fbpx

This is digital planet.

GoogleMytelTech News

Mytel နှင့် Mobile Legends တို့ ပူးပေါင်း၍ “Road To Legends: Forging A Powerful Connection” ပွဲကြီးအား ကျင်းပ

မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာ Mytel သည် “Road To Legends: Forging A Powerful Connection” ပွဲတွင် Shanghai Moonton Technology နှင့် Official Partnership အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၂၀၂၀ မှ၂၀၂၁ ကာလအတွင်း Mytel သည် Moonton Technology ၏ မြန်မာနိုင်ငံ ကိုယ်စားပြု Official Partnership အနေဖြင့် မြန်မာနိုင်ငံ၏ တစ်နေ့တစ်ခြား ကျယ်ပြန့်လျက်ရှိသော eSports ကဏ္ဍအား တိုးတက်မြှင့်တင်ပေးနိုင်ရန် အစွမ်းကုန် အားဖြည့် ဆောင်ရွက်သွားမည် ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး အော်ပရေတာ ဆိုတဲ့အတိုင်း သုံးစွဲသူတွေအတွက် မိုဘိုင်းဂိမ်းတွေအပါအဝင် အဆင့်မြင့် မိုဘိုင်းအသုံးပြုမှု အတွေ့အကြုံတွေကိုသာ ပေးအပ်သွားဖို့ ရည်မှန်းထားပါတယ်။ ကျွန်တော်တို့ရဲ့ ရှာဖွေတွေ့ရှိချက်များအရ  E-sports ဟာဆိုရင် ယခုနှစ်ပိုင်းအတွင်းမှာ ကမ္ဘာတစ်ဝန်း အလျင်အမြန် တိုးတက်လာရုံသာမက မြန်မာနိုင်ငံမှာဆိုလည်း တော်တော် ကျယ်ပြန့်လာပြီလို့ ဆိုနိုင်ပါတယ်။ Mobile Legends ရဲ့ Official Partnership အနေနဲ့ ကျွန်တော်တို့က Mobile Legends ကစားသမားများအတွက် ပိုကောင်းတဲ့ အတွေ့အကြုံတွေကို ယူဆောင်လာပေးမှာဖြစ်ပြီး e-sports ကစားသမားအနေနဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်သွားမယ့်သူတွေကိုလည်း အင်တိုက်အားတိုက် မြေတောင်မြှောက်ပေးနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်တယ်။” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးမှ ပြောကြားခဲ့ပါသည်။

Shanghai Moonton Technologies မှ တီထွင်မိတ်ဆက်ခဲ့သော Mobile Legends: Bang Bang ဂိမ်းသည် တစ်ကမ္ဘာလုံးတွင် လစဉ်အသုံးပြုသူပေါင်း ၄ သန်းကျော် အထိရှိပြီး မြန်မာနိုင်ငံတွင်လည်း ရေပန်းစားသည့် ဂိမ်းတစ်ခု အဖြစ် ရပ်တည်လျက်ရှိသည်။ ၎င်းဂိမ်းသည် SEA Games 2019 တွင် ပါဝင်လာသည့် ပထမဆုံးသော e-sports ဂိမ်းဆိုသည့် ခေါင်းစဉ်ကို ဆွတ်ခူးခဲ့ပြီးနောက် အတိုင်းမသိ ကြီးမားသော အားပေးခြင်းကို ရရှိခဲ့သည်။ Mytel နှင့် Moonton Technologies တို့လက်တွဲလိုက်ခြင်းအားဖြင့် Moonton သည် ဆက်သွယ်ရေးကို ပိုမိုကောင်းမွန်စေရန်နှင့် အသုံးပြုသူများ၏ အတွေ့အကြုံများကို မြှင့်တင်ပေးနိုင်ရန် နည်းလမ်းများစွာ စဉ်းစားဆောင်ရွက်သွားမှာ ဖြစ်ပြီး Mytel အနေနှင့်လည်း လိုအပ်ပါက ပြည်တွင်းဆာဗာများကို ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ ရလာဒ်များအနေဖြင့် Mobile Legends: Bang Bang ကစားသမားများသည် ယခုထက် ပို၍ကောင်းမွန်သော အတွေ့အကြုံများ နှင့် ပိုမိုမြန်ဆန်သော ဂိမ်းတုံ့ပြန်နှုန်းကို အပြည့်အဝ ခံစားနိုင်မှာ ဖြစ်သည်။ ထို့အပြင် Mobile Legends: Bang Bang ကိုကစားသည့် Mytel ဖုန်းအသုံးပြုသူများအား ဝန်ဆောင်မှုများနှင့် ပစ္စည်း များကို ဝယ်ယူရာတွင် ထပ်ဆောင်းအကျိုးခံစားခွင့်များစွာကိုလည်း ပေးသွားမှာဖြစ်ပါသည်။ ဤပူးပေါင်းမှုအပြင် Mytel ဖုန်းအသုံးပြုသူများသည် 966 နံပါတ်ကို “ML1” ဟု  ပို့ခြင်းအားဖြင့် Legendary Pack ဒေတာ 4MBကို 5 ကျပ်ဖြင့် ၀ယ်ယူပြီး Legendary Draw အစီအစဉ်တွင် Mobile Legends: Bang Bang ဂိမ်းဆော့နိုင်မည့် တစ်နှစ်တာ အခမဲ့ဒေတာ၊ Diamonds ပေါင်း ၁၀သိန်းကျော် သို့မဟုတ် iPhone 11 series ၉ လုံးကို ကံစမ်းနိုင်မည် ဖြစ်သည်။

“Mobile Legends: Bang Bang ဟာဆိုရင် မြန်မာနိုင်ငံဈေးကွက်ထဲမှာ ၂၀၁၇ ခုနှစ်ထဲက စတင်သက်ဝင်လှုပ်ရှားခဲ့တာပါ။ အခုဆို လစဉ်အမြဲတမ်းဆော့ကစားသူ အယောက်ပေါင်း ၃သန်းရှိပြီး တစ်နေ့တစ်ခြားပိုပိုတိုးလာကြောင်းလဲ တွေ့ရှိရပါတယ်။ ဒီလိုမျိုးသုံးစွဲသူ အရေအတွက် တိုးတက်လာတာနဲ့အမျှ Moonton အနေနဲ့ မြန်မာနိုင်ငံရဲ့ ဂိမ်းကဏ္ဍသည်လဲ တိုးတက်နိုင်ခြေနဲ့ အလားအလာ အများကြီးရှိတယ်လို့ ထင်မြင်မိပါတယ်။ ဒီလိုမျိုး မြန်မာနိုင်ငံက လူအများစုရဲ့ အားပေးမှုကို တွေ့ရတာနဲ့ e-sports ကဏ္ဍက အလျှင်အမြန်တိုးတက်လာတာကို တွေ့ရတာလဲ အတိုင်းမသိ ဝမ်းသာမိပါတယ်။ လာမယ့်နှစ်တွေမှာလဲ ပရိတ်သတ်တွေကို ပိုပြီးစိတ်ကျေနပ်မှုပေးနိုင်မယ့် စိတ်လှုပ်ရှားစရာကောင်းမယ့် အစီအစဉ်ပေါင်းများစွာကိုလဲ မိတ်ဆက်ပေးနိုင်ဖို့အတွက် အဆင်သင့်ပြင်ဆင်လျက်ရှိပါတယ်။ နောက်ပြီး Moonton ရဲ့ Mytel နဲ့ အတူပူးပေါင်းပြီးလုပ်ဆောင်သွားဖို့ကိုလဲ စိတ်လှုပ်ရှားမိပါတယ်။” ဟု Shanghai Moonton Technologies ၏ Marketing Manager ဖြစ်သူ Ms. Laura မှ ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားကို ဆန်းသစ်တဲ့ ဖျော်ဖြေမှုအစီအစဉ်များနှင့် အစပြု၍ ပွဲအား ပိုမိုစိတ်၀င်စားဖွယ်ကောင်းသော အစီအစဥ်များဖြင့် ကျင်းပခဲ့သည်။ ထို့နောက် Moonton နှင့် Mytel တို့မှ တာဝန်ရှိသူများမှ အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီးနောက် ထိုသို့ လက်တွဲလုပ်ဆောင်မှုမှ ရရှိလာမည့် အကျိုးကျေးဇူးများစွာကို မျှဝေခဲ့ပါသည်။ ဆက်လက်၍ ပျော်ရွှင်စရာကောင်းသော အစီအစဉ်များ ဖြစ်သည့် cosplay ဖျော်ဖြေမှု၊ ဂိမ်းများ၊ ဉာဏ်စမ်းပဟေဠိ ပြုလုပ်ခဲ့သည်။ ထိုအစီအစဉ်များ အပြီးတွင် Burmese Ghouls သည် ဖိတ်ကြားထားသည့် streamer များနှင့်အတူ Mobile Legends: Bang Bang battle ကစားပွဲများလည်း ကစားခဲ့ကြသည်။

ထိုသို့ Official Partnership အဖြစ် ပူးပေါင်းဆောင်ရွက်လိုက်ခြင်းအားဖြင့် Mytel သည် မြန်မာနိုင်ငံတွင် E-Sports အား တိုးတက်မြှင့်တင်ပေးနိုင်ရန်နှင့် Mytel ဖုန်းအသုံးပြုသူများသာမက ဂိမ်းကစားသူများ၏ နေထိုင်မှုဘဝကိုပါ ပြောင်းလဲမြှင့်တင်ပေးပြီး အကောင်းဆုံးသော ဂိမ်းကစားမှု အတွေ့အကြုံများကို ပေးအပ်သွားမည် ဖြစ်ပါသည်။ မြန်မာ့ဈေးကွက်ထဲကို နောက်ဆုံးမှ ဝင်ရောက်ခဲ့သော်လည်း မကြာမီကပင် Mytel မှ 5G ကို မြန်မာနိုင်ငံသို့ ယူဆောင်လာပေးနိုင်ခဲ့သော ပထမဆုံးဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်လာခဲ့ပါသည်။ ယခုကဲ့သို့ နည်းပညာသစ်ကြီးအား Mytel မှ မြန်မာနိုင်ငံ သို့ ယူဆောင်လာပေးနိုင်ခဲ့သလို နောင်အနာဂတ်များတွင်လည်း Mytel မှ ဆန်းသစ်သော နည်းပညာများ နှင့် ထူးခြားကောင်းမွန်သော တိုးတက်မှုများကို ဆောင်ကျဉ်းပေးနိုင်ရန် အစဉ် ကြိုးစားလျက်ရှိပြီး ခေတ်မီအဆန်းသစ်ဆုံး တီထွင်မှုများကို သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါသည်။ Mytel သည် ယခင်တစ်နှစ်တာ ကာလအတွင်းမှာပင် ခေတ်မီဆန်းသစ်သော နည်းပညာများဖြစ်သည့် e-SIM၊ VoLTE နှင့် MytelPay တို့ကိုယူဆောင်လာနိုင်ခဲ့ပြီး ရှေ့ပြေးတီထွင်သူအဖြစ် ရပ်တည်လျက်ရှိပါသည်။ ရှေ့ဆက်ပြီး Mytel သည် e-wallets၊ OTT TV နဲ့ e-commerce အစရှိသော သာလွန်ထူးခြား၍ ခေတ်မီသော ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် ထပ်မံ တိုးချဲ့နေဦးမည်ဖြစ်သည်။ ဆက်လက်၍လည်း ကောင်းမွန်ပြည့်စုံသော ကြိုတင်ပြင်ဆင်မှုများနဲ့အတူ Mytel ဟာ D-A-T-A နည်းဗျူဟာများချမှတ်ကာ ဒစ်ဂျစ်တယ်အသွင်ပြောင်း ခေတ်ရေစီးကြောင်းကို ဦးဆောင်လမ်းပြနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာနိုင်ငံ၏ နည်းပညာဂေဟစနစ်အား နိုင်ငံတကာမှအသိမှတ်ပြုစေရန် တစ်ဖက်တွင်လည်း နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းများနှင့် ICT အခြေခံအဆောက်အဦများကို သုံးစွဲသူများ၏စိတ်ကျေနပ်မှုထက် သာလွန်သော ဝန်ဆောင်မှုများကိုသာ  ပေးနိုင်ရန် တသမတ်တည်း ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။

ကျေးဇူးတင်လျက်