This is digital planet.

NvidiaTech News

DirectX 12 Ultimate API ကို အထောက်ပံ့ပေးပြီဖြစ်တဲ့ Nvidia Graphics Driver

Microsoft အနေနဲ့ 2020 မေလအတွင်းမှာ ဖြန့်ချီခဲ့တဲ့ Windows 10 Update (2004) မှာ GPU (Graphics Processing Unit) Scheduling Feature ထည့်ပေးခဲ့ပါတယ်။

အဆိုပါ API (Application Program Interface) ဟာ အသစ်စက်စက် DirectX 12 Ultimate ကို ထောက်ပံ့တာဖြစ်ပြီး ယခုအခါ Driver Update နဲ့ Nvidia Support ပေးထားပါပြီ။

DirectX 12 GPUs

Image: Timeincuk

ဒါကြောင့်မလို့ RTX-series အပါ 16-series ၊ 10-series နဲ့ 9-series ၊ 8-series ကတ်တွေအပြင် MX 100 Series ၊ 200 Series နဲ့ 300 Series GPU တွေ DirectX12 Ultimate အသုံးပြုလာနိုင်မှာပါ။

DirectX 12 API

Microsoft အဆိုရ Ultimate အမျိုးစားဟာ Major Leap မဟုတ်ပေမယ့် Software ပိုင်းလုပ်ဆောင်ချက် ပိုကောင်းလာမှာ ဖြစ်ပါတယ်။

ဥပမာ Ultimate ရဲ့ Ray Tracing 1.1 မှာ GPU to CPU Ping မလိုတော့တဲ့အတွက် ဂိမ်း Optimization ပိုမိုကောင်းမွန်လာမယ်

Microsoft အနေနဲ့ Optimization Setting ကို ဘယ်လိုလုပ်ပေးထားလဲဆိုရင် မကြာခင် ထွက်ရှိလာမယ့် Xbox Series X နဲ့ Nvidia ၊ AMD GPU သစ်တွေကို Optimize ဖြစ်စေသလို GPU အဟောင်းတွေနဲ့ Xbox Hardware တွေကိုပါ လက်လှမ်းမီသလောက် Support ပေးထားတယ် ဆိုပါတယ်။

ဒါကြောင့် ဂိမ်းတစ်ဂိမ်းဝယ်လိုက်လို့ DX12 Ultimate Logo (သို့) Xbox Series X ပါရင် Next Generation Graphics Hardware လုပ်ဆောင်ချက်တွေကို ထောက်ပံ့တယ်လို့ မှတ်ယူနိုင်ပါတယ်။

Game Optimization Features

အဆိုပါ Feature တွေမှာ DirectX Ray Tracing ၊ Variable Rate Shading ၊ Mesh Shaders နဲ့ Sampler Feedback တို့ ပါဝင်မှာပါ။

ဒီတော့ သုံးစွဲသူတွေ အနေနဲ့ မှတ်ယူနိုင်တာ DirectX 12 Ultimate ဟာ Graphics Quality ထပ်တိုးပေးလိုက်တယ် ဆိုတာထက် Developers တွေကို Xbox Series X (သို့) PlayStation 5 Consoles တွက်ဖြစ်စေ ၊ Nvidia (သို့) AMD GPU တွေအတွက် Ray Tracing (သို့) Variable Rate Shading Tools ပေးအပ်လိုက်တဲ့ သဘောပါ။

Nvidia Control Panel

ဇဝေဇဝါ ဖြစ်သွားနိုင်ပေမယ့် ဆိုလိုတာ DX12 Ultimate အသုံးပြုထားတဲ့ဂိမ်းဟာ Consoles (သို့) Nvidia ၊ AMD GPU သုံးထားတဲ့ System အလိုက် Optimize လုပ်ပေးနိုင်တာကို ပြောချင်တာပါ။

လက်ရှိအချိန်မှာတော့ Microsoft နဲ့ အနီးကပ် အလုပ်လုပ်နေတဲ့ AMD အနေနဲ့ GPU အသစ်တွေကိုပဲ DX12 Ultimate ထောက်ပံ့မယ်လို့ သိရပါတယ်။

DX12 Ultimate Support

အကြောင်းပြချက်က Xbox Series X နဲ့ PlayStation 5 တို့မှာ အသုံးပြုထားတဲ့ RDNA GPU နဲ့ သက်ဆိုင်သလို Ultimate API ကို မျိုးဆက်သစ် GPU မှာပဲ ထည့်ချင်ပုံ ရပါတယ်။ Nvidia ကတော့ Maxwell Class 800 Series အထိပါ ထောက်ပံ့ထားသလို GeForce Driver Version 451.48 (WHQL) မှာ DX12 Ultimate သုံးနိုင်ပါပြီ။

အဆိုပါ Driver ကို GeForce Experience ကဖြစ်စေ Nvidia Site မှာ Manually Download ဆွဲနိုင်သလို Installation ပြီးသွားရင် API Run ဖို့ Windows Setting မှာ ပြောင်းဖို့လိုပါမယ်။

ဒိအတွက် Display Setting ထဲသွား Graphics Setting မှာ Hardware-accelerated GPU Scheduling ကို ဖွင့်ပေးလိုက်ရုံပါ။ (ဒီအဆင့်မှာ Restart ချဖို့လိုပါမယ်)

အခုလို Driver Support ပေးလိုက်တဲ့အပြင် One-click Optimization Setting (OPS) Support ရလာမယ့် ဂိမ်း ၁၂ မျိုးကိုလည်း ကြေညာပေးထားပါတယ်။ အဆိုပါ ဂိမ်းတွေက

Age of Empires III: Complete Collection ၊ Command & Conquer Remaster Collection ၊ Deadside ၊ Gear Tactics ၊ Mafia II: Definitive Edition ၊ Monster Train ၊ ONE PIECE: Pirate Warriors 4 ၊ Outer Wilds ၊ Roblox ၊ Shop Titans ၊ Streets of Rage 4 နဲ့ Total Tank Simulator တို့ပဲ ဖြစ်ပါတယ်။

စာဖတ်သူတွေ သိထားသင့်တဲ့အချက်က အခု Driver Update မှာ “Simultaneous Recording နဲ့ Gameplay Broadcasting” Support မရဘူးဆိုတဲ့အတွက်ကြောင့် လိုအပ်မှ အသုံးပြုရမယ့် သဘောရှိနေပါတယ်။ သို့ပေမယ့် Future Update မှာ ပြင်ပေးသွားမယ် ဆိုထားသလို DX12 Ultimate သုံးချင်ရင် ဒီ Link မှာ လေ့လာနိုင်ပါတယ်။

Source: The VergeNotebookcheck