fbpx

This is digital planet.

OnePlusTech News

OnePlus 8 နဲ့ OnePlus 8 Pro တို့ရဲ့ Render ပုံများပေါ်ထွက်လာ

OnePlus 7T နဲ့ OnePlus 7T Pro တို့ မိတ်ဆက်ထားတာ သိပ်မကြာသေးပါဘူး။ ဒါမဲ့ OnePlus 8 နဲ့ 8 Pro လို့ ယူဆလို့ ရတဲ့ပုံတွေက ထွက်ပေါ်လာပါပြီ။

ဒီပုံတွေဘယ်ကပေါ်လည်း မေးရင် ယုံကြည်လို့ ရတဲ့ Leaker တစ်ဦးဖြစ်တဲ့ OnLeak ဆီက ဖြစ်ပါတယ်။ OnLeak ဆီကထွက်ပေါက်ကြားတဲ့ သတင်းတော်တော်များများက မှန်တာများပါတယ်။

OnePlus 8

အောက်ပါ Render ချထားတဲ့ ပုံကိုကြည့်ရင် အရင်ရက်တွေတုန်းက OnePlus 8 နဲ့ပက်သက်ပြီး ပေါက်ကြားထားတဲ့ Punch Hole Design မျိုးဖြစ်နေပါတယ်။ အလွယ်ပြောရရင် OnePlus 7 Pro နဲ့ OnePlus 7T Pro တို့ကို Pop-up မဟုတ်ပဲ Selfie Camera Punch Hole လေးထည့်ထားတာမျိုးပါ။

OnePlus 8 Pro

ပုံအရကြည့်မယ်ဆိုရင်လည်း ကျောဘက်ခြမ်းမှာ OnePlus 8 Pro နဲ့ OnePlus 8 လို့ ယူဆလို့ရတဲ့ ဖုန်း Design က နည်းနည်းလေးကွာခြားပါတယ်။ အထူးသဖြင့် 3D ToF sensor အတွက် Vertical Camera Setup ဘေးမှာ ပါ၀င်နေတာကိုတွေ့ရပါတယ်။


အသေးစိတ်ကြည့်မယ်ဆိုရင်လည်း OnePlus 8 Pro ရဲ့ ဘေးဘယ်ညာ ဘောင်တွေက နည်းနည်းလေး ပါးလွှာပြီး အပေါ်အောက် ဘောင်လေးက နည်းနည်းသေးသေးလေး ရှိနေတာကိုတွေ့ရပါတယ်။

Buttons Placement တွေ၊ Speaker တွေ၊ USB-C နဲ့ SIM Card အတွက် တည်နေရာတွေကတော့ OnePlus 8 Pro နဲ့ OnePlus 8 က တူညီတယ်လို့ပြောလို့ရပါတယ်။ ဒါမဲ့ အထူပိုင်းမှာတော့ 8 Pro က 8 ထက် 0.7mm ထူတယ်လို့ သိရပါတယ်။ Pro Version ရဲ့ Display ကလည်း OnePlus 8 ထက် 0.15 လောက်ကြီးတယ်လို့ သိရပါတယ်။


Display feature တွေနဲ့ 8 ကော 8 Pro မှာပါ 90Hz ပါ၀င်မှာ ဖြစ်သလို OnePlus ကိုယ်တိုင်ကလည်း 7T Pro မိတ်ဆက်တုန်းက OnePlus ရဲ့အနာဂတ်ဖုန်းတွေမှာ 90Hz Display ပဲ သုံးမယ်လို့ ကြေညာခဲ့ပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် သေချာသလောက်ရှိနေတယ် OnePlus 8 နဲ့ 8 Pro Design ကို Pop-up နဲ့ Notch မကြိုက်တဲ့သူတွေ စောင့်သင့်ကြောင်း…