fbpx

This is digital planet.

PocophoneTech NewsXiaomi

Night Mode နဲ႕ 960fps Support ပါဝင္လာတဲ့ Poco F1 အတြက္ Update ထြက္ရွိလာ

[Zawgyi]

ေနာက္ဆံုးမွာေတာ့ ကာလတစ္ခုၾကာေစာင့္ဆိုင္းခဲ့ရတဲ့ Affordable High End ဖုန္းတစ္လံုးျဖစ္တဲ့ Xiaomi ရဲ႕ Sub-brand Pocophone F1 အတြက္ MIUI 10 Stable Update အသစ္ထြက္ရွိလာခဲ့ပါတယ္။ အဆိုပါ Update ရဲ႕ Version Number ကေတာ့ v10.2.2.0 ျဖစ္ၿပီး Update အသစ္မွာ ကင္မရာပိုင္းအတြက္ အဓိကအေရးပါတဲ့ လုပ္ေဆာင္ခ်က္ ႏွစ္ခုကိုစတင္ ေထာက္ပံ့ေပးလာခဲ့ပါျပီ။

 

 

ပထမ Feature ကေတာ့ 960 fps Super Slow Motion Mode ျဖစ္ျပီး ပိုမိုေကာင္းမြန္တဲ့ Slow Mo Video ေတြကို ႐ိုက္ကူးႏိုင္ေတာ့မွာပါ။ ဒုတိယ Feature ျဖစ္တဲ့ Night Mode ကေတာ့ Low Light မွာ Digital Noise ေတြကိုသိသိသာသာေလ်ာ့ခ်ေပးၿပီး ဓာတ္ပံု႐ွစ္ပံုအထိ Image Stacking နဲ႔အတူ ပိုေကာင္းတဲ့ Low Light Photo ေတြကို ႐ိုက္ကူးႏိုင္ေတာ့မွာပါ။ Xiaomi အေနနဲ႔ Night Mode Feature ကို Pocophone F1 မွာ အရင္က တစ္ခါမွေတာ့ စမ္းသပ္အသံုးမျပဳရေသးတာေၾကာင့္ ဒီ Night Mode အေနနဲ႕ Image Quality ကို ဘယ္ေလာက္ထိ ေကာင္းမြန္ေစႏိုင္မလဲဆိုတာကေတာ့ စိတ္ဝင္စားစရာဖို႔ ေကာင္းေနပါတယ္။

အဆိုပါ Stable Update နဲ႕အတူ December လအတြက္ Security Patch လည္းပါဝင္လာခဲ့ပါတယ္။ Xiaomi အေနနဲ႕ အရင္က 60fps 4K video recording ကိုလည္းထည့္သြင္းေပးမယ္လို႕အရိပ္အႁမြက္ေျပာၾကားခဲ့ေပးမယ့္ ယခု Update မွာေတာ့ ပါဝင္လာခဲ့ျခင္းမရွိတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ေနာက္ထပ္ Stable Update ကေတာ့ February လပိုင္းေလာက္မွာထြက္ရွိမယ္လို႕ယူဆရၿပီး အဲဒီအခါမွပဲ 4K Video Recording ပါဝင္လာဖြယ္ရွိပါတယ္။ ဒီ Update ရဲ႕ Size ကေတာ့ 311 MB ရွိတယ္လို႕သိရပါၿပီး OTA ထြက္ရွိလာတာျဖစ္တဲ့အတြက္ Pocophone F1 အသံုးျပဳသူေတြ အေနနဲ႕ မိမိဖုန္း Setting ကေနတဆင့္ တိုက္ရိုက္ျမႇင့္တင္ႏိုင္မွာပါ။

[Unicode]

နောက်ဆုံးမှာတော့ ကာလတစ်ခုကြာစောင့်ဆိုင်းခဲ့ရတဲ့ Affordable High End ဖုန်းတစ်လုံးဖြစ်တဲ့ Xiaomi ရဲ့ Sub-brand Pocophone F1 အတွက် MIUI 10 Stable Update အသစ်ထွက်ရှိလာခဲ့ပါတယ်။ အဆိုပါ Update ရဲ့ Version Number ကတော့ v10.2.2.0 ဖြစ်ပြီး Update အသစ်မှာ ကင်မရာပိုင်းအတွက် အဓိကအရေးပါတဲ့ လုပ်ဆောင်ချက် နှစ်ခုကိုစတင် ထောက်ပံ့ပေးလာခဲ့ပါပြီ။

 

 

ပထမ Feature ကတော့ 960 fps Super Slow Motion Mode ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ Slow Mo Video တွေကို ရိုက်ကူးနိုင်တော့မှာပါ။ ဒုတိယ Feature ဖြစ်တဲ့ Night Mode ကတော့ Low Light မှာ Digital Noise တွေကိုသိသိသာသာလျော့ချပေးပြီး ဓာတ်ပုံရှစ်ပုံအထိ Image Stacking နဲ့အတူ ပိုကောင်းတဲ့ Low Light Photo တွေကို ရိုက်ကူးနိုင်တော့မှာပါ။ Xiaomi အနေနဲ့ Night Mode Feature ကို Pocophone F1 မှာ အရင်က တစ်ခါမှတော့ စမ်းသပ်အသုံးမပြုရသေးတာကြောင့် ဒီ Night Mode အနေနဲ့ Image Quality ကို ဘယ်လောက်ထိ ကောင်းမွန်စေနိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာဖို့ ကောင်းနေပါတယ်။

အဆိုပါ Stable Update နဲ့အတူ December လအတွက် Security Patch လည်းပါဝင်လာခဲ့ပါတယ်။ Xiaomi အနေနဲ့ အရင်က 60fps 4K video recording ကိုလည်းထည့်သွင်းပေးမယ်လို့အရိပ်အမြွက်ပြောကြားခဲ့ပေးမယ့် ယခု Update မှာတော့ ပါဝင်လာခဲ့ခြင်းမရှိတာကို မြင်တွေ့ခဲ့ရပါတယ်။

နောက်ထပ် Stable Update ကတော့ February လပိုင်းလောက်မှာထွက်ရှိမယ်လို့ယူဆရပြီး အဲဒီအခါမှပဲ 4K Video Recording ပါဝင်လာဖွယ်ရှိပါတယ်။ ဒီ Update ရဲ့ Size ကတော့ 311 MB ရှိတယ်လို့သိရပါပြီး OTA ထွက်ရှိလာတာဖြစ်တဲ့အတွက် Pocophone F1 အသုံးပြုသူတွေ အနေနဲ့ မိမိဖုန်း Setting ကနေတဆင့် တိုက်ရိုက်မြှင့်တင်နိုင်မှာပါ။

Source

Leave a Reply

Your email address will not be published.