fbpx

This is digital planet.

Tech NewsXiaomi

Oct.24 မှာထွက်ရှိလာနိုင်တဲ့ 108MP camera သုံးထားတဲ့ Xiaomi Mi CC9 Pro

July လတုန်းက Xiaomi ဟာ သူတို့ရဲ့ Mi CC9e, Mi CC9 နဲ့ Mi CC9 Meitu Custom Edition တို့ပါ၀င်တဲ့ CC9 series ကို မိတ်ဆက်ခဲ့ပါတယ်။ အခု Company ဟာ Oct.24 မှာ CC9 phone အသစ်ကိုမိတ်ဆက်ဖို့ သတင်းတွေထွက်ထားပါတယ်။ အဲ့ဖုန်းဟာ Xiaomi Mi CC9 Pro ဖြစ်လာနိုင်ပြီး 108-megapixel camera ကိုအသုံးပြုလာနိုင်ပါတယ်။

အဲ့အပြင် Mi CC9 Pro မှာ Snapdragon 730G mobile platform ကိုသုံးလာမယ်လို့ သိထားရပါတယ်။ Mi CC9 Pro နဲ့ပတ်သတ်ပြီး အပေါ်ကအချက်တွေကိုသာ သိထားရသေးပါတယ်။

Mi CC9 ရဲ့ Pro Version ဖြစ်တဲ့အတွက် ဖုန်းဟာ CC9 နဲ့ Design တူလာနိုင်ပါတယ်။ အဲ့အပြင် ဖုန်းဟာ Mi CC9 က Specifications တစ်ချို့ကို ဆက်ပြီး သုံးလာနိုင်ပါတယ်။ အဲ့အတွက် Waterdrop notch display နဲ့အတူ in-screen fingerprint reader ပါ၀င်လာဖို့ရှိနေပါတယ်။ Android 9 Pie OS ကိုအခြေခံထားတဲ့ MIUI 11 ကို Run လာနိုင်ပါတယ်။ Mi CC9 Pro ဟာ Oct. 24 မှာထွက်လာဖို့ရှိနေတဲ့အတွက် လာမယ့်ရက်တွေမှာ တစ်ချို့အချက်အလက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

Ref: Gizmochina