fbpx

This is digital planet.

GlobalizationTech News

Mytel မှ ထူးခြားသစ်လွင်သည့် MyID Appilcation အသစ်အား အသုံးပြုသူအားလုံး အတွက် မိတ်ဆက်

မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး နှင့် ဂရုအစိုက်ဆုံး အော်ပရေတာ Mytel သည် ဒီဂျစ်တယ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် ဝန်ဆောင်မှုများကို တစ်နေရာထဲတွင် ရယူနိုင်သော MyID Application အသစ်အား မိတ်ဆက်ပေးခဲ့ပါသည်။ Messenger, Entertainment, Stranger, Selfcare, Loyalty နှင့် အခြားအခြားသော အသုံးတည့်သည့်ဝန်ဆောင်မှုများစွာ ပါဝင်ပြီး Mytel အသုံးပြုသူများသာမက အခြားတယ်လီကွန်းအော်ပရေတာ အသုံးပြုသူများပါ ယခုကဲ့သို့ ထူးခြားစုံလင်သည့် MyID Application ကို စမ်းသပ်အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် Mytel သုံးစွဲသူများအနေဖြင့် MyID account ကို အသုံးပြု၍ အမျိုးအစားစုံလင်လှသည့် Mytel ၏ မိတ်ဖက်ပါတနာများ ထံမှ စိတ်လှုပ်ရှားဖွယ်လျှော့ဈေး များကိုလည်း ရယူနိုင်မည်ဖြစ်သည်။

MyID App ၏ အဓိကအသားပေးဝန်ဆောင်မှုမှာ MyID Loyalty ဖြစ်ပြီး Mytel အား အစဉ်တစိုက် အားပေးလာကြသော အသုံးပြုသူများအတွက် အဆင်ပြေနိုင်စေမည့် Mytel ၏ Points & Appreciation စနစ်လည်း ပါဝင်သည်။ သုံးစွဲသူများမှ Mytel ၏ ဝန်ဆောင်မှုများကို စတင်အသုံးပြုလိုက်သည် နှင့်တစ်ပြိုင်နက် အလိုအလျှောက် MyID Loyalty ၏ အသင်းဝင်ဖြစ်လာမည်ဖြစ်သည်။ Mytel အသုံးပြုသူများ မှ silver, gold, platinum စသည်ဖြင့် အဆင့်သတ်မှတ်ချက်များ ရှိမည်ဖြစ်ပြီး ရရှိလာသောအမှတ်များဖြင့် တယ်လီကွန်း နှင့် အခြားသောဘောက်ချာများအား Application အတွင်း ပြန်လည် လဲလှယ်နိုင်သော အကျိုးခံစားခွင့်များ ရရှိနိုင်မည်လည်းဖြစ်သည်။ Mytel မှ မိတ်ဖက်ပါတနာများဖြင့် ပူးပေါင်းကာ သုံးစွဲသူများ၏ လူနေမှုဘဝများအတွက် အကျိုးရှိသောအရာများဖြစ်သော အစားအသောက်များ၊ ဈေးဆိုင်များ၊ ဖျော်ဖြေရေးများ၊ အလှအပရေးရာ၊ ခရီးသွားခြင်းများ နှင့် အခြားသောကဏ္ဍများအပါအဝင် ဘက်ပေါင်းစုံမှ ဝန်ဆောင်မှုများဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

 “အားလုံးရဲ့ ဒီဂျစ်တယ် လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ဖို့ One-Stop ဝန်ဆောင်မှုပေးနိုင်တယ့် ကျွန်တော်တို့ရဲ့ application ကို မိတ်ဆက်ပေးဖို့ အရမ်းပဲ စိတ်လှုပ်ရှားနေခဲ့တာပါ။ ဒီ application လေးကတော့ တစ်ကယ်ကို ထူးခြားကောင်းမွန်လှပြီး တခြားတယ်လီကွန်း application တွေမှာတောင်မပါတဲ့ သုံးစွဲသူတွေအတွက် အပြန်အလှန်အကျိုးရှိစေမယ့် ဝန်ဆောင်မှုများစွာလည်း ပါဝင်ပါတယ်။ ဒီ application နဲ့ဆိုရင် ကျွန်တော်တို့ Mytel အသုံးပြုသူတွေက MyID Loyalty အစီအစဉ် မှာ ပါဝင်နိုင်မှာ ဖြစ်ပြီးတော့ point များရယူကာ ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့ မိတ်ဖက်တွေဖြစ်တဲ့ စားသောက်ဆိုင်တွေ၊ အားကစားရုံတွေ၊ ဈေးဆိုင်တွေ စတဲ့သူတွေဆီကနေ လျှော့ဈေးတွေရယ် ပြန်လည်လဲလှယ်နိုင်မည့် ဝန်ဆောင်မှုတွေကို ရယူနိုင်မှာပဲဖြစ်ပါတယ်။”  ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦး မှ ပြောကြားခဲ့ပါသည်။

ထို့အပြင် MyID Loyalty တွင် MyID Messenger ၊ MyID Entertainment ၊ MyID Stranger နှင့် MyID Selfcare ကဲ့သို့သော ထူးခြားဆန်းသစ်သည့် လုပ်ဆောင်ချက်များ ပါဝင်ပြီး သုံးစွဲသူများ၏ နေ့စဉ်ဘဝများတွင် အသုံးဝင်စေမည့် အရာများ ပါဝင်ပါသည်။

  • MyID Messenger ဆိုသည်မှာ မိုဘိုင်းစာတိုပို့ဆောင်နိုင်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး အသုံးပြုသူများ မှ စာပို့ခြင်း သာမက voice call၊ video call ခေါ်ဆိုခြင်းများလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် MyID messenger ၏ အသားပေးလုပ်ဆောင်ချက်များဖြစ်သော Call-out နှင့် SMS-out များပါဝင်ပြီး အသုံးပြုသူများ အနေဖြင့် Mytel ဖုန်းနံပတ်များသို့ တိုက်ရိုက် စာပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်းများ ပြုလုပ်နိုင်သော ဝန်ဆောင်မှုဖြစ်ပြီး ၎င်းတို့၏ မိတ်ဆွေများ၊ မိသားစုများ၏ smartphone များတွင်  MyID မသွင်းထားပါကလည်း အသုံးပြုနိုင်မည့် ဝန်ဆောင်မှုဖြစ်သည်။
  • ဖျော်ဖြေရေးအတွက်ဆိုလျှင် အသုံးပြုသူများ ကြိုက်နှစ်သက်မည့် ခေတ်စားလျက်ရှိသော ဗီဒီယိုများ၊ သီချင်းများ ကို hot ၊ new ၊ comedy နှင့် အခြားသောကဏ္ဍများ အောက်တွင် ရွေးချယ်ခံစားနိုင်မည်ဖြစ်သည်။
  • အသုံးပြုသူများအချင်းချင်း ချိတ်ဆက်နိုင်သော၊ ကြိုက်နှစ်သက်သော သီချင်းများကို အတူနားဆင်နိုင်သော၊ “nearby friends” ဟူသောကဏ္ဍ  အောက်တွင် မိတ်ဆွေအသစ်များ အား ရှာဖွေကာ ထိုမိတ်ဆွေသစ်များဖြင့် စာပို့နိုင်သော MyID Stranger ဝန်ဆောင်မှုလည်း ပါဝင်သည်။
  • Mytel အသုံးပြုသူများသာ အသုံးပြုနိုင်မည့် MyID ၏ Selfcare လုပ်ဆောင်ချက်တွင် မိမိ အကောင့်၏ အသေးစိတ်အချက်အလက်များကို စစ်ဆေးနိုင်ခြင်း၊ ဖုန်းငွေဖြည့်ခြင်း နှင့် package များဝယ်ယူနိုင်ခြင်း အစရှိသော Mytel ၏ ဝန်ဆောင်မှုများ အားလုံးရရှိနိုင်မည်။ ထို့အပြင် အသုံးပြုသူများအနေဖြင့် Mytel ၏ နီးစပ်ရာ ဆိုင်ခွဲများကိုလည်း ဤ feature ထဲတွင်ရှာဖွေနိုင်မည်ဖြစ်ပါသည်။

ယခုကဲ့သို့ ပြီးပြည့်စုံပြီး အဆင့်မြင့်သည့် Application ၏ အတွေ့အကြုံနှင့်တကွ Mytel သည် အသုံးပြုသူများစိတ်ကျေနပ်မှုရရှိစေရန် ခေတ်ရှေ့ပြေးသောနည်းပညာ နှင့် တီထွင်ဆန်းသစ်မှုများကို ဈေးကွက်ထဲသို့ ဆက်လက်၍ ယူဆောင်လာပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါသည်။ ထို့အပြင် Mytel သည် 5G ကို မြန်မာနိုင်ငံသို့ စတင်ယူဆောင်လာသည့် ပထမဦးဆုံး အော်ပရေတာလည်းဖြစ်လာခဲ့ပါသည်။ ယခုကဲ့သို့ နည်းပညာသစ်ကြီးအား Mytel မှ မြန်မာနိုင်ငံ သို့ ယူဆောင်လာပေးနိုင်ခဲ့သလို နောင်အနာဂတ်များတွင်လည်း Mytel မှ ဆန်းသစ်သော နည်းပညာများ နှင့် ထူးခြားကောင်းမွန်သော တိုးတက်မှုများကို ဆောင်ကျဉ်းပေးနိုင်ရန် အစဉ် ကြိုးစားလျက်ရှိပြီး ခေတ်မီအဆန်းသစ်ဆုံး တီထွင်မှုများကို သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါသည်။ ဆက်လက်၍လည်း Mytel မှ ဒီဂျစ်တယ်ပြောင်းလဲမှုများကို မြန်မာနိုင်ငံသို့ ဆက်လက်ယူဆောင်လာပေးမည်ဖြစ်ပြီး သုံးစွဲသူများထံသို့ အကြီးမားဆုံး နှင့် ခေတ်ရှေ့ပြေးသော ဆက်သွယ်ရေးနည်းပညာ အဆောက်အအုံများ ၊ ဝန်ဆောင်မှုများ နှင့်လည်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

Mytel မှ သတင်းထုတ်ပြန်ထားသော ဆောင်းပါးဖြစ်သည်။