This is digital planet.

OnePlusTech News

OnePlus အနေနဲ့ OnePlus 7 အပြင် Pro version နဲ့ 5G version လည်းထွက်ရှိပေးဦးမည်

OnePlus ရဲ့နောက်ထပ်ထွက်ရှိမဲ့ဖုန်းက OnePlus 7 ဆိုတာ အားလုံးအသိပါ။ အခုအချိန်မှာတော့ အဆိုပါ OnePlus နဲ့ပက်သက်တဲ့ ဓာတ်ပုံ ၂ ပုံဟာ Weibo ပေါ်ရောက်ရှိလာခဲ့ပြီး ပထမတစ်ခုကတော့ OLED display သုံးထားတဲ့ OnePlus 7 ဖြစ်ပြီး ထူးခြားချက်အနေနဲ့ နောက်တစ်ပုံကတော့ OnePlus 7 ရဲ့ Pro version ပဲဖြစ်ပါတယ်။

OnePlus 7 ရဲ့ပုံမှာတော့ OnePlus 7 အနေနဲ့ bezel-less design နဲ့ထွက်ရှိလာဖို့ရှိနေကာ OLED display နဲ့ဖုံးအုပ်ထားတယ်လို့သိရပါတယ်။ ဘောင်တွေကိုတော့ အကွေးတွေနဲ့မြင်တွေ့ခဲ့ရပြီး Notch မပါပဲ Pop-up selfie camera နဲ့ထွက်ရှိလာမယ်လို့လည်းသိရပါတယ်။ ဒါအပြင် OnePlus 6T ကလို့ In-display fingerprint လည်းထပ်မံပါဝင်လာဖွယ်ရှိနေပါတယ်။

OnePlus 7 Pro

ဒုတိယမြောက်ပုံမှာတော့ model number GM1915 ဆိုတာကတော့ OnePlus 7 Pro ဖြစ်နိုင်ဖွယ်ရှိနေပြီး ပြီးခဲ့တဲ့လကလဲ အဲ့ model number နဲ့ OnePlus စမတ်ဖုန်း တစ်လုံးဟာ Bluetooth SIG certification body ရဲ့ Approve ကိုရရှိခဲ့ပါတယ်။ နာမည်ကြီး Tipster တစ်ဦးဖြစ်တဲ့ Ishan Agarwal ကတော့ OnePlus 7 series ပါဝင်မဲ့ဖုန်းနဲ့ သူတို့ရဲ့ Model number တွေကိုထုတ်ပြန်ခဲ့ပါတယ်။ GM1901, GM1903 နဲ့ GM1905 ကတော့ OnePlus 7 ဖြစ်ပြီး GM1911, GM1913, GM1915 နဲ့ GM1917 တို့ဟာ OnePlus 7 Pro ဖြစ်တယ်လို့သိရပြီး OnePlus 7 Pro 5G ကတော့ GM1920 ပဲဖြစ်ပါတယ်။

OnePlus 7 Pro Bluetooth SIG

ပုံအရ OnePlus 7 Pro မှာတော့ Notch-less screen ကိုပဲသုံးပေးထားပြီး Super Optic display ကိုသုံးထားကာ 6.67-inch screen ကို Full HD+ resolution ကိုသုံးပေးထားတာကိုမြင်တွေ့ရပါတယ်။ Snapdragon 855 SoC လည်းပါဝင်မယ်လို့သိရပြီး RAM အနေနဲ့ 8GB နဲ့ပါဝင်မယ်လို့လည်းပုံမှာမြင်တွေ့ရပါတယ်။

OnePlus 7 Pro ကို Andriod 9 Pie OS အခြေပြု OxygenOS 9.5 edition နဲ့ထွက်ရှိလာမယ်လို့သိရပြီး ကင်မရာပိုင်းကိုတော့ 48MP + 16MP + 8MP ကင်မရာ ၃ လုံးပါဝင်မှာဖြစ်ပြီး Primary sensor ကတော့ Sony IMX586 ကိုသုံးလာမယ်လို့သိရပါတယ်။ Storage ပိုင်းအနေနဲ့ 256GB ကို RAM 8GB နဲ့ပေါင်းပြီး ထည့်သွင်းပေးမယ်လို့ တွေ့ရပါတယ်။

OnePlus 7 Pro_

OnePlus 7 Pro 5G အနေနဲ့လည်း အဆိုပါ Spec အတိုင်းလောက်သာထွက်ရှိလာနိုင်ပြီး 5G modem ပါဝင်လာတာပဲ ကွာခြားသွားဖွယ်ရှိနေပါတယ်။

Ref: Gizmochina