fbpx

This is digital planet.

OPPOTech News

OPPO မှ ColorOS 7 အသစ်ကို စတင် မိတ်ဆက်လိုက်ပြီး ရရှိမယ့် အချိန်နဲ့ နိုင်ငံများကို ကြေညာ

ကမ္ဘာ့ရှေ့ဆောင် စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ OPPO မှ Android operating system (OS) ကို အခြေခံထားတဲ့ ColorOS 7 အသစ်ကို တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဆောင်ပုဒ်အသစ်ဖြစ်တဲ့ “Smooth and Delightful” ဖြင့် ColorOS ရဲ့ အဆုံးမရှိတဲ့ ဒီဇိုင်းအယူအဆ တွေကို ဖော်ထုတ်ပြသခဲ့ပြီး သုံးစွဲသူများအား သက်သောင့်သက်သာ ရှိပြီး အသုံးပြုရပိုမို လွယ်ကူလာစေရန်အတွက် နည်းပညာဆိုင်ရာ ဖြေရှင်းနည်းများနဲ့ အသစ်အသစ်သော featuresများကို ပြသလိုက်ပြီ ဖြစ်ပါတယ်။

“OPPO ဟာ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ သုံးစွဲသူ သန်း ၃၀၀ ကျော်အတွက် ColorOS ကို ပိုမိုမြန်ဆန်သွက်လက်ပြီး အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားလုပ်ဆောင်ထားပါတယ်။ ဒီ update မှာဆိုရင် ယခင်ဒီဇိုင်းကို ပြန်လည်မွန်းမံထားတဲ့အပြင် audiovisual နဲ့ gaming experience တွေကိုပါ တိုးတက်အောင်လုပ်ဆောင်‌ ထားပါတယ်။” ဟု OPPO ColorOS ရဲ့ Senior Strategy Manager Martin Liu ကပြောကြားခဲ့ပါတယ်။

အသုံးပြုသူများကို လွယ်ကူပေါ့ပါးစွာ သုံးစွဲစေနိုင်မယ့် အဆုံးမရှိတဲ့ ဒီဇိုင်း

ColorOS 7 ကို အသုံးပြုသူများ သုံးစွဲချင်တဲ့ content များကို ပေါ့ပါးသွက်လက်ပြီး အသုံးပြုရလွယ်ကူစေရန်အတွက် အဆုံးမရှိတဲ့ ဒီဇိုင်းများနဲ့ ပြုလုပ်ပေးထားပါတယ်။ Icon များကို ပြုပြင်ထားတဲ့အပြင် တစ်နေ့တာ လုပ်‌ဆောင်ချက်များမှာ Dark Modeကို ဖွင့်ထားခြင်းဖြင့် ကောင်းမွန်တဲ့ စာဖတ်ခြင်း အတွေ့အကြုံများကို ရရှိစေမှ ဖြစ်သလို ဘက်ထရီသုံးစွဲမှုများကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

OPPOရဲ့ brand နဲ့ visual identityကို တီထွင်ခဲ့တဲ့ ကမ္ဘာ့နာမည်ကြီး ဒီဇိုင်းအေဂျင်စီတစ်ခုဖြစ်တဲ့ Pentagramမှ Eddie Opara ကလည်း “ColorOS 7 အသစ်ဟာဆိုရင် OPPO ရဲ့ ပြီးပြည့်စုံတဲ့ အမှတ်တံဆိပ် တစ်ခု ဖြစ်ပါတယ်။ အသံနဲ့ ပုံရိပ်တွေကနေ စတင်ပြီးတော့ အသုံးပြုသူတွေရဲ့ အတွေ့အကြုံနဲ့ စိတ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုတွေ ကောင်းမွန်စေဖို့အတွက် ရှုထောင့်တိုင်းကို OPPO ရဲ့ နူးညံ့ပြေပြစ်လှပတဲ့ အမှတ်တံဆိပ်တွေနဲ့ ဖန်တီး ပြုလုပ်ထားပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

အသုံးပြုသူများကို စိတ်ကျေနပ်မှုရရှိစေမယ့် အသံပိုင်းတိုးတက်လာမှု

ColorOS 7 သည် ယခင်ကထက် ပိုမိုအလိုလိုသိသော တုံ့ပြန်ချက်တွေကို ပေးစွမ်းသွားမှာ ဖြစ်ပြီး ရာသီဥတုနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပေးမယ့် alarm စနစ်အသစ်လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

အသုံးပြုသူများ စိတ်ကျေနပ်စေမယ့် Wallpaper အသစ်များကိုလည်း ထည့်သွင်းပေးထားတဲ့ အပြင် အဆင့်မြှင့်ထားတဲ့ ကြည်လင်ပြတ်သားတဲ့ တုံ့ပြန်မှုအသံများနဲ့ ထိတွေ့မှုအတွေ့အကြုံများကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။ charging၊ weather နဲ့ deleting apps များမှာ ဆိုရင်လည်း animations အသစ်များဖြင့် ထွက်ရှိလာမှာ ဖြစ်ပြီး system controls ပိုင်း၊ ringtone နဲ့ notifications များမှာ သဘာဝကျသော အသံများဖြင့် ပိုမို သက်သောင့်သက်သာရှိသည့် listening experienceကို ပေးစွမ်းရန်အတွက် ဒိန်းမတ်ရဲ့ အသံဒီဇိုင်းကုမ္ပဏီ Epic Sound နဲ့ လက်တွဲလုပ်ဆောင်ထားပါတယ်။

ယခင်ကထက် ပိုမို ချောမွေ့သွက်လက်လာြခင်း

ColorOS သည် UI-First concept ဖြင့်မောင်းနှင်ပြီး သုံးစွဲသူများ ချောမွေ့မြန်ဆန်သော အတွေ့အကြုံကို ရရှိရန် အတွက် oFas, oMem နှင့် oSense တို့ဖြင့် လုပ်ဆောင်ထားပါတယ်။ oFas သည် cache-pre-load လုပ်သော mechanism တစ်ခုဖြစ်ပြီး အက်ပ်များကို ဖွင့်ရာတွင် မြန်ဆန်သွက်လက်စွာ ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ oMem ကလည်း ram ပိုင်းကို ၄၀ ရာခိုင်နှုန်းထိ တိုးမြှင့်အောင် စွမ်းဆောင် ပေးနိုင်မှာ ဖြစ်ပြီး multiple apps များ run နေတဲ့အချိန်များတွင်လည်း ယခင်ကထက် ၃၀ ရာခိုင်နှုန်းတိုးတက်လာမှာ ဖြစ်ပါတယ်။ scheduling mechanism တစ်ခုဖြစ်တဲ့ oSense သည်လည်း ယခင်ကထက် touch response ပိုင်းတွင် ၂၁.၆ ရာခိုင်နှုန်း နှင့် frame rate ပိုင်းတွင် ၃၈ ရာခိုင်နှုန်း တိုးတက်မှုများရှိလာတဲ့အတွက် battle ဂိမ်းများဆော့ရာတွင် ပိုမိုချော့မွေ့စွာ ဆော့ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ privacy protection

အသုံးပြုသူများရဲ့ personal information များကိုလည်း third-party apps များမှတစ်ဆင့် ပျံ့နှံ့မသွားအောင် ကာကွယ်ပေးထားတဲ့ Private Safe သည် photos၊ videos၊ audio၊ နဲ့ documents များကိုလည်း apps များမှတစ်ဆင့် ဝင်ရောင်ခွင့်ကို ပိတ်ဆို့ထားပြီး storage folder ထဲမှာရှိတဲ့ လုံခြုံတဲ့ “zone” အတွင်းသို့ ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

ပုံရိပ်များနဲ့ ဗွီဒီယိုပိုင်းကို မြှင့်တင်ပေးမယ့် လုပ်ဆောင်ချက်အသစ်များ

OPPO သည် ယခင်ကတည်းက ပုံရိပ်ပိုင်း စွမ်းဆောင်ရည်ကောင်းမွန်မှုများဖြင့် အမြဲတမ်းလူသိများခဲ့ပြီး ColorOS 7 ကလည်း နောက်အဆင့်သို့ တက်လှမ်းစေခဲ့ပြီ ဖြစ်ပါတယ်။ AI Beautification 2.0 သည် ပတ်ဝန်းကျင်နဲ့ အလင်းရောင်ကို တိုင်းတာကာ အသုံးပြုသူရဲ့ အသားအရေနဲ့ ကိုက်ညီမှုရှိစေဖို့ လုပ်ဆောင်ပေးမှာ ဖြစ်တဲ့အတွက် သဘာဝကျပြီး ကြည်လင်ပြတ်သားတဲ့ အသွင်အပြင်ကို ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။

Ultra Night Mode တွင်လည်း ညစာစားပွဲများနဲ့ ညစျေးများကဲ့သို့ ညဘက်ရိုက်ကူးမှုများတွင် noise များကိုလျော့ချပေးပြီး ကြည်လင်ပြတ်သားတောက်ပတဲ့ ပုံများကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ColorOS 7တွင် အသစ်ပါဝင်လာတဲ့ OPPOရဲ့ smart video editor တစ်ခုဖြစ်တဲ့ Soloop ဖြင့်လည်း မိမိစိတ်ကြိုက် ဗီဒီယိုဖန်တီးမှုများကို ရိုးရှင်းလွယ်ကူစွာ edit လုပ်နိုင်မှာ ဖြစ်ပါတယ်။

OPPO ရဲ့ အကြီးမားဆုံးအဆင့်မြှင့်တင်မှုဖြစ်တဲ့ ColorOS 7 ကို Reno, Find, F, K နှင့် A စီးရီးမော်ဒယ်များအပါအဝင် ဖုန်းမော်ဒယ်ပေါင်း ၂၀ ကျော်ကို တရုတ်၊ တောင်အာရှ၊ အရှေ့တောင်အာရှ၊ ဥရောပ၊ အာရှပစိဖိတ်ဒေသများ နှင့် အရှေ့အလယ်ပိုင်းရှိ နိုင်ငံများတွင် နိုဝင်ဘာလ ၂၆ရက်နေ့မှ စတင်ကာ ဖြန့်ချီပေးသွားတော့မှာ ဖြစ်ပါတယ်။

Press release by OPPO.