fbpx

This is digital planet.

HuaweiNewsSamsung

Samsung Galaxy Note 10+ နဲ့ Huawei P30 Pro ကြားက မတူညီသော ဆင်တူမှု

Samsung Note 10+ ကို မိတ်ဆက်ပေးပြီးတဲ့နောက် Design အရကော Camera Setup ကပါ ဆင်တူနေတဲ့ Huawei P30 Pro နဲ့ နှိုင်းယှဉ်ဖို့အချိန်ရောက်လာပါပြီ။ လက်ရှိအချိန်မှာ Smartphone Market အရကော ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ Samsung နဲ့ Huawei ရဲ့ ပြိုင်ဆိုင်မှုကလည်း အတော်လေး ပြင်းထန်လာတယ်လို့ပြောရမှာပါ။

ဒီ Content လေးက Comparison ဆိုတာထက် ဆင်တူနေတဲ့ မတူညီသော Brand ၂ ခုကြားက ကွဲပြားမှု ပါ။ ဘာလို့ Huawei နဲ့ Samsung ကိုယှဉ်တာလဲ?? iPhone နဲ့ကော??

ယှဉ်ရတဲ့အချက်တွေကတော့ – Smartphone Market မှာ ထိပ်ဆုံး ထက်အောက်ရှိနေတာရယ်၊ Company ၂ ခုလုံးက ကိုယ်ပိုင် SoC ထုတ်လုပ်နိုင်တာရယ်၊ Base OS Platform သုံးတာချင်း တူနေတာရယ်၊ Camera နည်းပညာတွေမှာ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတာရယ်ကြောင့် ဒီဖုန်း ၂ လုံးကို ယှဉ်တာဖြစ်ပါတယ်… iPhone နဲ့ မယှဉ်ရတဲ့အကြောင်းရင်းက ရှင်းပါတယ်။ OS လည်းမတူသလို လျှောက်နေတဲ့ လမ်းလည်း မတူလို့ မယှဉ်တာပါ။ ဆိုတော့ ဘယ်ဖုန်း ဘာညာ ဘယ်လိုရှိမလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်…

(Spoiler : အောက်ပါရေးထားသော အချက်များမှာ Huawei P30 Pro အကြောင်းထက် အသစ်ထွက်ထားတဲ့ Note 10+ အကြောင်းက ပိုများနေလိမ့်မည်)

Image result for note 10 + vs p30 pro

Quad Rear Camera

အခုနောက်ပိုင်း Smartphone တွေမှာ Camera ကို အဓိကထားပြီး ဈေးကွားမှာ ပစ်မှတ်ထားပြီး ရောင်းချလာကြပါတယ်။ အခု P30 Pro နဲ့ Note 10+ နှစ်ခုစလုံးမှာ Quad camera, Set up ကို မတူညီတဲ့ Specifications နဲ့ အသုံးပြုထားပါတယ်။ Huawei ဟာ Legendary German camera brand တစ်ခုဖြစ်တဲ့ Leica နဲ့ပူးပေါင်းပြီး 40+20+8MP cameras ကိုထုတ်လာပါတယ်။ TOF sensor ကိုတော့ depth-of-field effect ကိုပိုတိုးလာအောင် အသုံးပြုထားပါတယ်။ Samsung ဟာလည်း Huawei လိုပဲ Note 10+ မှာ TOF Sensor ပေါင်းထားတဲ့ 12+12+16MP Camera Set up ကိုအသုံးပြုလာပါတယ်။ Camera မှာ Note 10+ က ကျွန်တော်တို့ မျှော်လင့်ထားတဲ့ Flagship Phone လိုမဟုတ်ပဲ ခံစားရတယ်။

Image result for note 10 +

ပြောချင်တာက Camera နည်းပညာ တိုးတတ်ကောင်းတိုးတတ်လာလိမ့်မယ် Camera မှာ ဆန်းသစ်ပြောင်းလဲခြင်းမရှိလာတဲ့အတွက် P30 Pro နဲ့ယှဉ်ရင် နည်းနည်းတော့ စိတ်ပျက်ဖို့တော့ကောင်းနေပါတယ်။ Photo, Video Quality ကိုပြောတာမဟုတ်ပါဘူး Camera နည်းပညာကို ပြောတာပါ။ အရင်ဖုန်းတွေမှာလိုပဲ Main Camera က 12MP ပဲအသုံးပြုထားပြီး TOF Sensor နဲ့ Night Mode Features ကိုပဲ အသစ်အနေနဲ့ ထည့်ပေးထားတဲ့အတွက် Huawei P30 Pro ရဲ့ 50X Zoom နဲ့ Super low-light feature ကို ယှဉ်ကြည့်လိုက်ရင် နောက်ကျနေတယ်လို့ ဆိုရမှာပါ။ Video Recording ပိုင်းမှာ Note 10 က ရိုက်နေတုန်းက Ultra ကော Tele ကောပါ တွဲသုံးပြီး ရိုက်ကူးနိုင်တာ မိုက်တယ်လို့ပြောလို့ ရပေမဲ့ ဒါက P30 Pro မှာ ရပြီးသား Feature တစ်ခုနဲ့ ဆင်တူနေပါတယ်။ ကျွန်တော် အတွက်တော့ နည်းနည်း နောက်ကောက်ကျနေသလိုခံစားရတယ်… အရင် Model ထက်တော့ သေချာပေါက်တိုးတတ်လာပါတယ်။

Image result for note 10 + vs p30 pro

Selfie Camera

ဒီမှာတော့ ဖုန်းနှစ်လုံးစလုံးမှာ Camera တစ်လုံးပဲပါဝင်ပါတယ်။ P30 Pro မှာ 32MP နဲ့ Note 10+ မှာ 10MP ကိုပဲအသုံးပြုလာပါတယ်။ Specs အရဆို Huawei မှာ ပိုများတဲ့ MP ကိုသုံးထားပါတယ်။ ဒါပေမယ့် MP အများအနည်း နဲ့ ယှဉ်လို့အမရနိုင်ပါဘူး။ Samsung ဟာ 10MP ကိုသုံးထားတဲ့ပြင် Camera Aperture မှာ f1.9 ကနေ f2.2 ကိုပြောင်းသွားတာ ကြောင်တောင်တောင်နိုင်နေပါတယ်။ ကျွန်တော်ဆိုလိုတာက S10+ မှာတော့ Camera Theory အရ ပိုကောင်းတယ်လို့ ပြောလို့ရတဲ့ ပိုကျယ်တဲ့ Aperture ပါပါတယ်။ Note 10+ မှာတော့ ပိုကျယ်နေတဲ့ Aperture ကိုကျဉ်းလိုက်တာပါ။ Overexposed ဖြစ်တာတွေ၊ Lighting Burn တွေကို ထိန်းချင်လို့ ကျဉ်းလိုက်တာလား မပြောတတ်ပေမဲ့ နည်းနည်းတော့ စားတဲ့ လုပ်ရပ်ပါ။

Image result for note 10 +

Battery and Charging

Specifications တွေအရ Note10+ မှာ P30 Pro ရဲ့ 4200 mAh ကို ပြိုင်မယ့် 4300mAh ကိုသုံးလာပါတယ်။ P30 Pro ရဲ့ 40W Huawei SuperCharge ကိုယှဉ်မယ့် ပိုများတဲ့ Voltage fast-charge capability 45W ကိုသုံးလာပါတယ်။ အရင်က Note 7 ရဲ့  Battery မကောင်းခဲ့တဲ့ အကြောင်းကို ခုထိစွဲမှတ်မနေတော့ရင် အခုမှာတော့ Note 10+ က ပိုကောင်းတဲ့ Option မှာရှိနေပါတယ် (စိတ်ချနေရပါပြီ ငိငိ)။ Note 7 ရဲ့ Battery မှာ Powerful ဖြစ်တဲ့ 3500 mAh ကိုအသုံးပြုခဲ့ပြီး အပူလွန်ကာ Brand အတွက် နာမည်ဆိုးရခဲ့ပါတယ်။ အဲ့လို့ဖြစ်ပြီး Note 8 အတွက် 3300 mAh ကိုပဲအသုံးပြုလာတော့ပါတယ်။ အခု ၂ နှစ်အကြာမှာ Samsung ဟာ သူတို့ရဲ့ Flagship ဖုန်းအတွက် 4300 mAh ကိုအသုံးပြုလာပါတယ်။ Samsung ရဲ့ 45W charger ကတော့ စိတ်ဝင်စားဖို့်ကောင်းတဲ့ တိုးတက်မှုလို့ဆိုရမှာပါ။ ဒါပေမယ့် Note 10+ ဝယ်ယူတဲ့သူတွေအတွက် ဘူးထဲမှာက 25W Charger ပဲပါဝင်လာမှာပါ။ 45W Charger ကို သက်သက်ဝယ်မှရမယ့် သဘောပါ။

Image result for note 10 + p30 pro

Design

အခု Samsung Note 10+ က တခြားဖုန်းနဲ့ တော်တော်လေးဆင်နေတယ်လို့သင်တို့အနေနဲ့ မထင်မိဘူးလား?

Ans: One would almost wonder if they are from the same brand if not for the word Samsung behind Note 10+

Steve Job တွေးခဲ့တာက အတုယူခြင်းက အလိုက်ဖက်ဆုံးဆိုတာကို Samsung အနေနဲ့သဘောတူခဲ့တယ်တယ် ထင်ပါတယ်။ :P Samsung အနေနဲ့ Color scheme တွေ Rear Camera Layout တွေကို Huawei P30 Series နဲ့ မတူညီအောင် ကြိုးစားခဲ့ပါတယ်။ :D

New Features?

Samsung Note 10+ မှာ 7nm chipset ကိုအသုံးပြုထားပါတယ်။ 7nm ဆိုတာ ကျွန်တော်တို့ နားယဉ်နေတဲ့တယ်လို့ဆိုရမှာပါ။ အကြောင်းက Huawei ဟာလည်း အဲ့ Technology ကို အရင်လတွေတုန်းကအသုံးပြုခဲ့လို့ပါ။ နောက်ဆုံးတော့ Samsung ဟာ သူတို့ရဲ့ Flagship Phone မှာ 3.5mm headphone jack ကိုဖြုတ်ပစ်လိုက်ပါပြီ။ မှော်ဆရာဖြစ်စေနိုင်သော S Pen ရဲ့ Air Gesture တွေက လိုချင်တပ်မက်ဖွယ်ရှိသော်လည်း သင်ဆိုရင်ကော အမြဲထိုင်သုံးနေမှာလား? သို့သော် မပါတာထက်စာရင် ပါတာကပိုကောင်းတယ်လို့ ပြောရမှာပါ။

Image result for note 10 + p30 pro

Price

P30 Pro နဲ့ Note 10+ နှစ်လုံးစလုံးက Flagship Phones တွေဖြစ်တဲ့အတွက် ဈေးက Premium ဈေးထင်ဟပ်နေပါတယ်။ P30 Pro ထွက်ထားတာ လအနည်းငယ် ကြာနေပြီဖြစ်တဲ့အတွက် အခုချိန်မှာ ပိုကောင်းတဲ့ Feeling ကိုရဖို့ ဈေးကွက်ထဲမှာ တစ်ခြားဖုန်းတွေရှိနေပါတယ်။ အဲ့ဒီအတွက် အသစ်ထွက်ထားတဲ့ Note 10+ ကရွေးချယ်စရာဖြကရွေးချယ်စရာဖြစ်လာမှာပါ။ ဒါပေမယ့် Mate 30 Pro ကလည်း မကြာခင်မှာ ထွက်ရှိတော့မှာဖြစ်တဲ့အတွက် နောက်ထပ်ယှဉ်ပြိုင်မှုတွေကတော့ Huawei နဲ့ Samsung ကြားမှာ များစွာ တွေ့ရလာတော့မှာပါ။ သင့်အနေနဲ့ကောဘယ်လိုမြင်လဲ?

သေချာ အသေးစိပ်ကို ယှဉ်ကြည့်မယ်ဆိုရင် ၂ လုံးစလုံးမှာ သူ့အားသာချက်သူ ကိုယ်စီရှိပါတယ်။ အခြားသောအချက်တွေက မယှဉ်ပြလည်း ဘယ်သူပိုသာနိုင်တယ်ဆိုတာ စာဖတ်သူတို့လည်း တွေးမိမှာပါ။

Image result for mate 30 pro

Photos: Internet

Related posts
NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်

HuaweiNews

Design အနည်းငယ်ပြောင်းလဲထားတဲ့ Huawei Mate X ရဲ့ပုံများထွက်ပေါ်လာ