This is digital planet.

ArticlesGlobalizationTech News

ဝါရှင်တန် ဌာနချုပ်ကို အေဂျင်စီရဲ့ ပထမဆုံး လူမည်းအမျိုးသမီး နာမည်အဖြစ် ခေါ်တွင်မယ့် NASA

NASA လို့ ပြောရင် မသိတဲ့သူ မရှိဘူးထင်ပါတယ်၊ ဝါရှင်တန်ဒီစီမှာ တည်ရှိတဲ့ Headquarter ကို အေဂျင်စီရဲ့ ပထမဆုံး လူမည်း အင်ဂျင်နီယာ နာမည်မဲ့သွားမယ်လို့ ကြေညာလိုက်ပါတယ်။

လက်ရှိအချိန် အမေရိကန် ပြည်ထောင်စုမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေပမယ့် NASA အခေါ် (National Aeronautics and Space Administration) သိပ္ပံနဲ့ နည်းပညာ ၊ အာကာသသိပ္ပံ နယ်ပယ်တဝိုက်မှာ လူသိများတဲ့ အေဂျင်စီ အကြောင်းကို စာဖတ်သူတွေ ဗဟုသုတရအောင် ဖော်ပြသွားချင်ပါတယ်။

NASA

1958 ခုနှစ် ၊ အောက်တိုဘာလမှာ အမေရိကန် အစိုးရ အဖွဲ့စည်းတစ်ခု အနေနဲ့ စတင်ခဲ့ပြီးတော့ သိထားတဲ့အတိုင်း အာကာသသိပ္ပံနယ်ပယ်မှာ အလုပ်မျိုးစုံလုပ်နေပြီး ထင်ရှားနေတဲ့ အေဂျင်စီပါ။

အမေရိကန် ပြည်ထောင်စုအတွင်းမှာ စခန်းပေါင်း ၁၀ ခု ရှိပါတယ်၊ ဌာနချုပ်ကတော့ ဝါရှင်တန်မှာ တည်ရှိပြီး Headquarter လို့ပဲ ခေါ်ဝေါ်ခဲ့ပုံရပါတယ်။

၎င်းအပြင် ကမ္ဘာမြေနဲ့ အာကာသ အကြောင်းလေ့လာဖို့ ပုံစံတူ စခန်းငယ် ၇ ခု ရှိပြီး အဓိက စိတ်ဝင်တစား ဖြစ်ကျတာ Astronaut အခေါ် အာကာသယာဥ်မှူး အလုပ်ကိုင်ပါ။

NASA's Aircraft

Image: NASA

အေဂျင်စီ အနေနဲ့ အဆိုပါ လုပ်ငန်းအပြင် သိပ္ပံနဲ့ အင်ဂျင်နီယာ ၊ အတွင်းရေးမှူး ၊ ရှေ့နေ ၊ ဆရာနဲ့ စာရေးဆရာ အလုပ်ကိုင်တွေ ရှိပေမယ့် စာဖတ်သူတွေ သိထားသလို လူတွေ လိုက်ပါစီးနှင်းနိုင်တဲ့ ဂြိုလ်တု လွတ်တင်ရာကနေ အသိများလာတယ် ဆိုရမှာပါ။

First step on the Moon

ကြားဖူးနေကျ The Mercury ၊ Gemini နဲ့ Apollo ပရိုဂရမ်တို့ဟာ အေဂျင်စီရဲ့ အအောင်မြင်ဆုံးလို့တောင် ဆိုနိုင်သလို 1969 ခုနှစ်ကတည်းက လကမ္ဘာပေါ် လူသားတွေ ခြေချနိုင်ခဲ့တာပါ။

ယခုဖော်ပြပါ အချက်လက်တွေဟာ NASA/အစိုးရရဲ့ အင်တာနက် စာမျက်နှာကနေ ဖော်ပြတာ ဖြစ်ပြီး 2018 ခုနှစ်မှာ နှစ် 60 ပြည့်သွားခဲ့ပြီလို့ သိရပါတယ်။ ဒါနဲ့ တဆက်တည်း ဖော်ပြလိုတာ အေဂျင်စီရဲ့ လူမည်းအမျိုးသမီး အကြောင်းပါ။

Image: NASA

မယ်ရီဂျက်ဆင် (Mary Jackson) အမည်ရ အဆိုပါ အမျိုးသမီးဟာ NASA ရယ်လို့ ဖြစ်မလာခင် National Advisory Committee for Aeronautics (NACA) ရဲ့ West Area Computing Unit အဖြစ် 1951 ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။

Mary W. Jackson

သူမအနေနဲ့ အင်ဂျင်နီယာအဖြစ် Qualify ဖြစ်ဖို့ သင်္ချာနဲ့ ရူပဗေဒ ပညာရပ်တွေကို 1958 မှာ လေ့လာခဲ့ပြီး 1979 ခုနှစ်မှာ NASA အင်ဂျင်နီယာဌာနရဲ့ Senior Title ရရှိခဲ့ပါတယ်။

မယ်ရီနဲ့အတူ လူမည်းအမျိုးသမီး အင်ဂျင်နီယာနဲ့ သင်္ချာပညာရှင်တွေဖြစ်တဲ့ ကက်သရင်း ဂျွန်ဆင် (Katherine Johnson) ၊ ဒေါ်ရိုသီ ဗွေဂန် (Dorothy Vaughan) တို့ ပါဝင်ခဲ့ပြီး 2016 မှာ ထွက်ရှိခဲ့တဲ့ Hidden Figures ရုပ်ရှင်ဇာတ်ကားမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

မယ်ရီနဲ့ ပတ်သက်လို့ NASA Administrator “Jim Bridenstine” ပြောဖူးတာ သူမကြောင့်သာ အမေရိက အာကာသယာဥ်မှူးတွေ မွေးဖွားနိုင်ခဲ့သလို အေဂျင်စီအတွက် အောင်မြင်မှု ပေးခဲ့တာပါ

NASA's First Black Female Engineer

Jackson’s career at NASA began at the then-segregated West Area Computing Unit. Image: NASA

ဒါကို

“မယ်ရီအနေနဲ့ ပိုနေမြဲ ကျားနေမြဲ သဘောတရားကို လက်မခံပေမယ့် သူမကြောင့်သာ အာဖရိက အမေရိက လူမျိုးတွေနဲ့ အမျိုးသမီးတွေကို အင်ဂျင်နီယာနဲ့ နည်းပညာ နယ်ပယ်မှာ အခွင့်ရေး ဖြစ်ထွန်းလာတာပါ”

ပိုနေမြဲ ကျားနေမြဲ ဆိုတာကတော့ တင်စားတာ ဖြစ်သလို ဆိုလိုတဲ့ သဘောတရားက လက်ရှိချမှတ်ထားတဲ့ ဥပဒေ (သို့) စည်းမျဥ်း၊ စည်းကမ်းနဲ့ လက်ခံမှု တချို့ကို ပြောတာဖြစ်သလို ဒီနေရာမှာ ဆက်နွယ်တာ လူမှုရေးနဲ့ နိုင်ငံရေးတို့ အဓိက သက်ရောက်ပါတယ်။

Speccialized in Aerodynamics

မက်ရီဂျက်ဆင် လုပ်ကိုင်ခဲ့တဲ့အထဲမှာ Aerodynamics အကြောင်း လေ့လာတာလည်း ပါဝင်ပြီး ၄ ပေ ပတ်လည်ရှိ Supersonic Pressure Tunnel အတွင်းမှာ လေ့လာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လိုင်ခေါင်းအတွင်းမှ အသံထက် ၂ ဆ မက မြန်ဆန်တဲ့ လေကို မှုတ်ထုတ်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်

NASA's first Black Female Engineer

Jackson’s work at the agency included analyzing experiments conducted in the Supersonic Pressure Tunnel. Image: NASA

1958 ခုနှစ်မှာ Aerodynamics အထူးပြု Aerospace အင်ဂျင်နီယာ ဖြစ်လာခဲ့ပြီး “Effects of Nose Angle and Mach Number on Transition on Cones at Supersonic Speeds” စာတန်းကို Co-author အနေနဲ့ ရေးသားပြုစုခဲ့ပါတယ်။ (Article Link)

1979 နောက်ပိုင်း အမြင့်ဆုံး Engineering Title ရရှိခဲ့ပြီး Langely’s Federal Women’s Program ရဲ့ မန်နေဂျာအဖြစ် ရာထူး လျှော့ချခံခဲ့ရပါတယ်။

သို့ပေမယ့် NASA အမျိုးသမီး သင်္ချာပညာရှင် ၊ အင်ဂျင်နီယာနဲ့ သိပ္ပံပညာရှင်တွေအဖြစ် သွေးသစ်လောင်းနိုင်ခဲ့သလို 1985 မှာ အေဂျင်စီက အနားယူခဲ့ပြီး 2005 ခုနှစ် အသက် 83 နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

“ကနေ့မှာတော့ ဌာနချုပ် အဆောက်အအုံကို Mary W. Jackson လို့ ဂုဏ်ယူစွာ ခေါ်တွင်သွားမှာပါ။ Hidden Figures (2016) ရုပ်ရှင်ထဲကလို မယ်ရီဟာ မယုံကြည်နိုင်လောက်အောင် အရည်ချင်းရှိတဲ့ ပရော်ဖက်ဆာအဖြစ် NASA အေဂျင်စီရဲ့ အောင်မြင်မှုကို ဖော်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်အဖြစ် အသိမှတ်ပြုသွားစေမှာပါ” လို့ ရေးသား ဖော်ပြထားပါတယ်။

Source : The VergeNASA