This is digital planet.

OnePlusTech News

OnePlus နဲ့ Supercar Company ဖြစ်တဲ့ McLaren တို့ လမ်းခွဲ

Special Edition အနေနဲ့ ထုတ်လုပ် ရောင်းချနေတဲ့ OnePlus စမတ်ဖုန်းတွေဟာ အရည်သွေး ကောင်းတယ်ဆိုတာထက် Unique ဖြစ်တယ် ၊ Signature Device တစ်ခုလို သတ်မှတ်နိုင်တဲ့ အတွက် တန်ဖိုးမြင့်တယ်ထားဦး ပရိသတ်တွေ သဘောခွေ့ကျတာပါ။

လက်လှမ်းမီသလောက် ပြောရရင် DisneyStar WarsMarvel တို့နဲ့ Tied up လုပ်ခဲ့ဖူးလို့ Marvel Avengers Limited EditionStar Wars Edition Themed ဒီဇိုင်းပါဝင်တဲ့ 65T လို ထုတ်ကုန်မျိုးတွေဟာ တမျိုးတဖုံ ထင်ရှားခဲ့တာပါ။

Special Edition Smartphones

သို့ပေမယ့် ဒီဖုန်းတွေဟာ Limited Edition (သို့) ကြော်ငြာပုံစံမျိုး ထွက်ခဲ့တာ ဖြစ်လို့ Partnership ဖြစ်နေတဲ့ McLaren Edition လို မကြာခဏ မြင်ရလေ့ မရှိပါဘူး။

2018 မှာ ဗြိတိသျှ ကားကုမ္ပဏီနဲ့ လက်တွဲဖြစ်ခဲ့ပြီး အထင်ရှားဆုံး Product တစ်ခုကို ညွှန်းပါဆိုရင် 2020 CES ပွဲမှာ ပြသခဲ့တဲ့ OnePlus Concept One ပါပဲ။ McLaren Logo နဲ့ Signature “Papaya Orange” လည်သာ ကိုယ်ထည်နဲ့ ဖွဲ့နဲ့ထားပြီး ရေပန်းစားခဲ့တာ Concept One ကင်မရာတွေပါ။

OnePlus Concept One

Image: MobiGyann

Disappearing Camera Tech လို့ ပြောစမှတ်ဖြစ်ခဲ့တဲ့အထိ မျက်နှာပြင်အောက် ဖျောက်ထားတဲ့ ဒီဇိုင်းဟာ McLaren 720S မော်ဒယ်မှာ အသုံးပြုထားတဲ့ Electrochromic Roof ကြောင့်ပါ။

အခုလို High-end Exotic ကားတစ်စင်းမှာ အသုံးပြုထားတဲ့ ဒီဇိုင်းကို Inspire ယူထားလို့ OnePlus ရဲ့ အကောင်းဆုံး လက်ရာထဲကတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။

McLaren Edition “OnePlus Concept One”

သို့ပေမယ့် Concept One အမှန်ကတယ် ထွက်မလာခဲ့သလို ခုသတင်း မရေးသားခင် McLaren နဲ့ Partnership အဆုံးသတ်တော့မယ်လို့ စနိုးစနှောင့် ကြားနေခဲ့ရတာပါ။

“We Wish them Well and Hope to See them in the Future” လို့ဆိုလိုက်တဲ့ McLaren ပြောရေးဆိုခွင့် ရှိသူစကားကို ပြည့်စုံအောင် ပြောရရင်

OnePlus Star Wars Edition

Image: GSMArena

OnePlus နဲ့ Partnership Schedule ဟာ အခုဆိုရင် သက်တမ်းစေ့သွားပါပြီ၊ ကျွန်ုပ်တို့လို့ မတူညီတဲ့ Brand နှစ်ခု ပူးပေါင်းမှုကနေ Iconic လည်းဖြစ် Innovative လည်းဖြစ်တဲ့ ထုတ်ကုန်တွေ မြင်ခဲ့ရသလို 2018 မှာ စတင်ခဲ့ Partnership ဟာ ကျွန်ုပ်တို့ကို အများကြီး Support ပေးခဲ့ပါတယ်။

တန်ဖိုးထားရတဲ့ Partner လည်းဖြစ်သလို ခုလို ဆုမွန်စကား ဆိုလိုက်တာပါလို့ Android Authority ကို email ပို့ ပြောဆိုခဲ့တဲ့ စာသားကို ဆီလျော်အောင် ဖော်ပြလိုက်ပါတယ်။

OnePlus Marverl's Avengers Limited Edition

Image: Android Authority

ဒါကြောင့် McLaren နဲ့ Partnership အဆုံးသတ်သွားပေမယ့် Special Edition စမတ်ဖုန်းတွေ ထပ်မတွေ့ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ Concept One မမြင်လိုက်ရပေမယ့် 6T နဲ့ 7T စီးရီးမှာ McLaren Edition ထွက်ရှိခဲ့ပါတယ်။

စကားချည်ထားသလို Star Wars နဲ့ Marvel’s Edition လို ဖုန်းမျိုး ထုတ်ခဲ့ဖူးတာကြောင့် 2020 နှစ်လယ်ပိုင်း (သို့) နှစ်ကုန်ပိုင်းမှာ မြင်ရနိုင်ချေရှိတဲ့ OnePlus 8T စီးရီးမှာ Special Edition ပါဝင်လာနိုင်မလား ဆိုတာကို စောင့်ကြည့်ရမှာပါ။

Source: Android Authority