fbpx

This is digital planet.

FacebookTech News

Myanmar နဲ့ Sri Lanka မှာ အမုန်းစကားများ ပြန့်ပွားနေမှုကို တားဆီးဖို့ နည်းလမ်းသစ်များရှာဖွေနေတဲ့ Facebook

Facebook ဟာ သူ့ရဲ့ Platform ပေါ်မှာ ပြင်းထန်တဲ့ ဝေဖန်တိုက်ခိုက်မှုတွေ အမုန်းစကားတွေကို ကိုင်တွယ်ဖြေရှင်းနေရတာ အားလုံးလည်းအသိဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံကြောင့် Facebook CEO Mark Zuckerberg မှာလည်း ရုံးရောက်ဂတ်ရောက်နဲ့ တော်တော်လေးဒုက္ခရောက်ခဲ့ရရှာတာပါ။ အခုချိန်မှာ Facebook acc ဖွင့်ဖို့က Sim card တစ်ကဒ်နဲ့ အင်တာနက်ရှိရင်ကို တစ်မိနစ်တောင်မကြာပဲဖွင့်လို့ရနေတော့ အမုန်းစကားတွေဖြန့် အကောင့်တုတွေဖွင့်ပြီး ပြစ်တင်ရှုံချဖို့အတွက်က အရမ်းလွယ်ကူနေပါတယ်။ အခုချိန်မှာ Facebook ဟာ မြန်မာနိုင်ငံနဲ့ သိရိလင်္ကာနိုင်ငံတွေမှာ အမုန်းစကားတွေကို တားမြစ်ဖို့ နည်းလမ်းသစ်တွေလုပ်ဆောင်နေပါပြီ။

Related image

သီရိလင်္ကာ နိုင်ငံမှာ အစွန်းရောက်ဆန့်ကျင့်ရေးသမားများက Facebook ပေါ်မှာအမုန်းစကားတွေ ဖြန့်ကြက်နေတာကြာပါပြီ။ ဒါကြောင့် Facebook အနေနဲ့လည်း WhatsApp မှာလုပ်ခဲ့သလိုမျိုး user တွေအနေနဲ့ Messages တွေကို Forwards လုပ်ပြီးပို့တာတွေကို ထိန်းချုပ်ကန့်သတ်ဖို့ ကြိုးစားလာဖွယ်ရှိပါတယ်။ Borderline content အပေါ်မှာ အာရုံစိုက်လာဖို့လည်းရှိပါတယ်။ Facebook Company အနေနဲ့ အမုန်းစကားတွေကို တိုက်ရိုက်ဖြန့်ချီသူတွေကို Ban ပစ်မှာဖြစ်သလို အမုန်းပြန့်ပွားရေး စာသားတွေကိုလည်း လျော့နည်းသွားအောင်လုပ်သွားဖြစ်ပါတယ် ။

Facebook အနေနဲ့ အခုအခါမှာ မြန်မာနိုင်ငံလိုမျိုး အမုန်းစကားတွေအရမ်းပြန့်ပွားနေတဲ့ တခြားသောနိုင်ငံတွေကိုလည်း သေချာစောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ ဒီလို အမုန်းစကားတွေပြန့်ပွားနေတာကို ထိန်းချုပ်ဖို့က လေးနက်တဲ့ကိစ္စဖြစ်တဲ့အတွက် Facebook အနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ပိုကြိုးစားရဖွယ်ရှိပါတယ်။

Source