fbpx

This is digital planet.

NvidiaTech News

ကမ္ဘာ့အကြီးဆုံး Graphics Card နဲ့ GTC 2020 ပွဲကို သွေးဆူအောင် လုပ်လိုက်တဲ့ Nvidia CEO

ကျွန်တော်တစ်ခါက ဖော်ပြဖူးတဲ့ “AMD နဲ့ Nvidia တို့ အပီနွဲကြမယ့် 2020 စီးချင်းတိုက်ပွဲ” ဆောင်းပါးလို ပွဲကြီးပွဲကောင်းနွဲဖို့ အဆင်သင့် ဖြစ်နေဟန် ရှိပါတယ်။

ဘာလို့လဲဆိုတော့ မေလ ၁၄ ရက်နေ့ ည ၇ နာရီခွဲအချိန်မှာ Nvidia GPU နည်းပညာပြပွဲဖြစ်တဲ့ GTC 2020 ကို အွန်လိုင်းကနေ ကျင်းပသွားတော့မှာ မလို့ပါ။

Ampere Unleashed

အဆိုပါ ပွဲမှာ 7nm (FinFET) Process ပေါ် အခြေခံထားမယ့် Ampere (အမ်ပီယာ) Architecture ကို မိတ်ဆက်လာဖွယ်ရှိနေပြီး ခေတ်ရေစီးကြောင်း တဖန်ပြောင်းလဲပေးမယ့် Graphics နည်းပညာ ဖြစ်မယ်လို့ သုံးသပ်ရပါတယ်။

Nvidia Ampere

Image: Tweaktown

ကောလာဟလတွေအရ Turing Architecture ကို အခြေခံထားတဲ့ RTX 20-Series ၊ GTX 16-series ကတ်တွေထက် စွမ်းဆောင်ရည် အပိုင်းမှာ 30% ~ 50% မက မြန်ဆန်လာမှာပါ။

Along with 7nm+ Node

အခုလို Consumer ကတ်အပြင် ရေပန်းစားနေတာက GA100 ဆိုတဲ့ အကောင်ပါ။ Nivida GPU တွေထဲမှာ အမြင့်ဆုံး ဖြစ်လာမယ်လို့ ထင်ကြေးပေးထားပြီး

8,192 Cuda Cores
1,750MHz
1,024 Tensor Cores
256 RT Cores
7nm+

သိတဲ့အတိုင်း ဝှက်ဖဲကိုင်ထားသူဆိုတော့ ဘာရယ်လို့ အတိကျ မပြောထားပေမယ့် CEO ကြီး “Jensen Huang” ကတော့ မထိတထိ Troll ထားပါပြီ။

Teaser Video ထဲကလို ကမ္ဘာ့အကြီးဆုံး Graphics Card ကို မှုန့်ဖုတ်ဖိုထဲက ထုတ်ပြလာပြီး အရွယ်စားကလည်း တကယ့်အကိတ်ကြီးပါ။

ကျွန်တော့် အထင် အရွယ်စားဆိုတာထက် Ampere ကတ်တွေ ဘယ်လောက်ထိ စွာတေးလန် နေမလဲ ရွဲ့တာလို့ မြင်ပါတယ် (AMD တွက်ဆိုရင် နိမ်တယ်ပေါ့)

50% Better than Turing

ဘာလို့ ဒီလို ပြောရသလဲဆိုရင် Ampere အားသာချက်တွေက တကယ် အားရစရာကြီးပါ။

ပထမဆုံးအနေနဲ့ စွမ်းဆောင်ရည် ၅၀% ပိုကောင်းလာပြီး စွမ်းအင်သုံးစွဲမှုက ထက်ဝက်ပဲ ရှိနေမယ့်အချက်ပါ။

လျှို့ဝှက်ချက်က 12nm Nodes ကနေ 7nm ဆင်းလိုက်တာကြောင့် ဖြစ်တယ်လို့ သုံးသပ်ထားပြီး Performance နဲ့ Energy ကို လိုသလို ဆွဲဆန့်လို့ရတဲ့ အဓိပ္ပာယ်ပါ။

Intel Nvidia RTX Gaming Laptop

Image: TechSpot

ဒါတင်လားဆို မဟုတ်သေးပါဘူး၊ Tensor Cores နဲ့ RT Cores အရေတွက် ၂ ဆ များလာသလို Graphic Frequency က အနိမ့်ဆုံး 2.2GHz နဲ့ Run မယ်ဆိုတဲ့ အချက်ပါ။

စာဖတ်သူတွေ မြင်သာအောင် ပေါက်ကြားထားတဲ့ Specs တွေနဲ့ ထပ်မံ ဖော်ပြလိုက်ပါတယ်

Code Names RTX GPU CUDA Memory (GDDR6) Bit SMs
GA102 3080 Ti 5,376 12 384 84
GA103 3080 3,840 10 320 60
GA104 3070 3,072 8 256 48

GA100 ကတော့ HBM Memory နဲ့ ပေါက်ကြားထားလို့ Data Center နဲ့ Machine Learning အတွက် သုံးလာမယ့် GPU လို့ သုံးသပ်ရပါတယ်။

NVCache

ဒီလို Hardware Level Specs တွေအပြင် Ampere နဲ့အတူ ပါဝင်လာမယ့် နည်းပညာက NVCache ပါ။ Radeon ကတ်တွေမှာ သုံးနေတဲ့ HBCC (High Bandwidth Cache Controller) နဲ့ ပုံစံတူပြီး လုပ်ဆောင်ချက်က ဘာလဲဆိုရင်

RAM နဲ့ SSD ကို Game Loading Time အတွက် အသုံးချဖွယ်ရှိပြီး GPU ရဲ့ VRAM Usage ကို Optimize ဖြစ်စေမယ်ဆိုတဲ့ အချက်ပါ

NVIDIA CEO Jensen Huang

Image: Nvidia NewsRoom

ဒါကြောင့် RTX 3060 ဟာ RTX 2080 Ti Level လောက်ကို သွားနေပြီး Ray Tracing စွမ်းဆောင်ရည်ပိုင်းမှာပါ အတူတူရှိနေမယ်လို့ ခန့်မှန်းထားကြပါတယ်။

ခုလို အားရစရာ အချက်လက်တွေနဲ့ Ampere ကတ်တွေ မြင်ရမယ်ဆိုရင် ဘယ်လိုလဲ? ကျွန်တော် ရေးသားနေကြ ဆောင်းပါးတွေမှာလို ခုချိန်ထိ Graphics Card မဝယ်သေးတာ အကောင်းဆုံးပါ။

မနက်ဖြန်ဆိုရင်လည်း Nvidia မိတ်ဆက်တော့မှာဆိုတော့ ဘာတွေ ထူးခြားနေမလဲ အတူတူ စောင့်ကြည့်လိုက်ရအောင်….

Source: NotebookCheckTweaktown