This is digital planet.

Tech News

ဂိမ်းမင်းဖုန်းတစ်လုံးအတွက် Cooling System ဆိုတာ ဘယ်လောက်ထိ အရေးပါလဲ? Red Magic 5s Cooling Highlight

ဂိမ်းမင်းစမတ်ဖုန်းတွေရဲ့ Ultimate Challenge က စွမ်းဆောင်ရည်နဲ့ Refresh Rate လို့ ဆိုသော်ငြား အထစ်ငေါ့မရှိ ဂိမ်းကစား အသုံးပြုနိုင်ဖို့ရာ စမတ်ဖုန်းရဲ့ Cooling System နဲ့ တိုက်ရိုက် သက်ဆိုင်တယ် ဆိုရာမှာပါ။

Mobile Device အများစုက Fanless Type (Passive Cooling) နဲ့တင် လုံလောက်တယ် ဆိုပေမယ့် Overclocked Processor ၊ Refresh Rate မြင့်တဲ့ Display Panel မျိုးအတွက်ကျ GPU စွမ်းအင်လည်း လိုလာတာပါ။

Why Cooling Matters?

ဒါကြောင့် Stress များလေ Voltage များများသုံးစွဲရလေ ၊ အပူပိုထွက်လေ ဆိုတဲ့ နိယာမ သဘောတရားကြောင့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်တွင်း မိုဘိုင်းဖုန်းတွေမှာလည်း Cooling System ပုံစံအသစ်နဲ့ မြင်တွေ့လာရတာပါ။

Razer Phone 2

Image: Razer

Red Magic ကို ခဏထားလိုက်ဦး၊ Pioneer လုပ်ခဲ့တဲ့ Razer Phone နဲ့ Galaxy Note 9 တို့မှာ Temperature Stress ဒဏ် လျော့နည်းစေမယ့် Copper Plate အစား Liquid Metal နဲ့ ဆင်တူတဲ့ Vapour Chamber Cooling နဲ့ ဖြေရှင်းခဲ့ကြပါတယ်။

Descendants

Vapour Chamber ပြောလိုက်တာနဲ့ သာမန် စမတ်ဖုန်း ၊ လက်တော့တွေထက် ပိုကြီးတဲ့ Cooling System ပါဝင်တယ်လို့ မှတ်ယူနိုင်ပြီး Copper Pipes တွေအပြင် အပူစုပ်ယူအားကောင်းတဲ့ Thermal Gel တို့ပါဝင်လေ့ရှိပါတယ်။

Samsung Galaxy Note9

Image: cNet

ယေဘူယျအားဖြင့် Passive Cooling ပုံစံမျိုးဟာ အပူစုပ်ယူအားနဲ့ စွန့်ထုတ်နိုင်စွမ်း ပိုမိုကောင်းမွန်တယ်ဆိုမယ့် Powerful ဖြစ်လာတဲ့ SoC ၊ Processor တွေကို အချိန်ကြာကြာ မထိန်းပေးနိုင်ပါဘူး။

Passive Cooling

ဒိအတွက် Fan Type ကို စဥ်းစားလာရပြီး အပူချိန်ကို အထိုက်လျောက် လျော့ပါးစေတဲ့ Active Cooling သုံးလာကြပါတယ်။ အခုလိုပုံစံမျိုးကို ASUS ROG ဂိမ်းမင်းဖုန်းနဲ့ မြင့်တွေ့ခဲ့ရပြီး 2.8GHz မြန်နှုန်းရှိ Snapdragon Processor ကို Overheat Thermal Throttling မဖြစ်စေတဲ့အထိ Temperature ကို ထိန်းပေးနိုင်ခဲ့ပါတယ်။

ASUS ROG Phone 2

Image: Pocket Lint

OEM အဆိုရ Active Aerodynamic System လို့ အဆိုပါ Cooling စနစ်ကို ရည်ညွန်းသလို နောက်ပိုင်း ဂိမ်းမင်းစမတ်ဖုန်း အများဟာ Vapour Chamber နဲ့ Active Cooling ပေါင်းစပ်ထားတဲ့ Device တွေအဖြစ် Thermal နဲ့ Performance ကို Control လုပ်လာခဲ့ပါတယ်။

ကျွန်တော်တို့ အနေနဲ့ 2020 ဒုတိယနှစ်ဝက်မှာ မြင်ရဖို့ရှိနေတာ ROG Phone 3 နဲ့ အခုပြောမယ့် Red Magic 5s ပါ။ ROG ဖုန်းကိုတော့ ဇူလိုင်လ (၂၂) ရက်နေ့မှာ မိတ်ဆက်တော့မှာ ဖြစ်သလို ဂိမ်းမင်းဖုန်း (၂) မျိုးစလုံးမှာ Overclock လုပ်ထားမယ့် Snapdragon 865+ Processor သုံးထားမှာပါ။

ICY Silver

ဥက္ကဌ Tease လုပ်လိုက်တဲ့ အနေထားအရ Cooling Setup အသစ်မှာ Thermal Conductive သတ္ထုတစ်မျိုးဖြစ်တဲ့ Silver အသုံးပြုထားမှာဖြစ်ပြီး ICE Ag လို့ ကင်ပွန်းတပ်ထားတာ တွေ့ရပါတယ်။

Red Magic 5s cooling Teaser

Image: GSMArena

Ag ဆိုတာက Silver ရဲ့ Chemical နာမည်ဖြစ်သလို Red Magic 5s ရဲ့ Cooling Pad အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။

Ice Silver နဲ့အတူ Cooperate လုပ်ထားတာက Vapor Chamber ဖြစ်ပြီး 4,843 Millimetre Square အရွယ်စားရှိ အပူစွန့်ထုတ်မယ့် Copper Foil (Copper ချပ်ကြီး) နဲ့ အေးမြမှုကို တာဝန်ယူစေမှာပါ။

Red Magic 5s

ဒါ့အပြင် အပူစီးကူးမှု အားကောင်းတဲ့ Vapor Chamber ကြေးပိုက်ကြီးကို စမတ်ဖုန်းရဲ့ Primary Component (Snapdragon Processor) နဲ့ ချိတ်ဆက်ထားစေပြီး အဆိုပါ Copper Pipe ကို High-performance Gel နဲ့ အပူစီးကူးမှုကို အားဖြည့်ပေးထားမှာပါ။

Red Magic 5G

Image: GSMArena

အခုလို Strong ဖြစ်နေတဲ့ Passive Cooling အပြင် 15,000 rpm (Revolution per Minute) ရှိတဲ့ Centrifugal Fan နဲ့ လေဝင်၊ လေထွက်အားကို တောင်၊ မြောက် စီးဆင်းမှု အနေထားနဲ့ ပေါင်းစပ်ထားတဲ့အတွက် Red Magic 5s ရဲ့ Cooling ဒီဇိုင်းက အထင်ကြီးစရာလို့ ပြောရမှာပါ။

Red Magic ဂိမ်းမင်းဖုန်းသစ်မှာ UFS 3.1 Storage နဲ့အတူ LPDDR5 RAM အသုံးပြုထားနိုင်ချေရှိပြီး Red Magic 5G နဲ့ဆင်တူဖြစ်တဲ့ 144Hz AMOLED Display နဲ့ ပွဲထွက်လာနိုင်ပါတယ်။

Source: GSMArena