fbpx

This is digital planet.

NokiaTech NewsXiaomi

Nokia ရဲ့ လမ်းစဉ်ကို လိုက်တော့မှာလား Xiaomi?

ပြီးခဲ့တဲ့ရက်အနည်းငယ်က Nokia ရဲ့ Camera ၅ လုံးနောက်ကွယ်က ကူညီပံ့ပိုးသူဖြစ်တဲ့ Light အနေနဲ့ Xiaomi နဲ့ပူးပေါင်းပြီး Camera အလုံးရေများများကို တပြိုင်နက်အသုံးပြုနိုင်မယ့် Smartphone တွေဖန်တီးထုတ်လုပ်တော့မယ့်အကြောင်း ကြေငြာသွားခဲ့တယ်။ ဒီ Company နှစ်ခုအနေနဲ့ သူတို့ရဲ့ပူးပေါင်းမှုကနေ DSLR-level နီးနီးရှိတဲ့ Camera စွမ်းဆောင်မှုမျိုးကို ပေးစွမ်းနိုင်အောင်ကြိုးစားသွားမယ်လို့ ကတိပေးသွားခဲ့ပါတယ်။

Lens 16 ခုပါဝင်တဲ့ Camera ကို ဖန်တီးခဲ့သူအဖြစ်လူသိများတဲ့ Light ဟာ သူတို့ဖန်တီးထားတဲ့ ကိုယ်ပိုင် Chip နဲ့အတူ 6 လုံး၊ 12 လုံး၊ 18 လုံး စတဲ့ Camera အရေအတွက်ကို ပူးတွဲအလုပ်လုပ်နိုင်တဲ့အထိ ခရီးပေါက်နှင့်ပြီးဖြစ်တဲ့ Company တစ်ခုပါ။ ဒါပေမယ့် Smartphone တွေရဲ့ အရွယ်အစားကန့်သတ်ချက်ကြောင့် Xiaomi နဲ့ပူးတွဲဖန်တီးမယ့် Camera Module ဟာ Nokia 9 PureView မှာလို Camera 6 လုံးထိပဲ အများဆုံးပါလာနိုင်ခြေရှိနေပါတယ်။


Light ကနေဖန်တီးထားတဲ့ ASIC chip ဟာ Module မှာပါတဲ့ Camera တစ်လုံးစီရဲ့ Exposure, White Balance နဲ့ Focus Level စတာတွေကို တွက်ချက်ပေးနိုင်ပြီး တစ်ပြိုင်နက် အလုပ်လုပ်စေနိုင်မှာပါ။ ဒါ့အပြင် ရိုက်ပူးပြီးရလာတဲ့ပုံတွေကို Megapixel Data များများပါတဲ့ RAW Format နဲ့ပုံတစ်ပုံဖြစ်အောင် ဖန်တီးပေးပြီး Lightroom လို Software မျိုးတွေမှာ စိတ်ကြိုက်ပြင်ဆင်နိုင်အောင် ဖန်တီးပေးပါလိမ့်မယ်။

Light နဲ့ Xiaomi ရဲ့အဆိုအရ သူတို့ရဲ့ပူးပေါင်းမှုဟာ ဖုန်းတစ်လုံးစာအတွက်မဟုတ်ပဲ အနာဂတ် Xiaomi Smartphone တွေမှာပါ Camera နည်းပညာအဆင့်မြှင့်တင်နိုင်ဖို့ထိ ဦးတည်ရည်ရွယ်နေပါတယ်။ ဆိုတော့ကာ သိပ်မဝေးတော့တဲ့ကာလမှာ ဒီ Company နှစ်ခုရဲ့ပူးပေါင်းမှုဟာ Camera ပိုင်းကို ဘယ်လောက်ထိအဆင့်မြှင့်တင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။ Redmi ကို P2P Sub-brand အဖြစ်ခွဲထုတ်ထားတဲ့ Xiaomi အနေနဲ့ Light နဲ့ပူးပေါင်းမှုဟာ Flagship Level ကို တက်လှမ်းမယ့် နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

Ref: anandtech