fbpx

This is digital planet.

OPPOTech News

OPPO မှာ F11 Pro ကို Avengers Edition (Limited Edition) ထုတ်လုပ်မည်

OPPO Malaysia က Avengers: Endgame မပြသခင်မှာ Avengers Limited Edition ဆိုပြီး TVC ပြသလိုက်ပါတယ်။ မြန်မာပေါကားမဟုတ်တဲ့ Avengers: Endgame ရုပ်ရှင်က မြန်မာပြည်တွင်သာမက တစ်ကမ္ဘာလုံးက စိတ်ဝင်စားအာရုံစိုက်နေတဲ့ Superhero ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။

OPPO F11 Pro Avengers Limited Edition

OPPO Team အနေနဲ့ Disney နဲ့ ပူးပေါင်းပြီး F11 Pro ကို Avengers Edition အဖြစ်ထုတ်လုပ်ခဲ့တာပါ။ ဖုန်းရဲ့ ရှေ့ဘက် Design က ရိုးရိုး F11 Pro နဲ့ တူပြီးတော့ ကျောဘက်ခြမ်းမှာတော့ အပြာရောင်အကွက် ပေါ်မှာ အနီရောင် Avengers Logo ကို ရေးထိုးထားတာဖြစ်ပါတယ်။

Specs တွေအနေနဲ့ကတော့ FHD+ 6.53 inch Display, RAM 6GB/Storage 128GB, Helio P70 (Helio ထဲမှာ နာမည်ကောင်းရသော SoC ဖြစ်ပါတယ်), 16MP Rising Camera, 48MP + 5MP ကျောဘက် Camera နဲ့ 4000 mAh Battery တို့ပါဝင်မှာဖြစ်ပါတယ်။ VOOC 3.0 Fast Charging စနစ်လဲ ပါဝင်ပါသေးတယ်။

Avengers Edition ကိုတော့ April 24 ရက်နေ့တွင် မလေးရှားမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ရိုးရိုး F11 Pro ဈေးနှုန်းကတော့ ၅ သိန်းမပြည့်သော 499,900 ကျပ်ဖြစ်ပါတယ်။

Ref: Android Central