fbpx

This is digital planet.

OnePlusTech News

OnePlus 7 နဲ့ OnePlus 7 Pro ကြားမှာ ဘာတွေကွာခြားသွားမှာလဲ

(အောက်ပါရေးထားသော သတင်းအချက်အလက်တွေသည် tom’s guide မှ မှီးငြမ်းရေးသားတာဖြစ်ပါတယ် ဘယ် Brand ကိုမှ ထိခိုက်လိုစိတ်မရှိပါဘူး)

သင်ဟာ Galaxy S10 ဒါမှမဟုတ် Galaxy S10 Plus ကို ဝယ်ယူဖို့စဉ်းစားနေတယ်ဆိုရင်တော့ အချိန်ခဏလေး စောင့်ဖို့တိုက်တွန်းပါရစေ။ နောက်လဆိုထွက်ရှိလာတော့မဲ့ OnePlus 7 နဲ့ OnePlus 7 Pro မှာပါဝင်တဲ့ Spec တွေဟာ Samsung ရဲ့ flagship စမတ်ဖုန်းတွေထက် သင်ရဲ့ ပိုက်ဆံကုန်ကျ စရိတ်တွေကို ပိုတန်တယ်လို့ခံစားရပါလိမ့်မယ်။

@OnLeaks

Serial Leaker တစ်ဦးဖြစ်တဲ့ @OneLeaks ရဲ့အဆိုရ OnePlus 7 နဲ့ OnePlus 7 Pro မှာ အပြောင်းအလဲ ကြီးကြီးမားမားတွေရှိလိမ့်မယ်လို့ဖော်ပြထားပါတယ်။ ပထမဆုံးအနေနဲ့ ဒီဖုန်းတွေရဲ့ ဒီဇိုင်းပိုင်းဖြစ်ပါတယ်။ OnePlus 7 မှာတော့ Teardrop notch ကို Screen ရဲ့ အပေါ်ပိုင်းမှာ အသုံးပြုလာမှာဖြစ်ပြီး ရှေ့ကင်မရာကို notch အတွင်းထဲမှာထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

OnePlus 7 Pro မှာတော့ notch ဝါဝင်တော့မှာ မဟုတ်ပဲ Pop-up camera ကိုသုံးလာမှာပဲဖြစ်ပါတယ်။ ဒီဖုန်းနှစ်ခုလုံးမှာတော့ Galaxy S10 နဲ့ဆင်တူတဲ့ Curved design ပါဝင်မှာဖြစ်ပြီး OnePlus 7 Pro မှာ 6.6-inch screen ရှိမှာဖြစ်ပြီး OnePlus 7 မှာတော့ 6.4-inch screen ကိုသုံးလာမယ်လို့ @OneLeaks ရဲ့အဆိုအရသိရပါတယ်။

Image result for oneplus 7 and 7 pro

OnePlus 7 Pro ရဲ့ Slogan ကတော့ Go Beyond Speed ဖြစ်ပါတယ် (Img: Mashable India)

Resolution ပိုင်းအနေနဲ့ OnePlus 7 Pro မှာ Quad HD+ resolution နဲ့ထောက်ပံ့ပေးမှာဖြစ်ပြီး Refresh rate အနေနဲ့အမြင့်ဆုံး 90Hz အထိရရှိမှာဖြစ်ပါတယ်။ OnePlus 7 မှာတော့ Full HD+ ကိုမှ ပုံမှန် refresh rate 60Hz ရရှိမယ်လို့သိရပါတယ်။

ကင်မရာပိုင်းနှိုင်းယှဉ်ရရင် OnePlus 7 မှာ 48MP ပါဝင်တဲ့ Dual rear-camera ပါဝင်မယ်လို့သိရပြီး OnePlus 7 Pro မှာတော့ 48MP + Telephoto + Ultra-wide cameras ဆိုပြီး Triple rear-camera setup ကိုသုံးလာမှာဖြစ်ပါတယ်။ အခြား ကွာခြားချက်အဖြစ် OnePlus 7 Pro မှာ 5G ပါဝင်လာမယ်လို့သိရပြီး OnePlus 7 မှာ 4G LTE ပဲပါဝင်လာပါမယ်။

Image result for oneplus 7 pro

The India Express

OnePlus အနေနဲ့ OnePlus 7 series ရဲ့ Event Plan တွေကိုထုတ်ပြန်ကြေညာမရှိသေးပါဘူး။ ကောလာဟလ တွေအရ OnePlus 7 နဲ့ OnePlus 7 Pro တို့ဟာ လာမဲ့ မေလ ၁၄ ရက်နေ့မှာ စတင်မိတ်ဆက်ပေးတော့မယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။

Ref: Tom’s Guide