This is digital planet.

OnePlusTech News

OnePlus Z ကို $330 တန်ကြေးနဲ့ ဇူလိုင်လအတွင်းမှာ ကြေညာသွားနိုင်တယ်

OnePlus အနေနဲ့ တန်ဖိုးသင့် Mid-range ဖုန်း ထုတ်လာမယ်လို့ ကောလာဟလ ထွက်နေတဲ့အတိုင်း လက်ရှိ အနေထားတိုင်းဆိုရင် အခက်လက် စုံလုနီးပါး ဖြစ်နေပြီ ဆိုရမှာပါ။ Android Police အဆိုရ ဇူလိုင်လထဲမှာ ကြေညာသွားနိုင်ချေရှိပြီး ခပ်စွာစွာ ဖြစ်မယ့် အမျိုးစားလို့ သုံးသပ်မိပါတယ်။

ဘာလို့လဲဆိုတော့ 6.55” အရွယ်စားရှိ OLED Display နဲ့ ပွဲထုတ်လာနိုင်ပြီး Mid-ranger လို့သာ ဆိုရတယ်၊ 90Hz Refresh Rate ပါဝင်မယ်လို့ ပေါက်ကြားနေတာပါ။ အလားတူ 6GB RAM နဲ့ 128GB Internal Storage ထည့်သွင်းလာမယ့် ဖုန်းတစ်လုံးအတွက် Specifications က အားရစရာ။

OnePlus Z

Image: Android Central

OnePlus Z မှာ 48MP နဲ့ 16MP Wide-angle Lens တစ်လုံး ပါဝင်မယ်လို့ သိထားရပြီး အသေးစိတ်ကိုတော့ စောင့်ကြည့်ရဦးမယ် ထင်ပါတယ်။

$330 OnePlus Z

အသုံးပြုလာမယ့် SoC နဲ့ ပတ်သက်လို့ အရင်တခါ ဖော်ပြဖူးတဲ့ ဆောင်းပါးမှာလို Snapdragon 765 SoC နဲ့ မြင်ရမှာဖြစ်ပြီး 5G လည်း ပါဝင်ဦးမယ်လို့ XDA Developers အဆိုရ သိထားရပါတယ်။

OnePlus Z

Image: Twitter

အစောပိုင်းမှာ MediaTek ရဲ့ 1000 (သို့) 1000L Chip သုံးမယ်လို့ စနိုးစနှောင့် ဖြစ်ခဲ့ပေမယ့် Nevertheless စာဖတ်သူတွေ သိထားရသလောက် အတိုင်းတာနဲ့ $330 ပမာဏက Fair ဖြစ်တယ်၊ သုံးပျော်တယ် ဆိုရမယ်ပေါ့။

Snapdragon 765 နဲ့ MediTek SoC တို့ရဲ့ 5G နည်းပညာ ကွာခြားချက်ကို ဒီဆောင်းပါး Link မှာ လေ့လာနိုင်ပါတယ်။

အဆိုပါ OnePlus Z ကို ဇူလိုင်လ အတွင်းမှာ ကြေညာသွားမယ်လို့ Speculate လုပ်ထားသလို တနေ့က CEO “Pete Lau” တယောက် Twitter မှာ ပြောခဲ့သလို ဇူလိုင်လ ၂ ရက်နေ့မှာ OnePlus Smart TV မိတ်ဆက်ပွဲနဲ့ တပါးတည်း ကြေညာနိုင်ချေ ရှိပါတယ်။

ဒါကြောင့် တန်ဖိုးသင့် စမတ်ဖုန်းဟာ 2015 ခုနှစ် အတွင်းက မိတ်ဆက်ခဲ့ဖူးတဲ့ Flagship အဆောင်ယောင် $250 တန် OnePlus X အသွင်နဲ့ မြင်ရနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပါ။

Source: The Verge