fbpx

This is digital planet.

OPPOTech NewsVivo

OPPO နဲ့ Vivo တို့ရဲ့ 5G Models တွေ ခပ်စောစောထွက်ဖို့ရှိနေ

5G ဟာ ဒီနှစ်မှာ နာမည်ကြီးနေပြီး အခုလက်ရှိဈေးကွက်မှာ 5G-supported handsets အတွဲလိုက်လို့တွေ့ရမှာပါ။ မကြာခင်လတွေ မှာ အဓိက ဖုန်းထုတ်လုပ်သူတွေအနေနဲ့ သူတို့ရဲ့ 5G Flagship ဖုန်းတွေနဲ့ mid-range 5G smartphones တွေကို 2020 အစောပိုင်းမှာထုတ်ဖို့ရှိနေတဲ့အတွက် ပြိင်ဆိုင်မှုတွေ ပိုများလာတော့မှာပါ။ OPPO နဲ့ Vivo ဟာလည်း သူတို့ရဲ့ ဖုန်းတွေကို ပိုကောင်းအောင်လုပ်ပြီး 5G ပြိုင်ပွဲကို စောစော၀င်ရောက်လာနိုင်ပါတယ်။

Digitimes တင်ပို့ထားတဲ့ သတင်းအရ OPPO နဲ့ Vivo ဟာ သူတို့ရဲ့ 5G ဖုန်းတွေကို 2019 အကုန် ၊ 2020 အစောပိုင်းမှာ ထုတ်လာမယ်လို့ သိရပါတယ်။ အဲ့လို ထွက်ရှိလာမယ့်ရက်ကို အစောဆုံးပြုလုပ်လိုက်တဲ့အတွက် ကုမ္ပဏီနှစ်ခုလုံးအနေနဲ့ ဒီနှစ်အကုန်မှာ 5G ဖုန်းကိုမိတ်ဆက်ဖို့ မျော်လင့်ထားတဲ့ Realme ၊ Honor စတဲ့ ပြိုင်ဘက်တွေအပေါ် အခွင့်ကောင်းယူလာနိုင်ပါတယ်။ Realme ဟာ Qualcomm ရဲ့ 5G ပါ၀င်တဲ့ Chipset ကို သုံးလာမယ့် ဖုန်းကို ပထမဆုံးထုတ်လာမယ့် Brand လို့ကြေညာထားပါတယ်။

စိတ်၀င်စားဖို့ကောင်းတာကတော့ MediaTek ဟာလည်း သူတို့ရဲ့ 5G SoC ကို Q4 2019 မှာစတင် ပို့ဆောင်မယ်လို့ဆိုထားသေးပါတယ်။ ဒါပေမယ့် OPPO နဲ့ Vivo ဟာ MediaTek 5G chip ကို သုံးလာနိုင်‌ခြေမရှိပါဘူး။ Vivo မှာ Samsung ရဲ့ 5G Exynos 980 SoC အသစ်ကို သုံးထားလာနိုင်တဲ့ အနည်းဆုံး ဖုန်းတစ်လုံး ဒီနှစ်အတွင်းမိတ်ဆက်လာနိုင်ပါတယ်။

အခုလက်ရှိ တရုတ်မှာ Vivo ရဲ့ iQOO Pro 5G နဲ့ NEX 3 ဆိုပြီး 5G models နှစ်မျိုးရှိပြီး Xiaomi မှာတော့ လက်ရှိ တရုတ်မှာ ဈေးအနည်ဆုံး 5G ဖုန်းဖြစ်တဲ့ Mi 9 Pro 5G အသစ်တစ်လုံးပဲရှိပါတယ်။ Huawei မှာတော့ ဈေးကြီးတဲ့ Mate 20 X 5G တစ်လုံးရှိပါတယ်။ OPPO မှာတော့ တရုတ်ဈေးကွက်မှာ ဘာ 5G models မှမရှိ‌သေးပါဘူး။ International အတွက်တော့ Reno 5G တော့ထွက်ရှိထားပါတယ်။ ဒါ‌ပေမယ့် အခြေအနေတွေက လာမယ့်လတွေမှာ မြန်မြန်ဆန်ဆန်ပြောင်းလဲလာဖို့ ရှိနေပါတယ်။

Ref: Gizmochina