fbpx

This is digital planet.

OPPOTech News

OPPO မှ အသစ်ထွက်လာမယ့် flagship 5G စမတ်ဖုန်းအသစ် နှင့် OPPO Reno3 Pro တွင် Qualcomm Snapdragon 865 နှင့် 765G တို့ကို အသုံးပြုထားမယ့် အကြောင်းကြေညာ

OPPO မှ Qualcomm® Snapdragon ™ 865 Mobile Platform ကို ၂၀၂၀ရဲ့ ပထမသုံးလပတ်ထဲမှာ ထုတ်လုပ်မယ့် flagship 5G စမတ်ဖုန်းတွင် အသုံးပြုသွားမယ့် ကုမ္ပဏီများအနက်မှတစ်ခုအဖြစ် နှစ်စဥ်ကျင်းပပြုလုပ်တဲ့ Qualcomm Snapdragon Tech Summitတွင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Qualcomm Technologies ရဲ့ မျိုးဆက်သစ် Snapdragon 765G Mobile Platform ကိုလည်း ယခုလမှာ စတင်မိတ်ဆက်မယ့် Reno3 Pro စမတ်ဖုန်းတွင် brand ရဲ့ ပထမဆုံး dual mode 5G smartphone အဖြစ် အသုံးပြုလာမှာ ဖြစ်ပါတယ်။

Snapdragon 5G mobile platform ဟာ OPPO ရဲ့ flagship စမတ်ဖုန်းတွေကို cellular connectivity၊ performance နဲ့ power efficiency တွေ ကောင်းမွန်အောင် ထောက်ပံ့ပေးမယ့်အပြင် ဗီဒီယို၊ ဓာတ်ပုံနဲ့ ဂိမ်းကစားခြင်း အတွေ့အကြုံကောင်းများကိုလည်း ပေးစွမ်းသွားမှာ ဖြစ်ပါတယ်။ အသစ်ထွက်လာတော့မယ့် Reno3 Pro မှာလည်း Snapdragon 765G Mobile Platform ကို အသုံးပြုထားမှာ ဖြစ်ပြီး 7nm process technology နဲ့ တည်ဆောက်ထားတဲ့အတွက် အသုံးပြုသူများကို ထူးခြားတဲ့ 5G အတွေ့အကြုံတွေကို ခံစားရဦးမှာ ဖြစ်ပါတယ်။

5G စမတ်ဖုန်းများရဲ့ ရှေ့ဆောင်ဖြစ်တဲ့ OPPO မှ ယခုနှစ် မေလကလည်း Reno 5G ကို ဥရောပတွင် ပထမဆုံး commercial 5G စမတ်ဖုန်းအဖြစ် ဆွစ်ဇာလန်နိုင်ငံတွင် တရားဝင်ဖြန့်ချီပေးခဲ့ပါတယ်။ ဒါ့အပြင် OPPO သည် Reno 5G စမတ်ဖုန်းကို သြစတြေးလျ၊ U.K. နဲ့ အီတလီ တွင်လည်း ထပ်မံဖြန့်ချီခဲ့ပြီး Reno 5G ဖြင့် “Best 5G Network Development in Europe” awardကို Qualcomm Technologies နှင့် Ericsson တို့နှင့်အတူ ဇွန်လက ပူးတွဲချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

OPPO သည် တစ်ကမ္ဘာလုံးဆိုင်ရာ 5G ဖြန့်ကျက်မှုကို အရှိန်မြှင့်ပေးသော DSS Technology ကို ပထမဦးဆုံး ထောက်ပံ့သည့် စမတ်ဖုန်း brand ဖြစ်လာ

OPPO သည် Ericsson၊ Qualcomm Technologies၊ Swisscom နဲ့ Telstra တို့နဲ့ ပူးပေါင်းကာ DSS (Dynamic Spectrum Sharing) data call ကို ထောက်ပံ့တဲ့ ကမ္ဘာ့ပထမဦးဆုံး 5G စမတ်ဖုန်း ဖြစ်ကြောင်းကိုလည်း ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ ထို့ကြောင့် OPPO ဟာ DSS ကို ထောက်ပံ့သည့် ကမ္ဘာလုံးဆိုင်ရာ ပထမဆုံးစမတ်ဖုန်း အမှတ်တံဆိပ်လည်း ဖြစ်လာပြီ ဖြစ်ပါတယ်။ DSS နည်းပညာဟာ လက်ရှိ 4G နှင့် 5G များရှိ frequency spectrums နဲ့ networks accelerating များတွင် ကမ္ဘာလုံးဆိုင်ရာ 5G service များကိုအရှိန်မြှင့်တင်ကာ 5G အတွေ့အကြုံကောင်းများကို ကျယ်ပြန့်စွာ ရရှိစေမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ခေါ်ဆိုမှုတွင် Swisscom နှင့် Telstra ရဲ့ commercial 5G ကွန်ရက်များ မှတဆင့် Ericsson Spectrum Sharing (ESS) နည်းပညာ ကိုဆက်သွယ်တဲ့ Qualcomm® Snapdragon ™ X55 5G Modem-RF စနစ် ထောက်ပံ့ထားတဲ့ OPPO 5G စမတ်ဖုန်းကို အသုံးပြုခဲ့ပါတယ်။ 3GPP Frequency Division Duplex (FDD) band တွင် spectrum sharing ကို အသုံးပြုကာ ခေါ်ဆိုမှုကို ပြုလုပ်ခဲ့ပါတယ်။ ထိုခေါ်ဆိုမှုဟာ OPPO Ericsson 5G Joint Lab ရဲ့ပထမဆုံးအောင်မြင်မှုဖြစ်ပြီး အသုံးပြုသူများအတွက် ထူးခြားတဲ့ 5G ဗီဒီယိုခေါ်ဆိုမှု အတွေ့အကြုံကို ဖန်တီးရန်အတွက် ဗီဒီယိုအရည်အသွေး မြှင့်တင်ခြင်းနဲ့ latency များကိုပါ သိသိသာသာလျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

OPPO မှ Software Engineering Business Unit ရဲ့ Vice President and President ဖြစ်သူ Andy Wu က “ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီ ဖြစ်တဲ့ OPPO ဟာ 5G ကို commercialization အနေနဲ့ အမြန်ကူးပြောင်းဖို့အတွက် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိပါတယ်။ Dynamic Spectrum Sharing (DSS) နည်းပညာကို အသုံးပြုမှု လွယ်ကူစေရန်အတွက် Ericsson၊ Qualcomm၊ Swisscom နှင့် Telstra တို့နှင့်ပူးပေါင်းမှုသည် 5G ခေတ်တွင် ကျွန်ုပ်တို့ရဲ့ နက်ရှိုင်းတဲ့ ပူးပေါင်းမှု တစ်ခုဖြစ်ပါတယ်။ OPPOမှ လာမည့်နှစ်တွင် ပိုမိုတည်ငြိမ်မြန်ဆန်တဲ့ 5G ဆက်သွယ်မှုများနဲ့ ပိုမိုကောင်းမွန်တဲ့ အသုံးပြုသူ အတွေ့အကြုံများကိုပေးစွမ်းမယ့် DSS နည်းပညာ ထောက်ပံ့ပေးတဲ့ 5G စမတ်ဖုန်းများကို စတင်ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

OPPO ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ 5G နယ်ပယ်တွင် အကောင်းဆုံးစွမ်းဆောင်ရည်များကို သယ်ဆောင်လာပေးမည့် စမတ်ဖုန်း brand တစ်ခုအဖြစ် 5G အတွက် product research နှင့် scenario applications များတွင် အားသာချက်များစွာဖြင့် ရှေ့ဆက်နေပြီ ဖြစ်ပါတယ်။ OPPO သည် Qualcomm Technologies နှင့် အခြား industry partners များနဲ့ဆက်လက် ပူးပေါင်းပြီး 5G အတွေ့အကြုံများကို ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူများဆီ သယ်ဆောင်လာတော့မှာ ဖြစ်ပါတယ်။

Press release by OPPO.