fbpx

This is digital planet.

GamesTech News

NyxQuest: Kindred Spirits Mobile Review

ဒီဂိမ်းဆော့ပြီး ဂိမ်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေလိုက်ဖတ်ချိန်မှာ တွေးမိတာတစ်ခုရှိတယ်။ တစ်ချို့ဂိမ်းကောင်းတွေဟာ Mobile Platform ပေါ်ရောက်ဖို့ ဘယ်လောက်တောင် အချိန်ယူအားစိုက်ကြရလဲဆိုတာကိုပေါ့။ iOS ပေါ်မှာ ၂၀၁၁ ကတည်းကရောက်နေတဲ့ ဒီဂိမ်းဟာ Android ပါ်ရောက်ဖို့ ၂၀၁၉ ထိစောင့်ဆိုင်းခဲ့ရတယ်။ ဒါပေမယ့် Platform, Puzzle Game တွကြိုက်တတ်တဲ့သူတွေတွက်တော့ Nyx Quest ဟာခုချိန်မှစ ကစားဖြစ်တောင် အချိန်မနှောင်းသေးတဲ့ဂိမ်းတစ်ခုဆိုတာ သေချာပါတယ်။

1st Release- June, 2009 onWiiWare
1st Mobile Platform- July 2011 on iOS.
Genre- Platform.

Icarus ဆိုတဲ့နာမည်ကို Greek Mythology နဲ့မစိမ်းတဲ့သူတွေ ရင်းရင်းနှီးနှီးကြားဖူးကြမှာပါ။ ကမ္ဘာမှာ ပထမဆုံးပျံသန်းနိုင်တဲ့ လူသားတစ်ယောက်၊ ဖယောင်းနဲ့လုပ်တဲ့ အတောင်ပံတွေကြောင့် နတ်ဘုရားတွေဒဏ်ခတ်တာ ခံခဲ့ရတဲ့သူ၊ ဆိုတော့ ဒီဂိမ်းကလည်း Icarus ရဲ့ဇာတ်လမ်းကို ကျောရိုးယူပြီး ဖန်တီးထားတဲ့ဂိမ်း၊ Main Character ကတော့ သူမဟုတ်တာကလွဲလို့ပေါ့။ Icarus က ကောင်းကင်မှာဘာတွေရှိလဲစူးစမ်းလိုစိတ်နဲ့ မြင့်နိုင်သမျှမြင့်အောင်ပျံရင်း ကောင်းကင်မြို့တော် (ကိုယ်တွေအခေါ် နတ်ပြည်၊ Heaven) ကိုရှာတွေ့ပြီး Nyx လို့ခေါ်တဲ့ နတ်သမီးနဲ့ သံယောဇဉ်ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ညဘက်ရောက်တိုင်းမှာ Nyx ရော ကောင်းကင်မြို့တော်ပါ ကွယ်ပျောက်တာကြောင့် Icarus တစ်ယောက် လူ့ပြည်ကို မပြန်ချင်ပဲပြန်နေရတယ်။ တစ်နေ့မှာ Icarus တစ်ယောက် ပေါ်မလာတော့ Nyx ဟာ မျှော်ရင်းနဲ့စိတ်ပူလို့ လူ့ပြည်ကို ဆင်းရှာပါတော့တယ်။ အဲဒီအချိန်မှာ Nyx တွေ့လိုက်ရတာက လူ့လောကဟာ ပျက်သုဉ်းလုနီးနီး ဖြစ်နေတဲ့မြင်ကွင်းပါပဲ။

ဂိမ်းဆော့တဲ့သူတွေအနေနဲ့ Nyx နေရာကနေပြီး Icarus ကို ရှာဖွေတာကနေ ဂိမ်းကိုစရမှာပါ။ Game Play ကို စပြောရင် Mobile Version အတွက် ပေးထားတဲ့ Key တွေက ရိုးရှင်းတယ်၊ ရှေ့၊ နောက် နဲ့ ခုန်တဲ့ခလုတ်ပေါ့။ Angel ဆိုတဲ့အတိုင်း သူ့ရဲ့ ခုန်နိုင်တဲ့ပမာဏကို ၅ ဆင့်အထိ ဆက်တိုက်ခုန်ခွင့်ပေးထားတယ်။ ဒါ့အပြင် ခုန်တဲ့ခလုတ်ကို ကြာကြာဖိရင် လေဟုန်စီးလို့ရမယ်။ ဒါတွေက အရမ်းမထူးခြားပေမယ့် ဒီဂိမ်းရဲ့ အဓိကဆွဲဆောင်မှုက Multi-touch Control လို့တောင် ပြောလို့ရတယ်။ PC ပါ်မှာ A, D, Space Bar တွေကို လက်တစ်ဖက်ထဲနဲ့ သုံးလို့ရပေမယ့် ဖုန်းပေါ်မှာ လက် ၃ချောင်းစာကို မတူတဲ့ Function တွေအတွက် တစ်ပြိုင်ထဲအလုပ်လုပ်ခိုင်းရတာက အတော် Challenging ဖြစ်တယ်။ နတ်ဘုရားတွေဆီကနေ ရလာတဲ့ မြေ၊ လေ၊ မီး၊ မိုးကြိုး အစွမ်းသစ်တွေကိုအသုံးချပြီး အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ကြိုစားရမယ်။ ကိုယ့်အတွက် ၅ ခါထိ အထိခိုက်ခံခွင့်ပေးထားပေမယ့် တစ်ချို့နေရာတွေမှာ တစ်ချက်ထဲနဲ့ အသက်ပျောက်တတ်တာကြောင့် သတိထားရပါလိမ့်မယ်။

Image result for NyxQuest: Kindred Spirits

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ထွက်ထားတဲ့ဂိမ်းတစ်ခုအနေနဲ့ ခုချိန်ထိ Mobile Platform ပေါ်မှာ Graphic ပိုင်း ဘောင်ဝင်တန်းဝင်နေတာကိုတော့ ချီးကျူးရပါလိမ့်မယ်။ ဒီဂိမ်းက 2D Based လို့ပြောနိုင်ပေမယ့် တစ်ချို့နေရာတွေမှာ 3D ဆန်တဲ့ Visual တွေကို မြင်တွေ့ရလိမ့်မယ်။ Character Design နဲ့ပတ်သက်ပြီးတော့ ထူးထူးထွေထွေ ချီးကျူးစရာမတွေ့မိ။ ရန်သူတွေအနေနဲ့ Minotaur, Flying Demons, Hydra တို့လို Mythology နဲ့ဆက်စပ်တဲ့ Character တွေသုံးပေးထားတယ်။ Background Visual တွကတော့ အတော်လေးလှတယ်လို့ ပြောလို့ရတယ်။ ဒီဂိမ်းက နောက်ခံစကားပြောမပါတဲ့ဂိမ်းဆိုပေမယ့် နတ်ဘုရားတွေစကားပြောတဲ့အခါ ထည့်ထားတဲ့ဗလုံးဗထွေးအသံတွေ၊ Minotaur တွေပြေးလာတဲ့အခါ ကြားရတဲ့အသံ စတာတွေက ဂိမ်းနဲ့မလိုက်အောင် ပြီးစလွယ်လုပ်ထားတယ်လို့ ခံစားမိတယ်။ Backgroud Music Support အနေနဲ့တော့ Game နဲ့ အတော်လိုက်ဖက်မှုရှိပြီး Game ရဲ့ Tempo အနိမ့်အမြင့်အလိုက် Music Tempo အတက်အကျကစားထားတာက အတော်အားရဖို့ကောင်းတယ်။

Image result for NyxQuest: Kindred Spirits

NyxQuest ဟာ Stage 12 ခုနဲ့ဖွဲ့စည်းထားတဲ့ Story Game ပါ။ ဒါပေမယ့် Enemy boss အခက်ကြီးတွေရင်ဆိုင်ရတာမျိုးထက် Stage တစ်ခုစီတိုင်းကို မတူတဲ့အရသာတစ်မျိုးစီနဲ့ အခက်အခဲတွေကျော်ဖြတ်ရတာက ဒီဂိမ်းရဲ့အနှစ်သာရ ဖြစ်ပါလိမ့်မယ်။ Stage တစ်ခုစီတိုင်းမှာ ဝှက်ထားတဲ့ နတ်ဘုရားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို လိုက်ရှာနိုင်တယ်ဆိုပေမယ့် အဲဒါတွေရလို့ တစ်ခုခုပိုထူးခြားသွားတာမျိုးတော့ မတွေ့ခဲ့ရဘူး။ နောက်ပြီး Stage တစ်ခုစီတိုင်းမှာ ကစားတဲ့ကြာချိန်ကို ပြပေးထားတာဆိုတော့ ဒီ Stage ကို ဘယ်လောက်နဲ့နိုင်အောင် ပြန် Challenge မယ်ဆိုတာမျိုး လုပ်လို့ရတယ်။ ကိုယ်တွေ ပထမတစ်ကြိမ် ဂိမ်းအစ၊ အဆုံးအပြီးကို ၄ နာရီဝန်းကျင်နဲ့ ပြီးတာဆိုတော့ ရှေ့က Review ခဲ့တဲ့ Typoman ထက် Story နဲနဲပိုရှည်တယ်ပြောရမှာပဲ။ (စိတ်လေးနဲနဲရှည်ပြီး ဂိမ်းနဲ့ကျင့်သားရသွားရင်တော့ ဒီထက်အချိန်ပိုသက်သာနိုင်ပါလိမ့်မယ်။)

Image result for NyxQuest: Kindred Spirits

ဆိုတော့ Overall ပြောရင် ဒီဂိမ်းက Typoman လောက် အကြိုက်ကြီးမဟုတ်ခဲ့ပေမယ့် Platform Game တွ သဘောကျတတ်ရင် အချိန်ပေးရတန်တဲ့ ဂိမ်းတစ်ခုဆိုတာတော့ သေချာပါတယ်။ သူ့ရဲ့ Multi-touch control ကလည်း ဂိမ်းရဲ့အဓိကဆွဲဆောင်မှုဖြစ်နေသလို တစ်ချို့ Tempo မြင့်တဲ့နေရာတွေမှာ အသည်းတယားယားနဲ့ ဆော့ရတဲ့ Feeling ကလည်း သဘောကျဖို့ကောင်းတယ်။ Free Version မို့ ၃ခါသေရင် ကြော်ငြာလေးတွေကြည့်ရတာ ကသိကအောက်နိုင်ပေမယ့် Android ပေါ်ရောက်ဖို့ ၁၀ နှစ်နီးနီးကြာခဲ့တဲ့ ဖန်တီးသူတွေပေးခဲ့ရတဲ့ အချိန်နဲ့ယှဉ်ရင် ဒါက ပမွှားလောက်ပါ။ တစ်ချို့အရာတွေက အဟောင်းပေမယ့် အချိန်ကြာလေ တန်ဖိုးရှိလေဆိုတာကို NyxQuest က Player တွေအတွက် သက်သေပြနိုင်မယ်လို့ ကိုယ်တွေတော့ ယုံကြည်မိပါတယ်။