fbpx

This is digital planet.

Tech News

ပိုမိုသက်သာစွာ သုံးစွဲနိုင်ပြီဖြစ်တဲ့ Mytel ရဲ့ Data Roaming Plan အသစ်

Mytel အနေနဲ့ ကမ္ဘာဒီးယား ၊ တရုတ် ၊ ဂျပန် ၊ လာအို ၊ မလေးရှား ၊ စင်ကာပူ ၊ တောင်ကိုရီးယား ၊ အရှေ့တီမော ၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံတွေအတွက် သုံးသလောက်ပေး Data Roaming ကောက်ခံမှုစနစ်ကို ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

Mytel အသုံးပြုသူများအနေနဲ့ အခြားနိုင်ငံများတွင် ဒေတာအသုံးပြုရာ၌ ပိုမိုအဆင်ပြေစေဖို့အတွက် Data Roaming  ဈေးနှုန်းများကို လျှော့ချသတ်မှတ်ပေးလိုက်တာလို့ သိရပါတယ်။

သုံးစွဲသူတွေ လေ့လာနိုင်ဖို့ အခွန်မပါဝင်သေးသော Data Roaming ဈေးနှုန်းအဟောင်းနဲ့အသစ် ၂ မျိုးကိုပါ ဇယားနဲ့ ဖော်ပြပေးလိုက်ပါတယ်။

နိုင်ငံ ဒေတာဈေးနှုန်းအဟောင်း

(ကျပ်/MB)

ဒေတာဈေးနှုန်းအသစ်

(ကျပ်/MB)

ထိုင်း ၅၀၀ ၁၅
စင်ကာပူ ၅၀၀ ၅၀
မလေးရှား ၅၀၀ ၁၅
တရုတ် ၅၀၀ ၁၅
ဂျပန် ၁,၀၀၀ ၅၀
တောင်ကိုရီးယား ၁,၀၀၀ ၅၀
ဗီယမ်နမ် ၁,၀၀၀ ၁၅
ကမ္ဘာဒီးယား ၁,၀၀၀ ၁၅
လာအို ၁,၀၀၀ ၁၅
အရှေ့တီမော ၂,၅၀၀ ၁၅

Mytel ဟာ ဆန်းသစ်သောတီထွင်မှုများနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအား အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

Mytel Press Release ကို ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။