fbpx

This is digital planet.

GamesTech News

NetEase နဲ့ Marvel တို့ပူးပေါင်းပြီး MARVEL Super War ဆိုတဲ့ MOBA Mobile Game ရဲ့ Beta Version ထွက်ရှိလာ

တရုတ်အခြေစိုက် အင်တာနက်ဂိမ်း ကုမ္ပဏီဖြစ်တဲ့ NetEase နဲ့ နာမည်ကျော် Marvel Entertainment တို့ဟာ ဒီနေ့မှာပဲ အတူပူးပေါင်း၍ MARVEL Super War ဆိုတဲ့ ( free to play ) MOBA Mobile Game ရဲ့ တရားဝင် Beta version ကို အိန္ဒိယ နဲ့ အရှေ့အာရှ နိုင်ငံတစ်ချို့မှာ မိတ်ဆက်ပေးလိုက်ပြီးဖြစ်ပြီး Android နဲ့ IOS နှစ်မျိုးလုံး ထွက်ရှိမှာဖြစ်ပါတယ်။ NetEase ဆိုတာကတော့ နာမည်ကျော် Rules Of Survival အပြင် Cyber Hunter ၊ Identity V ၊ AfterLife နဲ့ MOBA ဂိမ်းတစ်ခုဖြစ်တဲ့ Onmyoji Arena တို့ကို ဖန်တီးခဲ့တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။

MARVEL Super War မှာဆိုရင်တော့ Marvel Universe ထဲမှာရှိတဲ့ Super Heroes တွေ နဲ့ Super Villains တွေကြားတစ်ဖက်နဲ့တဖက် အပြန်အလှန် တိုက်ခိုက်ကြရမှာဖြစ်ပြီး Avengers တွေအပြင် Marvel က ပိုင်ဆိုင်တဲ့ X-Men ဇတ်ကောင်တွေနဲ့ Guardians Of The Galaxy ၊ Spider-man နဲ့အခြား ကိုယ်ကြိုက်နှစ်သက်ရာ ဇာတ်ကောင်တွေကို ရွေးချယ်ပြီး ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

အခြား MOBAs Mobile Game တွေထက်စာရင် ဒီ MARVEL Super War မှာ ကောင်းမွန်တဲ့ Team Fight တွေနဲ့ မျှတတဲ့ Gameplay ကို ပြုလုပ်ထားတယ်လို့ဆိုပြီး ဇတ်ကားထဲမှာ နာမည်ကြီးပြီး ပါဝါပိုကြီးတဲ့ အကောင်တွေ အနေနဲ့ ဒီဂိမ်းထဲမှာတော့ အခြား ဇာတ်ကောင်တွေ နဲ့ တန်းတူပါဝါရှိတယ်လို့ ဆိုပါတယ်။ ဒါအပြင် ပြီးပြည့်စုံတဲ့ Balance ညီတဲ့ Buff System တာကြောင့် ကစားသူရဲ့ စကေး နဲ့ စွမ်းဆောင်ရည်ကြိုးစားမှုပေါ် မူတည်ပြီး Reputation နဲ့ Achievements တွေပိုမိုရရှိမယ်လို့ဖော်ပြထားပါတယ်။

ဂိမ်းရဲ့ အဓိကအချက်ဖြစ်တဲ့ Marvel ဇာတ်ကောင်တစ်ကောင်ချင်းစီမှာ ကိုယ်ပိုင်ကောင်းမွန်တဲ့ Abilities တွေကို ဖန်တီးပေးထားပြီး ပိုမို Deep ဖြစ်ပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Gameplay ကို Smoothly ဆော့ကစားနိုင်မှာဖြစ်ပြီး ကောင်းမွန်တဲ့ Team Fight တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Players တွေအနေနဲ့ Deadpool လို အနီးခုတ်၊ အဝေးပစ် နှစ်မျိုးလုံးရရှိတဲ့ Hero တွေအပြင် Black Panther လို အရှိန်နဲ့ပြေးဝင်ခုတ်ပြီး အဆုံးသတ်ပေးနိုင်တဲ့ Hero မျိုးတွေကိုလည်း ရွေးချယ်ကစားနိုင်မှာဖြစ်ပါတယ်။

MOBA ဂိမ်းတွေမှာ အရေးကြီးဆုံးက Teamwork ဖြစ်တာကြောင့် ဒီ MARVEL Super War မှာလည်း Teamwork က အရေးကြီးဆုံးဖြစ်ပါလိမ့်မယ်။ Players တွေအနေနဲ့ မိမိကြိုက်နှစ်သက်ရာ Super Hero တွေကို ရွေးချယ်ရာမှာ ထူးခြားတဲ့ အတွဲအဖက်လေးတွေကို ရွေးချယ်သင့်ပြီး ဥပမာ Vision နဲ့ Scarlet Witch ၊ ချမ်းသာပြီး ပါဝါမြင့်တဲ့သူတွေအဖြစ် Iron Man နဲ့ Black Panther / Captain America ၊ Captain Marvel / Loki နဲ့ Thor ၊ Professor X / Cyclops နဲ့ Magneto စတဲ့ အတွက်အဖက်တွေနဲ့ ဆော့ကစားနိုင်ပါလိမ့်မယ်။

လက်ရှိအချိန်မှာတော့ MARVEL Super War ကို Android ရော IOS မှာပါ ကစားနိုင်မှာဖြစ်ပြီး Beta test ကိုတော့ ထိုင်း ၊ မလေးရှား ၊ အင်ဒိုနီရှား ၊ ဖိလစ်ပိုင် နဲ့ အိန္ဒိယနိုင်ငံတို့မှာ ရရှိနေပါတယ်။ အခုအချိန်မှာတော့ Closed Beta အနေနဲ့သာရှိနေသေးတာဖြစ်ပြီး Official Version ထွက်လာရင်တော့ မြန်မာမှာ ဆော့လို့ရဖို့များနေပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ Beta ရရှိတဲ့ စာရင်းထဲမှာတော့မပါဝင်ပေးမဲ့ Proxy ကျော်ပြီး စမ်း Down ကြည့်ပါ။ ကျွန်တော် ကတော့ မစမ်းကြည့်ရသေးပါဘူး :P ။ Proxy ကျော်ကတော့ ကျွန်တော် အနေနဲ့ Psiphon Pro ဆိုတဲ့ App လေးကို ညွှန်းပရစေ။ ကဲ အားလုံးပဲ Marvel Universe ကြီးထဲမှာ ကံကောင်းကြပါစေဗျ။

အောက်မှာတော့ Down Link ပေးထားပါတယ်။

DOWNLOAD IT NOW

www.MARVELSuperWar.com

Ref: AFP

Photo credit: internet