော့ Spongy ဖြစ်တဲ့ Feeling မျိုးရပါတယ်။ ထွေထွေထူးထူးတော့ မဟုတ်ပေမယ့် Arrow Keys ၄ ခုက Full Size ဖြစ်သွားတာရယ် Slash Key နှစ်ခုပါဝင်တဲ့အချက်တွေက 14 Incher အတွက် ကျေနပ်စရာလို့ ပြောရမှာပါ။

Blacklight Layer ကို ၃ ဆင့်ထိ ထည့်ထားပေမယ့် Prestige မော်ဒယ်မှာ Single-zone White Colour ကိုပဲ အသုံးပြုနိုင်မှာပါ။ Prestige Family မှာ တစ်ခုထူးခြားသွားတာ Lid ကိုဖွင့်လိုက်တာနဲ့ ကိုယ်ထည်ဟာ လောက် မြင့်တက်လာမှာဖြစ်ပြီး စာရိုက်လို့ သက်တောင့်သက်သာဖြစ်စေသလို Air Intake အတွက်လည်း ကောင်းမွန်စေတာပါ။

Great Touchpad

Touchpad အပိုင်းမှာတော့ အရမ်းကြီး ပြောနေစရာ မလိုဘူးထင်ပါတယ်။ MSI ကိုယ်တိုင်က ဂုဏ်ယူစွာနဲ့ Silky Smooth လို့ ပြောထားသလို တကယ်တမ်း သုံးကြည့်တဲ့အခါလည်း Impress ဖြစ်စရာ ရှိနေပါတယ်။

Touchpad အရွယ်စားက ၅ လက်မ ဝန်းကျင်အထိ ကြီးသွားသလို Horizontally ကျယ်သွားတာဖြစ်တဲ့အတွက် ဓာတ်ပုံတွေ Cropping လုပ်တဲ့အခါ ရွှေ့လို့ ပိုကောင်းသွားတဲ့အတွက် Silky Smooth နဲ့ တွဲပေးလိုက်ရင် သုံးရတာ အဆင်ပြေပါတယ်။

Windows Precision Driver ပါဝင်တဲ့အတွက် Multi-finger Gesture ထောက်ပံ့သလို Touchpad သုံးရတာနဲ့ ပတ်သက်လို့ တခါမှ ကသိကအောက် ဖြစ်တာမျိုး မကြုံဖူးသေးပါဘူး။

တချက်ပဲ ဘဝင်မကျမိတာ Fingerprint Sensor ကို Integrate လုပ်ထားတဲ့ အချက်ပါ၊ Windows Hello IR ပါဝင်တဲ့အတွက် ကျွန်တော့်အနေနဲ့ မသုံးဖြစ်သလောက် နည်းပါးသလို တချို့သော User တွေ အနေနဲ့ ဒိပြင်နေရာမှာ ထားစေချင်မယ်လို့လည်း ထင်ပါတယ်။

Well-calibrated MSI Display

Creator Laptop တစ်လုံးအတွက် Display ပိုင်းက အရေးကြီးဆုံးလို့ ဆိုရသလို Prestige 14 Display က Photographer တယောက်အတွက်ရော ဗီဒီယို Editor သမားအတွက်ပါ ကာလာ စိုပြေမှုရှိပြီး တိကျတဲ့ အရောင်သွေးကို ပေးစွမ်းနိုင်စွမ်းရှိပါတယ်။

MSI အနေနဲ့လည်း 100% sRGBDelta E<2 (Marketing Term) လို့ ကြော်ငြာသလို လက်တွေ့ သုံးစွဲတဲ့အခါလည်း Black Value ကောင်းမွန်တဲ့အတွက် Colour Saturation ပိုင်းလည်း ပြည့်စုံပါတယ်။ ဒိအတွက် MSI အနေနဲ့ Factory Calibrate လုပ်ထားတယ်လို့ ဆိုနိုင်သလို ပြောစရာရှိမှာက IPS Level Display ဖြစ်နေတာပါ။

MSI Prestige 14

ပုံမှန် အနေထားတိုင်းသုံးရင် Contrast ပြဿနာ မရှိပေမယ့် ဘေးတဖက်တချက်က ဖြစ်စေ၊ အပေါ်ဖက်က ကြည့်လိုက်ရင် Contrast Deviate ဖြစ်တာကို မြင်တွေ့နိုင်ပြီး Colour Contrast ကျသွားတာ၊ ပိုပြီး Strong ဖြစ်သွားတာမျိုး သတိထားမိနိုင်ပါတယ်။

Ports & Selection

အခုလို Creativity ပိုင်း အသားပေးထားတဲ့ Laptop တစ်လုံးမှာ စုံလင်တဲ့ Ports တွေပါရှိပြီး အပိုဆောင်းအနေနဲ့ Windows Hello IRWindows Hello Fingerprint Sensor ပါ ထည့်ပေးထားပါတယ်။

စုံလင်တဲ့ Ports ဆိုလို့ Prestige Laptop မှာ Type-C Port နှစ်ခု (Data Transfer & Charging) ၊ microSD Reader နဲ့ USB 3.1 Type-A နဲ့ USB 3.0 Port ၊ 3.5mm Headphone Jack Port တို့ပါဝင်မှာပါ။

တစ်ခုပဲ ဘဝင်မကျဖြစ်မိတာ တွဲပါလာတဲ့ 90W Adapter Type-C ခေါင်းဟာ Laptop နဲ့ ချိတ်ထားရင် Loose ဖြစ်တဲ့ အနေထားမျိုးရှိနေပြီး တခြား Type-C Connector နဲ့စမ်းကြည့်တဲ့အခါ အံဝင်ခွင်ကျဖြစ်နေတဲ့အချက်ပါ။

Lots of Performance Under the Hood

စွမ်းဆောင်ရည်အပိုင်းမှာတော့ အလျှံပယ် သုံးပေးထားပြီး အပေါ်မှာ Mention လုပ်ခဲ့သလို ဂိမ်းအတွက်ဖြစ်စေ ၊ Creation ပိုင်းအတွက်ဖြစ်စေ လုံလောက်တဲ့ Performance ကို ပေးစွမ်းထားပါတယ်။

ဒီနေရာမှာ ဗဟုသုတ အဖြစ် ဖော်ပြလိုတာ Prestige 14 မှာ Single Fan တစ်လုံးထဲ အသုံးပြုထားတဲ့အချက်ပါ။ အဆိုပါ Fan ဟာ Heat-pipe နှစ်ချောင်းထဲနဲ့ Processor နဲ့ GPU ကို Sharing လုပ်ထားတာ ဖြစ်တဲ့အတွက် 14” Device အတွက် Limitation ရှိသွားမယ် ထင်ပါတယ်။

ဘာလို့ဒီလို ပြောရသလဲဆိုတော့ CPU တစ်ခုထဲ ဖြစ်စေ ၊ GPU တစ်ခုထဲဖြစ်စေ Stress လုပ်တဲ့အခါ ပန်ကာတစ်လုံးထဲနဲ့ အဆင်ပြေပေမယ့် နှစ်ခုလုံး Run ရင်တော့ Throttling ဖြစ်ပါတယ်။

ဒါကို PC Mark ၊ 3D Mark နဲ့ GeekBench ၊ Blender အစရှိတဲ့ Software သုံးပြီး တိုင်းတာတဲ့ ရလာဒ် အနေထားကို Hardware Info ၊ Throttlestop Data ကြည့်ပြီး သုံးသပ်ပေးတာပါ။ အဆိုပါ Benchmark ရလာဒ်တွေကိုလည်း အလျဥ်းသင့်သလို ဖော်ပြပေးထားပါတယ်။

Processor

Comet Lake i7 ဟာ နေ့တဓူဝ သုံးစွဲဖို့ကနေ Photo ၊ Video Editing အတွက် လုံလောက်သလို အတိအကျ ပြောရရင် i7-10710U မှာ 6-cores/12-threads နဲ့ 12MB Cache ပါရှိမှာပါ။ Base Frequency ကတော့ CPU ထောက်ပံ့ထားတဲ့ TDP အလိုက် 1.1GHz ကနေ 4.7GHz အထိ Boost လုပ်ပေးနိုင်ပါတယ်။

Notice: Prestige 14 မှာ 10W နဲ့ 15W Options နှစ်မျိုးပဲ ပါဝင်လို့ 0.4GHz သို့ 1.1GHz Base Clock နဲ့ပဲ သွားပါတယ်

ဒီ Speed အနေထားက Thermal Condition ပေါ်မူတည်သလို Prestige 14 ဟာ သုံးစွဲတဲ့ Program ဥပမာ CPU Only ပေါ်မူတည်ပြီး Single-core Speed ကို 4.45GHz နဲ့ All-core Turbo ကို 3.6GHz ကနေ 3.8GHz အတွင်း Run ပေးနိုင်ပါတယ်။

PC Mark 10 Essential Productivity Digital Content Creation
Score 7,136 6,011 2,949

ဒါဟာ ခဏတဖြုတ် အနေထားတွက် အမြင့်ဆုံး တွန်းပေးနိုင်တဲ့ Frequency ဖြစ်ပြီး Long Run အတွက်ဆိုရင်တော့ Cooling Solution က စကားပြောသွားပြီ ဖြစ်ပါတယ်။ Processor ကိုယ်တိုင်လည်း Power Limit ဖြစ်နေတဲ့အပြင် PKG Power ကို အများဆုံး 15W (All-cores) ၊ 25W (Sigle-core) သာ သုံးစွဲပါတယ်။

MSI Bios Setting မှာ TDP Level ကို 10W15W နဲ့ 25W ၃ မျိုး ရွေးလို့ရပေမယ့် 15W ကို Lock လုပ်ထားတာဟန်ရှိပါတယ်။ ဒါကြောင့် Comet Lake Processor ရဲ့ Full Potential မသုံးနိုင်သလို Stress ပိနေတဲ့အခါမျိုးမှာ Power Limit Throttling ထပ် ဖြစ်ပါတယ်။

CineBench R15 CPU OpenGL
Score 139 (Single-core) 641 (Multi-core) 103.25 fps

ဘယ်လိုမျိုးလဲဆိုရင် CPU Frequency ဟာ 1.3GHz လောက် ပြုတ်ကျသွားပြီး 2.4GHz သို့ 2.7GHz (All-cores) လောက်နဲ့ပဲ Maintain လုပ်နိုင်တဲ့အချက်ပါ။ ဒီ Frequency Range မှာ အပူချိန်ကလည်း 86°C ရှိသလို ပထမ ၁၃ စက္ကန့်လောက်မှာ 3.7GHz (All-cores) နဲ့ Run ပါတယ်။

GeekBench 5 CPU Benchmark Compute Bench Mark (GTX 1650 Max-Q)
Socre 847 (Single-core) 2,373 (Multi-core) 36,146

Threshold ကျော်သွားတဲ့ 93°C မှာတော့ Thermal ရော Power ရော Throttling ဖြစ်ပြီး ပိုမိုအေးမြတဲ့ 86°C မှာ 2.6GHz Speed နဲ့ Stable ဖြစ်ပါတယ်။ အဆိုပါ Frequency ဟာ Base Clock ထက် ပိုများသလို Single Fan တစ်လုံးနဲ့ ထိန်းထားရတဲ့ အနေထားကြောင့်မိုပါ။

Graphics Card

GeForce GTX 1650 Max-Q ဟာ Mid-range Class မှာ Powerful ဖြစ်တဲ့ GPU လို့ ဆိုနိုင်သလို GeForce GTX 1050 Ti ၊ 1050 နဲ့ အဆိုပါကတ်တို့ရဲ့ Max-Q အမျိုးတွေထက် 15% – 20% လောက်ထိ ပိုမြန်ပါတယ်။

Prestige 14 ဟာ ဂိမ်းမင်း အမျိုးစား မဟုတ်ပေမယ့် AAA ဂိမ်းတွေကို Low-to-medium Setting မှာ 50fps ဝန်းကျင် Run ပေးနိုင်စွမ်းရှိပါတယ်။

လေ့လာကြည့်သလောက် 35W သုံးစွဲမှုရှိတဲ့ Max-Q ကတ်ဟာ Graphics Intensive ဂိမ်းတွေမှာ 970MHz (Core) ၊ 1,360MHz (Memory) ဝန်းကျင်အထိ Boost လုပ်ပေးနိုင်ပြီး Average စွမ်းဆောင်ရည်ထက် ပိုကောင်းတဲ့ အနေထားနဲ့ စွမ်းဆောင်ပေးနိုင်ပါတယ်။

3D Mark 10 Time Spy
CPU Score 3,637
Graphics Score 2,448

ပြောချင်တာ GeForce GTX 1650 ရဲ့ Default Boost Clock 1,050MHz ထက် 300MHz ပို Run ပေးသလို CPU နဲ့ တွဲလုပ်ရတဲ့အခါ တနည်း Stress ပိတဲ့အခါမျိုးမှာ Power Limit Throttling ဖြစ်ပြီး Core Frequency 736MHz ၊ Memory Frequency 1,160MHz နဲ့ပဲ သွားလို့ပါ။

သတိချပ်စရာက Thermal ကြောင့် Throttling မဖြစ်ပေမယ့် Combine Load မှာ fps ကျသွားတာမျိုး ကြုံရတတ်ပါတယ်။ အဆိုပါ အချက်ဟာ Comet Lake ကြောင့်ဖြစ်ပြီး Throttle ဖြစ်ရတဲ့ အကြောင်းရင်းက အပေါ်မှာ ပြောထားသလို Cooling Solution ကြောင့်ပါ။

စမ်းသပ်ဖြစ်တဲ့ World War Z ၊ Stars Wars Jedi: Fallen Order ဂိမ်းတွေမှာ Average 50fps ကနေ 70fps အတွင်း ချောချောမွေ့မွေ့ Run ပေးပြီး တိုင်းတာချက်အရ Core Clock 936MHz ၊ Memory Clock 1,362MHz ရှိပါတယ်။

Creator Center & System Optimizer

Prestige 14 ဟာ Creativity အသားပေး Laptop ဖြစ်တဲ့အတွက် System Level စွမ်းဆောင်ရည် မြင့်တင်ပေးဖို့ရာ Creator Center အသုံးပြုပေးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ Creator Center Application လုပ်ဆောင်ချက်ကို အသေးစိတ် ဖော်ပြဖူးသလို သက်ဆိုင်ရာ အကြောင်းရာတွေကို ဆောင်းပါးအဆုံးမှာ Link ထည့်ပေးထားပါတယ်။

နည်းနည်းလေး ထပ်ချဲ့ပြောရရင်တော့ Creativity Apps တွေဖြစ်တဲ့ Adobe PhotoshopIllustrator နဲ့ တခြားသော PhotoVideo နဲ့ Animation ဆိုင်ရာ Application တွေကို Performance ကောင်းကောင်း အသုံးချနိုင်အောင် ဖြည့်စွက်ထားတာပါ။

တနည်းပြောရင်တော့ မလိုအပ်တဲ့ Background App တွေ ပိတ်ပေးမှာဖြစ်သလို Power Profile ကိုလည်း BalancedPerformanceSilent ဆိုပြီး ရွေးချယ်လို့ရမှာပါ။

ဒါကြောင့် နှစ်သက်ရာ Power Profile အလိုက် သုံးစွဲလိုတဲ့ Creativity Apps တွေကို Creator Center ကတဆင့် Run ခိုင်းတာက သီအိုရီအရ ပိုပြီး မြန်ဆန်မှုရှိမှာပါ။

Lots of Bloatware

သို့ပေမယ့် MSI Laptop မှာ Nortom Antivirus နဲ့ တခြားသော Bloatware App တွေ ပါဝင်နေလို့ ဆိုသလို Optimization မရရှိနိုင်ပါဘူး။ အဆိုပါ App တွေဟာ Background မှာ Run နေသလို Benchmark တိုင်းတဲ့အခါနဲ့ Stress Test Run တဲ့အခါမျိုးမှာ ပါဝင်နေတတ်ပါသေးတယ်။

Battery

အခုလို Bloatware Apps တွေ ပါ့လင့်ကစား 52Wh Battery က Web Browsing နဲ့ Text Editing အတွက်ပဲ သုံးမယ်ဆိုရင် ၁၀ နာရီလောက် အသာလေး အသုံးခံပါတယ်။ ဒီလို အသုံးခံတာ Idling State မှာ 3.5W ကနေ 5.5W အတွင်းပဲ ပါဝါစားတာမလို့ပါ။

တကယ်လို့ Productivity Apps တွေ သုံးမယ်ဆိုရင်တော့ 11W ကနေ Program အလိုက် Average 67W အတွင်း ပါဝါစားနိုင်ပြီး Performance ကောင်းကောင်း အသုံးပြုဖို့အတွက် AC နဲ့ပဲ Run စေချင်ပါတယ်။

Battery Sleep Idle Load
Watt (W) 0.1 ~ 0.3 3.5 ~ 11.5 65 ~ 67

Audio

အသံ Quality အပိုင်းမှာတော့ သာမန် အနေထားပဲ ရှိပါတယ်။ Bass အပိုင်း အားနည်းသလို ကိုယ်ထည်အောက်မှာ Placement လုပ်ထားတဲ့ Speakers တွေကြောင့် အားမရ ဖြစ်စေပါတယ်။ Next Generation မှာတော့ ပိုမိုကောင်းမွန်လာမယ်လို့ မျော်လင့်မိပါတယ်။

Stress Run

ဒီကဏ္ဍမှာတော့ CPU နဲ့ GPU လုပ်ဆောင်ချက်ကို အသားပေး ဖော်ပြလိုပြီး Benchmark တိုင်းဖြစ်တဲ့ Blender ၊ Cinebench R15 ၊ GeekBench 5 တို့ရဲ့ ရလာဒ်နဲ့ နှိုင်းယှဥ်ပေးထားပါတယ်။

အဆိုပါ App တွေဟာ CPU Only ဖြစ်သလို Stress Run တဲ့အခါ ဘယ်လောက် Frequency ၊ Temperature ဘယ်လောက်နဲ့ သွားနေသလဲ ဖော်ပြပေးတာပါ။

CPU Frequency/ Temperature GPU Frequency/ Temperature
Blender 1.7GHz (94°C) 1,125MHz (67 °C)
Cinebench R15 2.2GHz (88°C) 1,370MHz (66°C)
GeekBench 5 2.3GHz (88°C) 1,360MHz (86°C)
World War Z 4.1GHz (86°C) 1,360Mhz ~ 1,920MHz (71°C ~ 88°C)

Result တွေအရ i7-10710U ဟာ 2.6GHz Range မှာ Stable ဖြစ်ပြီး အပူချိန် 94°C ၊ GPU မှာကျ Core Clock မှာ 936MHz ၊ Memory Clock မှာ 1,360MHz နဲ့ အပူချိန် 86°C မှာ တည်တည်ငြိမ်ငြိမ် ဆောင်ရွက်ပေးပါတယ်။

ဂိမ်းကစားတဲ့အခါမျိုးမှာတော့ CPU ဟာ 4.1GHz Frequency နဲ့ Run ပေးလေ့ရှိပြီး 88°C နဲ့ GPU ဟာ 960MHz/1,362MHz အသီးသီး Frequency နဲ့ 86°C စွမ်းဆောင်ပေးပါတယ်။

Final Thoughts

အနှစ်ချုပ်လေး ပြန်ပြောရရင်တော့ Prestige 14 ဟာ ကျစ်လျစ်တဲ့ Form Factor အနေထားမှာ Creativity ပိုင်းအတွက် လုံလောက်တဲ့ စွမ်းဆောင်ရည် ပေးစွမ်းထားတဲ့ Laptop တစ်လုံးပါ။

Power Efficient ဖြစ်တဲ့ Optimization ကြောင့် တာရှည်ခံတဲ့ Battery ကို အသုံးပြုနိုင်သလို Display လည်း ကောင်းမွန်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူ ၊ ဒီဇိုင်နာနဲ့ Content Creator တွေ ရွေးချယ်နိုင်တဲ့ မော်ဒယ်လို့ ပြောရမှာပါ။

Review Unit ထောက်ပံ့ပေးတဲ့ MSI Myanmar ကို ကျေးဇူးတင်ပါတယ်

Pros
6-core i7+ GeForce GTX 1650 in 14” Device
Stylish Design
Well-calibrated Display
Windows Hello IR + Fingerprint
Silky Smooth Touchpad
Ports Selection

Cons
Mediocre Audio
Spongy Keys
Runs Hot
Hinge Could be better
Loud Fan

Prestige 14 Homepage

လေ့လာနိုင်မယ့် ဆောင်းပါးများ
MSI GS65 9SD In-depth Review
MSI GF63 Impression
10th MSI Gaming Laptop တွေကို ဘယ်လို ဝယ်ယူကြမလဲ?
MSI Creator Center အသုံးပြုပုံ လမ်းညွန်
MSI Dragon Center အသုံးပြုပုံ လမ်းညွန်