This is digital planet.

OnePlusSamsungTech News

OnePlus 6T McLaren Edition ဈေးနှုန်းနဲ့ Galaxy 10 ရှေ့ဘက်မျက်နှာပြင်တို့ပေါက်ကြားလာ

Zawgyi




Unicode

OnePlus 6T McLaren Limited Edition ဖြစ်တဲ့ ဖုန်းကို ဒီနေ့ည 4:30 AM EST အချိန်မှာမိတ်ဆက်မှာပါ။ ဖုန်းတွေက မထွက်ခင်ကတည်း Leak ဖြစ်နေတာ ရိုးရာတစ်ခုလိုဖြစ်နေပါပြီ။ အခုလည်း OnePlus 6T McLaren Edition ဈေးနှုန်းပါတဲ့ ပုံပေါက်ကြားလာပါတယ်။ ပုံအပါအရ RAM 10GB အထိပါဝင်ပြီး၊ Dash Charger ထက်ပိုမြန်တဲ့ Warp Charger 30W နဲ့ပါဝင်မှာဖြစ်ပါတယ်။

Galaxy S9 ထက်ပိုကောင်းပြီး အားထပ်ဖြည့်ထားတဲ့ Galaxy S10 ကို 2019 အစောပိုင်းမှာမြင်တွေ့ရဖွယ်ရှိပါတယ်။ ဖုန်းပုံစံ Rendering တွေပေါက်ကြားနေတာကြာပြီဖြစ်ပေမဲ့ အခုက လုံးလုံးရားရား သေချာချာ မြင်တွေ့ရတဲ့ပုံ ပေါက်ကြားနေတာဖြစ်ပါတယ်။ ပုံအရ ညာဘက်ဒေါင့်မှာ ကင်မရာ ၂ လုံးပါဝင်လို့ Galaxy S10+ ဖြစ်နိုင်ပြီး One UI ကိုသုံးထားပါတယ်။ Chin ကလဲအတော်လေးကိုသေးပါတယ်။

၂၀၁၉ မှာအမိုက်စားဖုန်းတွေကို ရင်ခုန်စွာနဲ့ပဲ စောင့်ကြည့်ရတာပေါ့…

Source