This is digital planet.

NvidiaTech News

ARM ကို $32 Billion မက တန်ကြေးနဲ့ ဝယ်ယူဖို့ ဆွေးနွေးနေတဲ့ Nvidia

နည်းပညာ ကုမ္ပဏီကြီးတွေ တစ်ယောက်နဲ့ တစ်ယောက် ယှဥ်ပြိုင်ကြတာ ဖွံ့ဖြိုးမှုတွက် အရေးပါသလို တဖက်မှာလည်း အသစ် ၊ အသစ်သော ထုတ်ကုန်သစ်တွေ မြင်ရစေတာပါ။ အထူးသဖြင့် သူ့ထက်ငါသာအောင် စွမ်းဆောင်နိုင်ရမယ် စိတ်ဓာတ်နဲ့ တဟုန်ထိုး တိုးတက်လာခဲ့တာ စာဖတ်သူတွေ အသိဖြစ်ပြီးသားပါ။

အထူးသဖြင့် စမတ်ဖုန်းနဲ့ PC အပိုင်းမှာ လေ့လာကြည့်မယ်ဆိုရင် 2020 ဟာ 7nm Process ကို အခြေခံထားတဲ့ Chipset အသစ်တွေ ပေါ်ပေါက်လာသလို Nvidia ဝယ်ယူမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆီလျော်အောင် ပြောရရင်တော့ အမြင် အမျိုးမျိုး ကွဲသွားနိုင်ပါတယ်။

ပထမအချက်က Nvidia ဟာ GPU ထုတ်လုပ်မှုအပိုင်းမှာ Leader ဖြစ်နေသလို တဖက်က ARM ဆိုတာ Apple ၊ Microsoft တို့ မျက်စေ့ကျနေတဲ့ ကုမ္ပဏီပါ။ ပြောရင်တော့ Client တွေ အများကြီး ရှိနေတယ် ဆိုတာပါ။

ARM Technologies

နောက်ပြီး မိုဘိုင်း Processor အများစုဟာ ARM Architecture ပေါ်မှာပဲ အခြေခံထားသလို ယှဥ်ပြိုင်မှု အားကောင်းစေတဲ့ နောက်ကွယ်က ဝှက်ဖဲကို ဆွဲထုတ်နိုင်ရင် Super Power ရလာနိုင်ချေ ရှိပါတယ်။

ဒါကတော့ စကားအဖြစ်သာ ပြောဆိုတာဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် နည်းပညာဖွံ့ဖြိုးမှု မြန်ဆန်နေတဲ့ မိုဘိုင်းလောကဟာ စမတ်ဖုန်းမျိုးစုံ မရိုးရအောင် မြင်တွေ့နေရသလို တဖက်မှာလည်း Qualcomm နဲ့ MediaTek တို့ Chipset အသစ်တွေနဲ့ စျေးကွက်ခင်းဖို့ ပြင်ဆင်ကြတယ်။

ARM-based Samsung Exynos

Image: SamMobile

အလားတူပဲ Kirin နဲ့ Exynos SoC တွေဟာ အမျိုးအစားလိုက် စွမ်းဆောင်ရည် ကွာခြားသွားပေမယ့် ယေဘူယျအားဖြင့်တော့ ARM Architecture ပေါ်မှာပဲ အခြေခံ ထုတ်လုပ်ထားတာပါ။

Mobile Chipsets

Nvidia အနေနဲ့ Tegra Mobile Chipset ကို ARM နည်းပညာနဲ့ပဲ မိတ်ဆက်ခဲ့ဖူးသလို အဆိုပါ Chipset ပါဝင်တဲ့ ထုတ်ကုန်တွေကို Nintendo Switch နဲ့ Nvidia Shield Tablet တွေအဖြစ် မြင်တွေ့ခဲ့ရတာပါ။

ဒါ့အပြင် Microsoft ၊ Samsung တို့အနေနဲ့လည်း ARM-based Windows Laptop တွေ မိတ်ဆက်ပြီး Always-connected PC ဆိုတဲ့ စွမ်းအင်ချွေတာမှုအပိုင်းမှာ အားသာတဲ့ Ultrabook တွေအဖြစ် အသက်သွင်းခဲ့ကြတာပါ။

Snapdragon 8cx Powered Windows PC

ဒိထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းစေတာက MacBook Line-up တစ်ခုလုံးကို ARM-based Processor အသုံးပြုသွားမယ်လို့ ကြေညာခဲ့တဲ့ Apple ဖြစ်ပြီး ကောလာဟလတွေအရ အနိမ့်ဆုံးစျေးဟာ $799 တန်ကြေးရှိမယ်လို့ သိထားရပါတယ်။

ARM-based MacBook

ပြောချင်တာ ဆယ်စုနှစ် (၂) စုစာလောက် Intel ပဲ ကြီးစိုးခဲ့ပေမယ့် Mobility နဲ့ Performance ၊ Portability ပိုင်း အချိုးချလိုက်တဲ့အခါ ARM Processor တွေက ရွေးချယ်စရာ ဖြစ်လာစေတာပါ။

Lakefield Processor နဲ့ Intel တန်ပြန်စစ်ထိုးထားပေမယ့် စျေးကွက်ပိုင်ဆိုင်မှု အများဆုံးဖြစ်နေတာ ARM ပါ။ နောက်ပြီး ရှေ့ပြေးနေတဲ့ AMD နဲ့ ယှဥ်ရင် 10nm ဆိုတာဟာ အရကျစ်လို့ရသေးပေမယ့် 5nm ၊ 3nm တို့စစ်ခင်းမယ့် Advance Warfare မှာ မတိုးနိုင်ဘူး ထင်ပါတယ်။

Nvidia Company Logo

Image: US Money

Intel နဲ့ Nvidia တို့ဆိုတာလည်း အပြိုင်ဖြစ်နေသလို နှစ်ယောက်လုံး ကြုံးဝါးနေတာ CPU မလို GPU မပါ Intel ၊ Nvidia တမျိုးထဲနဲ့ All-in ဖြစ်ဖို့ တာဆူနေတာပါ။

The only Company in talk

တကယ်တော့ ARM ကို 2016 ကာလအတွင်းမှာ SoftBank က $31 Billion တန်ကြေးနဲ့ ဝယ်ယူခဲ့ပါတယ်၊ ဒိနောက်ပိုင်း Android နဲ့ iOS မှာ အသုံးတွင်ကျယ်လာတဲ့အခါ အောင်မြင်လာခဲ့ပြီး အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဇာတ်လမ်းဖြစ်လာခဲ့တာပါ။

ကျွမ်းကျင်သူတွေ သုံးသပ်ချက်အရ ARM တန်ကြေးဟာ $44 Billion ရှိနေပြီး 2025 ခုနှစ်မှာ $68 Billion အထိ ရှိလာနိုင်တယ်လို့ New Street Research LLP အဆိုရ သိရပါတယ်။

ဒီနေရာမှာ စာဖတ်သူတွေ သိထားနိုင်တာ Nvidia ပိုင်ဆိုင်ခဲ့ရင်တောင် SamsungApple နဲ့ တခြားသော Client တွေ Conflict ဖြစ်လာဦးမှာပါ။

ဒါကြောင့် US Regulator အနေနဲ့ ARM – Nvidia Deal ကို ခွင့်ပြုမယ့် အနေထားမှာ မရှိဘူးလို့ ခန့်မှန်းထားသလို ကိုယ်တိုင်လည်း Client ဖြစ်နေတဲ့ Nvidia အနေနဲ့ ဘယ်လို ရှေ့ဆက်မလဲ စိတ်ဝင်စားစရာပါ။

ဒိအတွက် ကျွမ်းကျင်သူတွေ ပြောထားတဲ့အချက်က Nvidia ပိုင်ဆိုင်သွားခဲ့ရင်တောင် ပြိုင်ဖက် ကုမ္ပဏီတွေက ARM IP နဲ့ လိုင်စင်တွေအတွက် အာမခံကြေး တောင်းဆိုပြီး အကြောင်းပြချက်က ပိုင်ရှင်အသစ်က Access မပေးခဲ့ရင် ပိုပြီးတော့ ရှုပ်ထွေးလာနိုင်ချေရှိပါတယ်။

စာဖတ်သူတို့ရော ဘယ်လိုမြင်လဲ?

Source: The VergeBloombergNotebookCheck