fbpx

This is digital planet.

OnePlusTech News

OnePlus 7 Pro ရဲ့ဈေးနှုန်းများ ပေါက်ကြားလာ

လာမဲ့ မေလ ၁၄ ရက်နေ့မှာမိတ်ဆက်ပေးမယ်လို့ကြေညာထားတဲ့ OnePlus 7 Pro ရဲ့ဈေးနှုန်းတွေကတော့ ပေါက်ကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က OnePlus 7 series ဟာ OnePlus 6 series ထက် $200 ခန့်ပိုများမယ်လို့သတင်းတွေလည်းထွက်ခဲ့ပါသေးတယ်။ အခုသတင်းကတော့ ခိုင်လုံတဲ့ သတင်းရင်းမြစ်ကထွက်ရှိလာတာလည်းဖြစ်ပါတယ်။

Image result for oneplus 7 pro
ယုံကြည်ရတဲ့ Tipster တစ်ဦးဖြစ်တဲ့ Ishan Agarwal ရဲ့ဖော်ပြချက်တွေမှာတော့ ဥရောပ မှာရောင်းချမဲ့ OnePlus 7 Pro ရဲ့ ဈေးနှုန်းတွေကိုဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ Leak တွေအရ OnePlus 7 Pro အနေနဲ့ 6GB/128GB၊ 8GB/256GB၊ 12GB/256GB ဆိုပြီး ၃ မျိူးထွက်ရှိမယ်လို့သိရပြီး 8GB/256GB အတွက် ဒေါ်လာ ၇၄၉ (မြန်မာငွေ ၁၁ သိန်းကျော်) နဲ့ 12GB/256GB ကို ဒေါ်လာ ၈၁၉ (မြန်မာငွေ ၁၂ သိန်းကျော်) လောက်ကျသင့်မယ်လို့သိရပါတယ်။ 6GB/128GB အတွက်တော့ မသိရသေးပါဘူး။ ခန့်မှန်းချက်တွေအရ OnePlus 6T ရဲ့ထွက်ထွက်ချင် ဈေးနှုန်း ဒေါ်လာ ၅၄၉ (မြန်မာငွေ ၈ သိန်း ၄ သောင်း) ဝန်းကျင်ထက်ပိုမိုလျော့နည်းဖွယ်မရှိပါဘူး။

OnePlus 7 series မှာ OnePlus 7၊ OnePlus 7 Pro နဲ့ OnePlus 7 Pro 5G ဆိုပြီး ၃ မျိုးပါဝင်မယ်လို့သိရပြီး Leak တွေ အရ OnePlus 7 Pro မှာ 6.7-inch Super AMOLED display ပါဝင်ပြီး Quad HD+ resolution 1440 x 3120 pixels နဲ့ထောက်ပံ့ပေးထားမှာဖြစ်ပြီး Screen refresh rate အနေနဲ့ 90Hz အထိရှိမယ်လို့သိရပါတယ်။ ဘက်ထရီ 4000mAh ကို 30W Warp Charge နဲ့ ထောက်ပံ့ပေးမယ်လို့သိရပါတယ်၊ ဒါအပြင် ကျောဘက်မှာ ကင်မရာ ၄ လုံးပါဝင်မယ်လို့သိရပြီး Mirror Grey၊ Almond နဲ့ Nebula Blue စတဲ့ကာလာတွေနဲ့ ထွက်ရှိလာမယ်လို့သိရပါတယ်။

 

Ref: xda-developer

Photos: Internet