fbpx

This is digital planet.

OnePlusTech News

OnePlus 7T လား OnePlus 7T Pro လား??

OnePlus 7 ကိုဒီနှစ်‌အစောပိုင်းမှာ ထုတ်ပြီးနောက် OnePlus ဟု သူ့တို့ရဲ့ Flagship Models ဖုန်းနှစ်လုံး ထုတ်လုပ်ဖို့ စတင်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ ခြောက်လတုန်းက OnePlus 7 နဲ့ OnePlus 7 Pro ထွက်လာခဲ့တာကို တွေ့ခဲ့ပြီးဖြစ်ပြီး အခု OnePlus ဟာ OnePlus 7T ရဲ့ high-end ညီအကိုဖြစ်လာမယ့် OnePlus 7T Pro ကို မိတ်ဆက်လိုက်ပါပြီ။ အဲ့ဖုန်းအသစ်ကို October 17 မှာ£699 (မြန်မာငွေ ၁၂ သိန်း၀န်းကျင်) နဲ့ UK မှာစတင်၀ယ်ယူလို့ ရနိုင်မှာဖြစ်ပြီး US မှာရောင်းချဖို့ကတော့ လက်ရှိ ဘာအစီအစဉ်မှမရှိသေးပါဘူး။

ဖုန်းအသစ်နဲ့အတူ OnePlus ဟာ OnePlus 7T ရဲ့ European ဈေးကိုပါ ဖော်ပြလိုက်ပါတယ်။ ဈေးကတော့ £549 (မြန်မာငွေ ၉ သိန်းကျော်) ကနေစပါတယ်။ OnePlus 7T ဟာလည်း Oct.17 ကနေစပြီးUK မှာ၀ယ်လို့ရမှာပါ။ အရင်က OnePlus 7T ရဲ့ US မှာရနိုင်တဲ့ဈေးဟာ $599 (မြန်မာငွေ ၉ သိန်းကျော်) ရှိပြီး October 18 မှာ စတင်၀ယ်ယူလို့ရမယ်လို့ OnePlus ကဖော်ပြထားပါတယ်။

အဓိက Announcement အနေနဲ့ OnePlus 7T Pro McLaren Edition အသစ်ကို မိတ်ဆက်ခဲ့ပြီး Black နဲ့ Orange အရောင်ကိုရရှိလာမှာပါ။ 12GB RAM နဲ့ 256GB internal storage ပါ၀င်လာမှာဖြစ်ပြီး အဲ့ Edition ရဲ့ဈေးကတော့ £799 (၁၃ သိန်းခွဲ နီးပါး) နဲ့ November 5th မှာ စတင်ရောင်းချလာမှာပါ။

ဒီနှစ်အစောပိုင်းတုန်းက ထုတ်ထားတဲ့ ဖုန်းတွေလို့ Big Feature ဖြစ်တဲ့ Display ကို OnePlus 7T Pro မှာသုံးထားပြီး ရိုးရိုး OnePlus 7T နဲ့ ခြားနားတဲ့သွားတဲ့အချက်ဖြစ်သွားပါတယ်။ 6.67-inch QHD+ OLED display ကိုအသုံးပြုပေးထားပြီး ဖုန်းရဲ့ အစွန်းပိုင်းတွေကို ခုံးပေးထားပါတယ်။ OnePlus 7 ကို The Verge က Review လုပ်တုန်းက Audience တွေကို 7 မကိုင်စေပဲ OnePlus 7 Pro လိုပြောင်းချင်လာအောင်ပြုလုပ်ထားတယ် ပြောလို့ရတယ်တယ်။ ဒါပေမယ့် 7T မှာတော့ အဲ့လိုမဟုတ်တော့ပါဘူး။ 7T မှာ 90 Hz display နဲ့ triple-camera setup ကို အသုံးပြုထားတဲ့အတွက် Pro version နဲ့ယှဉ်ရင် အရမ်းကြီး ကွားခြားနေတာမျိုးမရှိပါဘူး။

7T Pro ရဲ့ Design ကတော့ 7T နဲ့ မတူညီပဲ 7 Pro နဲ့ခပ်ဆင်လုပ်ထားတာက ထင်ရှားနေပါတယ်။ 7T Pro ရဲ့ Specs တွေဟာ 7T နဲ့ ဘာကွာလဲဆိုရင် 128GB storage option မရှိတော့ဘဲ 256GB option ကနေစပါတယ်။ Camera ပိုင်းမှာဆိုရင် telephoto lens ဟာလည်း Optical image stabilization နဲ့ 3x zoom ကိုပေးလာမှာပါ။ 7T မှာတော့ Stabilization မပါ၀င်ဘဲ 2x zoom ပဲရပါတယ်။ Battery ပိုင်းမှာတော့ 7T Pro မှာ 4,085mAh battery ပါရှိပြီး OnePlus 7T 3,800mAh battery ပဲရှိပါတယ်။ OnePlus 7 Pro ရဲ့ 4,000mAh ထက် 7T Pro မှာ မက်လောက်စရာအနေအထားမရှိ အနည်းငယ်ပိုများလာပါတယ်။

နောက်ထပ် OnePlus 7T Pro ရဲ့ Specs တွေဟာ OnePlus 7 Pro ၊ OnePlus 7T တို့နဲ့ တော်တော်လေးဆင်တူနေပါတယ်။ သူ့မှာ Camera Specs အရဆိုရင် 48-megapixel f/1.6 camera ၊ 8-megapixel f/2.4 telephoto camera နဲ့ 16-megapixel f/2.2 ultra wide-angle camera တို့ပါ၀င်တဲ့ ကျောဘက် triple-camera set up ကိုတပ်ဆင်ပေးထားပါတယ်။ အဲ့အချက်တွေဟာ OnePlus 7 Pro နဲ့ တူနေပါတယ်။ Software ပိုင်းပိုကောင်းလာဖို့ကတော့ Review တွေကို စောင့်ကြည့်မှရမှာပါ။ Camera ပုံစံဟာ 7T လို အဝိုင်းပုံစံမဟုတ်တော့ဘဲ OnePlus 7 Pro လို Vertical line ပုံစံမှာပဲရှိပါတယ်။ 7T နဲ့အတူ မိတ်ဆက်ထားတဲ့ New macro mode ဟာလည်း 7T Pro မှာပါ၀င်လာပြီး အဲ့ mode ဟာ ပစ္စည်း‌တွေကို 2.5cm အဝေးကနိုင်ရိုက်နိုင်မှာပါ။

7T Pro ရဲ့ Hardware ပိုင်းမှာလည်း 7T နဲ့ဆင်ပြီး 7 Pro ထက်အနည်ငယ် ပိုတိုးတက်လာပါတယ်။ သူ့မှာ RAM 8 နဲ့အတူ Snapdragon 855 Plus processor ကိုသုံးထားပြီး Warp Charge 30T အသစ်ကို Support လာပါတယ်။ အဲ့တာက 7T ရဲ့ Charging ထက် 23 % ပိုမြန်လာပါတယ်။ OnePlus 7 Pro မိတ်ဆက်တုန်းကနဲ့ ယှဥ်ရင် ခြေတစ်လှမ်း နောက်ဆုတ်သွားတာက 7T Pro အတွက် 5G Version ပါ၀င်လာခြင်းမရှိသေးပါဘူး။ နောက်မှ မိတ်ဆက်မလားဆိုတာတော့ ပြောလို့မရပါဘူး။

OnePlus 7T ကို The Verge အနေနဲ့ အရင်ရက်တွေက စမ်းသပ်လို့ရခဲ့ပြီး OnePlus 7 Pro လိုပဲကောင်းနေတယ်လို့ သိရပါတယ်။ Security feature ဖြစ်တဲ့ In-display fingerprint sensor ဟာလည်း သူ့ဈေးပတ်၀န်းကျင်မှာ အမြန်ဆုံးရှိနေပြီး Battery Life က မျှော်လင့်ထားသလိုကောင်းပါတယ် 90Hz display ဟာ 7 Pro လိုပဲ Smooth ဖြစ်ပြီး သုံးရတာ အဆင်ကျေနပ်ဖွယ်ကောင်းပါတယ်။

Image result for oneplus 7t

7T Pro မှာသုံးထားတဲ့ Snapdragon 855 Plus Processor ဟာ graphics ပိုင်းမှာ OnePlus 7 Pro ထက် 25 % ပိုမြန်တယ်လို့ OnePlus ကဆိုထားပါတယ်။ ဒါပေမယ့် The Verge ရဲ့ Hands-On Overview တွေအရ အပြင်မှာ ‌ဖုန်းနှစ်လုံးကိုယှဉ်ကြည့်ရင်တောင် ပြောဖို့ခက်ခဲနေပါတယ်။ ဖုန်းမှာ Call of Duty: Mobile နှစ်ပွဲလောက် ကစားကြည့်တဲ့အခါ ထစ်တာတွေမတွေ့ရပါဘူး။ ဖုန်းဟာ မြန်ပြီး သွက်ပါတယ်။ Apps တွေကိုဖွင့်တဲ့အခါမှာလည်း မြန်ပြီး Camera ကလည်း အလိုက်သင့်တုန့်ပြန်ပါတယ်။ OnePlus ရဲ့ Performance ဟာ အမှားရှာဖို့ တော်တော်လေး ခက်ခဲပါတယ်။

Battery Life ဟာလည်း Specification Sheet အရ တိုးတက်လာသင့်ပါတယ်။ ဒါပေမယ့် 7 Pro နဲ့ယှဉ်ရင်ပိုများတဲ့ 85mAh Battery အဲ့အကျိုးဟာ တိုင်းတာဖို့ ခက်ခဲသလို မက်လောက်စရာမရှိပါဘူး။ The Verge အရ OnePlus 7T နဲ့ရိုက်ထားတဲ့ပုံတွေဟာ 7 Pro နဲ့ဆင်နေပါတယ်။ ဆိုလိုတာက ပုံတွေက သူ့ဈေးတန်းမှာ အကောင်းဆုံးမဟုတ်ရင်တောင်ပြောင်မြောက်နေပါတယ်။ Details Level တွေကောင်းတယ် ၊ အရောင်တွေဟာလည်း စိုပြီး Camera App မှာ telephoto, regular နဲ့ wide တို့ကြား အလွယ်တကူပြောင်းပြီး ရိုက်နိုင်မှာပါ။

Related image

တစ်ခုတည်းသော ပြဿနာကတော့ OnePlus 7T ပဲဖြစ်ပါတယ် အကြောင်းက OnePlus 7 ထက်ကြီးမားတဲ့ တိုးတက်မှုကိုပြုလုပ်လိုက်လို့ပါ။ အဲ့အတွက် 7T Pro လို Pro Model အဖို့ စျေးကွက်ထဲမှာ နေရာရဖို့ ခက်ခဲလာနိုင်ပါတယ်။ သင်ဟာ Notch မပါတဲ့ Curved Display ကိုကြိုက်ရင် OnePlus 7T Pro ကို £150 ထပ်ပေါင်းပြီး၀ယ်ရမှာပါ။ တစ်ခြားသောအချက်တွေက ဈေးသက်သာတဲ့ OnePlus 7T နဲ့ တူနေပါတယ်။ ကဲ့ သင်ဆိုရင်ကော OnePlus ကို ၀ယ်မယ်ဆိုရင် ဘယ် Model ကိုရွေးမလဲ…

Ref: Gizmochina