fbpx

This is digital planet.

HuaweiSamsungTech News

Nova 5T vs Galaxy A70: Which phone can provide the most value?

ယနေ့ခေတ်မှာ Smartphone တွေက ပိုကောင်းလာပြီး ပိုရွေးချယ်စရာများလာတယ်။ နည်းပညာအသစ်အဆန်းတွေ ကောင်းမွန်တဲ့ Hardware တွေကို စျေးသက်သက်သာသာနဲ့ အသုံးပြုနိုင်တာက ပိုပြီးအဆင်ပြေလာပါတယ်။ Smartphone Company တွေကြားက အကြီးမားဆုံး Challenge ကလည်း တန်ဖိုးတစ်ခုမှာ ဘာတွေအကောင်းဆုံးပေးနိုင်မလဲဆိုတာဖြစ်လာပါတော့တယ်။ ဆိုတော့ ဒီဆောင်းပါးမှာ လက်ရှိကာလာတစ်ခုမှာ တန်ဖိုးအတူတူ Mid Range ဖုန်း ၂ ခုဖြစ်တဲ့ Huawei Nova 5T နဲ့ Samsung Galaxy A70 ကြားမှာ ဘယ်ဖုန်းက သင့်အတွက် အကောင်းဆုံးဖြစ်မလဲဆိုတာကို နူးညံစွာ Decision လေး ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

အရင်ဦးဆုံး စျေးနှုန်းကနေ စလိုက်ရအောင်…

ဒီဖုန်း ၂ လုံးစလုံးရဲ့ တန်ဖိုးကတော့ မြန်မာငွေ 599,000 ကျပ်ဖြစ်ပါတယ်။ Mid-Range စျေးအရ ဒီဖုန်း ၂ လုံးမှာ Samsung ရဲ့ Galaxy A70 က စျေးကွက်ထဲမှာ အရောင်းသွက်နေတယ်လို့ပြောရမှာပါ လက်ရှိအချိန်မှာ Out of Stock အနေအထားနဲ့ တည်ရှိနေပါတယ်။ Huawei Nova 5T ကတော့ Pre-Order ကာလပဲရှိပါသေးတယ်။ Sep 27 ထိ မှာယူတဲ့သူတွေကို Huawei Mini Speaker လေး လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ဖုန်း ၂ မျိုးကတော့ Mid-range စျေးကွက်ထဲမှာ Popular ဖြစ်နေတယ်လို့ပြောရမှာပါ။

Design and Build

Design အသွင်အပြင်အရ ဖုန်း ၂ ခုလုံးက မတူညီတဲ့ အသွင်အပြင်တွေရှိကြတယ်။ လှပသေသပ်မှုတွေနဲ့ Premium Look အနေအထားမှာရှိကြတယ်။ အရောင် ၃၊ ၄ ရောင်လောက်ကို စပ်ကြီး Gradient လေး ဖောက်ထားကြတယ်။ Gradient စပ်ထားပုံချင်းလည်း မတူဘူးပြောရမှာပါ Design အမြင်အရပြောရရင် Nova 5T Gradient Color က Saturation ပြင်းတဲ့ဘက်ကို သွားထားပြီး ကျရောက်တဲ့ အလင်းအပေါ်မူတည်ပြီး ပိုပြင်းတဲ့ Color တွေ ထွက်ပေါ်လာပါတယ် Galaxy A70 ကတော့ Deep နဲ့ Dark Body အစွန်းဘက်ကနေ အရောင်ဖျော့တဲ့ဘက် ငြိမ်တဲ့ဘက်ကို ပြေးထားပါတယ်။ Nova 5T မှာ ရွေးချယ်စရာ အရောင် သုံးမျိုးရှိတယ် Crush Blue, Black နဲ့ Midsummer Purple အဲ့ထဲက Midsummer Purple က ပိုပြီး ထူးခြားတဲ့ Design လို့ပြောရမှာပါ Huawei ရဲ့ nova Logo အသစ်ကို ပြောင်းနေတဲ့ Purple color ပေါ်မှာ ဖော်ကျူးပေးထားပါတယ်။

NOVA 5T

Galaxy A70 မှာတော့ အရောင် ၄ ရောင်ရှိပါတယ်။ Coral, Blue, Black နဲ့ White တိုပဲဖြစ်ပါတယ်။ Gradient Color တွေအရမ်း မပြေးပဲ ဖျော့ပြီး ငြိမ်တဲ့ဘက်မှာ ရိုးရိုးပုံစံတည်ရှိပါတယ်။ Nova 5T မှာ အငြိမ်ကိုင်ချင်တဲ့သူတွေက Crush Blue နဲ့ Black ကိုပိုရွေးတာကောင်းပါတယ်။ Design ပိုင်း Overall မှာ ဖြာထွက်နေတဲ့ Huawei က လူငယ်အကြိုက်များတဲ့ အနေအထားမှာတည်ရှိနေပါတယ်။ ပိုပြင်း ပိုလှပြီး LED Flash ကနေ ဖြာထွက်နေတဲ့ အလင်းတန်းတွေက ဆွဲဆောင်မှုရှိစေပါတယ်။ Huawei ကတော့ သူရဲ့ Design ကို Holographic 3D design လို့ နာမည်ပေးထားပါတယ်။

GALAXY A70

Build Quality ပိုင်းမှာဆိုရင် Galaxy A70 က ရှေ့ဘက်ခြမ်းကို Glass သုံးပေးထားပြီး ကျောဘက်ခြမ်းကိုတော့ Glasstic သုံးပေးထားပါတယ်။ Glasstic ဆိုတာ ဖန်မဟုတ်ပဲ Plastic ကို နာမည်လှအောင်ပေးထားတာပါ။ Huawei Nova 5T ကတော့ ရှေ့ကောနောက်ကော Glass ကိုအသုံးပြုပေးထားပါတယ်။ ခေတ်အနေအထားအရ Ceramic အပြင် Aluminum frame နဲ့ Glass ကို တွဲသုံးပေးထားတာက Premium ဆန်တယ်လို့ လက်ခံထားတဲ့အတွက် Galaxy A70 ရဲ့ Glasstic Panel က အနည်းငယ် နောက်ကျနေတယ်လို့ပြောရမှာပါ။ ဒါမဲ့ A70 ရဲ့ ရှေဘက်မှန်ကတော့ Gorilla Glass 3 အမျိုးအစားဖြစ်ပါတယ်။

Display

Display ပိုင်းမှာတော့ A70 က 6.7 inches ကျယ်ပြီး Nova 5T ကတော့ 6.25 inches ပဲကျယ်ပါတယ်။ ဖုန်း ၂ ခုစလုံးက Full HD Resolution ကိုသုံးပေးထားပြီး ppi Density အရ Nova 5T က မဆိုသလောက်လေးများပါတယ်။ Display Type မှာ Galaxy A70 က AMOLED အမျိုးအစားဖြစ်ပြီး Nova 5T ကတော့ ရိုးရိုး LCD panel ပဲဖြစ်ပါတယ်။ Color စိုပြေမှုနဲ့ အရောင်ပိုင်းမှာတော့ အားလုံးသိထားတဲ့အတိုင်း Galaxy A70 က ပိုကောင်းပါတယ်။ Galaxy A70 က Infinity U လို့အမည်ပေးထားတဲ့ Screen အလယ်မှာ Notch အသေးစားလေးနဲ့ Design ကို သုံးပေးထားပါတယ်။ Nova 5T ကတော့ အများနဲ့ကွဲထွက်နေတဲ့ Punch Hole အမျိုးအစားကို သုံးပေးထားပါတယ်။

Notch မကြိုက်တဲ့သူတွေအတွက် Nova 5T က ရွေးချယ်စရာဖြစ်ပြီး Screen ကြီးပြီး Color အရည်အသွေးစိုပြေတာကိုကြိုက်သူတွေအတွက် A70 က ရွေးချယ်စရာဖြစ်နေမှာပါ။

Camera

Camera Setup ပိုင်းမှာဆိုရင် ဖုန်း ၂ ခုစလုံး နည်းနည်းလေးကွဲလွဲပါတယ်။ အရင်ဆုံး Galaxy A70 ကိုပြောရအောင် Main Lens ကို 32MP f/1.7 PDAF ကိုသုံးပေးထားတယ် Ultrawide ကိုတော့ 8MP f/2.2 ပြီးတော့ 2MP Depth sensor ကိုအသီးသီးသုံးပေးထားတယ်။ Nova 5T မှာတော့ ဖုန်း Company တွေအသုံးများတဲ့ 48MP f/1.8(SONY Sensor) ကို Main Lens အနေနဲ့ သုံးပေးထားပါတယ်။ Ultrawide က 16MP နဲ့ 2MP Depth Sensor တို့ပါ၀င်ပါတယ်။ ပိုထူးခြားတာက Nova 5T မှာ 2MP Macro lens အပိုပါပါသေးတယ်။ ဒီ Macro lens ကတော့ Closet Shot တွေ အရာ၀တ္ထုသေးသေးလေးတွေကို အနီးကပ်ရိုက်တဲ့အခါ အသုံးပြုတာဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဓာတ်ပုံ Quality တွေ အခြေအနေဘယ်လိုရှိလည်း မစမ်းသပ်ရသေးပါဘူး။ YugaTech တို့ရေးသားချက်ကို ကိုးကားရမယ်ဆိုရင်တော့ Portrait Mode တွေ Blur Effect နဲ့ရိုက်တဲ့အခါမှာ Nova 5T ရဲ့ အရည်အသွေးက အရမ်းကြီး Artificial မဆန်ပဲ Natural Colors နဲ့ Details တွေကို ထိန်းထားနိုင်တယ်သိရပါတယ်။ Ultrawide ဘက်မှာဆိုရင် Galaxy A70 ကပိုကျယ်ပြီး Nova 5T Quality က ပိုကောင်းတယ်လို့သိရပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့အပိုင်းတွေမှာ Galaxy A70 ရဲ့ Quality က Over Distortion ဖြစ်နေလို့ပါတဲ့။ ဒါမဲ့ အချို့အပိုင်းတွေမှာ Galaxy A70 ရဲ့ရုပ်ထွက်ကလည်း မဆိုးဘူးလို့ပြောလို့ရပါတယ်။ ဖုန်း ၂ လုံးစလုံး လက်ထဲရောက်လာတဲ့အခါ စမ်းကြည့်ချင်မိတယ်။ ကျွန်တော် Personal အမြင်အရလည်း Nova 5T က ပိုကောင်းနိုင်တယ် အများကြီးလိုက်မတွေးရင်တောင် Image Processing ပိုင်းမှာဆိုရင် SoC အမြင့်သုံးထားတာက ပိုကောင်းတဲ့ ရုပ်ထွက်ကို ရရှိစေနိုင်ပါတယ်။

Camera Features တွေအရ Nova 5T မှာ Manual ရိုက်ကူးတဲ့အခါ ISO 102,400 ထိသုံးလို့ရတဲ့အတွက် Camera ကို Manual ရိုက်ကူးရတာ ကြိုက်တဲ့သူတွေအတွက် ပိုအသုံး၀င်ပါတယ်။ Macro Lens လေးပါတာကလည်း အပိုဆုလို့ပြောရမှာပါ။ Overall အရ ပိုကောင်းတဲ့ Specs တွေ Nova 5T ရှိနေပါတယ်။

Selfie ပိုင်းမှာတော့ ဖုန်း ၂ စလုံး 32MP f/2.0 ကိုသုံးပေးထားပါတယ်။ ဘယ်လောက်ပဲ Hardware တူနေပါစေ ခုနက ကျွန်တော်ပြောခဲ့သလို SoC ပိုကောင်းတဲ့ ကောင်က Image Processing ပိုင်းမှာ ပိုအားချက်ရှိနိုင်ပါတယ်။ Video ပိုင်းမှာတော့ Nova 5T က Front ကော Back ကော EIS ပါ၀င်တဲ့အတွက် Hand Holding ပိုင်းမှာ အနည်းငယ်ငြိမ်သက်စွာရိုက်ကူးနိုင်ပါတယ်။ ဖုန်း ၂ ခုစလုံးကတော့ 4K Recording ပြုလုပ်နိုင်ပါတယ်။

Hardware Performance

ဒီနေရာမှာ တော့ အားလုံးလဲ သိပြီးသားနေမှာပါ Nova 5T က အပြတ်အသတ် သာတယ်လို့ပြောရမှာပါ။ ဘာလို့လဲတော့ သူမှာ သုံးထားတဲ့ SoC က Huawei P30 Series မှာသုံးထားတဲ့ Flagship SoC ပဲဖြစ်ပါတယ်။ Kirin 980 (7nm) ဖြစ်လို့ Image Processing ပိုင်း GPU ပိုင်း Performance ပိုင်းတွေမှာ အားသာချက်ရှိပါတယ်။ RAM နဲ့ Storage ပိုင်းမှာဆိုရင် Nova 5T က RAM 8GB နဲ့ 128GB Storage ပါ၀င်ပါတယ်။ Galaxy A70 မှာ Qualcomm ရဲ့ Entry Level Mid-Range SoC ဖြစ်တဲ့ Snapdragon 675 ကိုသုံးပေးထားပါတယ်။ RAM နဲ့ Storage ပိုင်းမှာဆိုရင် Basic Version မှာ 6GB နဲ့ 128GB ကစပါ၀င်မှာ ဖြစ်ပါတယ်။ Benchmark ပိုင်းမှာ Nova 5T က Performance Scores ၂ ဆနီးပါ ကွာနေပြီး သာနေတာကိုတွေ့ရမှာပါ။

Battery

Battery ပိုင်းမှာ A70 က သာတယ်လို့ပြောလို့ရတယ်။ Battery Capacity 4500 mAh ထိပါ၀င်ပြီး Nova 5T ကတော့ 3750 mAh ပဲပါ၀င်ပါတယ်။ ဖုန်း ၂ ခုစလုံး Fast Charging ပါ၀င်ပါတယ်။ A70 က 25W fast charging ဖြစ်ပြီး Nova 5T ကတော့ 22.5W ပဲဖြစ်ပါတယ်။ Charging ပိုင်းမှာ A70 က အနည်းငယ်ပိုမြန်နိုင်ပါတယ်။ Battery Capacity ကလည်း ပိုများတဲ့အတွက် ကြာချိန်မှာ အတူတူလောက် ဖြစ်သွားမယ်ထင်ပါတယ်။ အားခံမှုမှာတော့ A70 ကပိုသာနိုင်ပါတယ်။

Security

Security features အရ Galaxy A70 က နည်းပညာအသစ် လူတွေကို wow ဖြစ်စေတဲ့ In-display fingerprint ကို ထည့်သွင်းပေးထားပါတယ်။ Nova 5T မှာတော့ အရင်လို ကျောဘက်မှာတည်ရှိတဲ့ Fingerprint Scanner မဟုတ်တော့ပဲ Power Button မှာ တွဲပြီး Side Mounted Fingerprint Scanner အဖြစ်အသုံးပြုပေးထားပါတယ်။ Unlock Speed မှာတော့ Optical ထက် Hardware Scanner ကပိုမြန်တာကို သိကြမယ်ထင်ပါတယ်။

Our Thoughts

Mid-Range ဖုန်းတွေမှာ အဓီက အားပြိုင်မှုက Flagship တွေနဲ့ အနည်းငယ်ကွာခြားတယ်လို့ပြောရမယ်။ ပိုကောင်းတယ် Features အသစ်တွေပါတယ် ပိုမိုက်တယ် ဆိုပြီး Flagship ဖုန်းတွေလို စျေးတင်ပြီးရောင်းလိုမရပါဘူး။ အများတတ်နိုင်တဲ့ စျေး အနေအထားတစ်ခုမှာ အကောင်းဆုံး လုပ်ပြနိုင်မှာ Audience တွေ ပိုစိတ်၀င်စားမှာဖြစ်ပါတယ်။

ဒီဖုန်း ၂ လုံးမှာဆိုရင်လည်း စျေးနှုန်းက တူတဲ့အပြင်ကို ကိုယ်ပိုင်အားသာချက် တွေနဲ့ တည်ရှိနေသော်လည်း Nova 5T က Upper Mid-range အမျိုးအစားလို့ ပြောလို့ရတဲ့အထိ အချို့အပိုင်းတွေမှာ သာလွန်နေတာကိုတွေ့ရပါတယ်။

အကယ်လို့ သင်က Big and Vibrant AMOLED Display ပိုခံတဲ့ Battery Deep & Dark Simple Design ကို Cool ဖြစ်တဲ့ In-Display Fingerprint ကို မက်တယ်ဆိုရင်တော့ A70 က သင့်အတွက်ဖြစ်နေပြီး ပိုကောင်းတဲ့ Flagship Performance ပိုမိုက်တဲ့ Camera Quality ပိုလှတဲ့ Design နဲ့ ပိုတန်တဲ့ Product ကိုကြိုက်တယ်ဆိုရင်တော့ Nova 5T က သင့်အတွက်ပဲ ဖြစ်မှာပါ။