fbpx

This is digital planet.

OPPOTech News

OPPO မှ developer များ၊ partner များနဲ့အတူ intelligent service ecosystem အသစ်တစ်ခုကို အတူတကွတည်ဆောက်ရန်အတွက် ပဏာမခြေလှမ်း (၃) ခုကို ကြေငြာ

OPPO ဟာ 2019 OPPO Developer Conference (ODC) ကို “Innovation and Intelligence” ခေါင်းစဉ်နဲ့အတူ ဘေဂျင်းမှာ စတင်ခဲ့ပြီး developer များ၊ partner များနဲ့အတူ intelligent service ecosystem အသစ်တစ်ခု အတူတကွ တည်ဆောက်ရန်အတွက် စတင်လုပ်ဆောင်မှုများကို ပြသခဲ့ပါတယ်။ Conferenceမှာ ပြသလိုက်တဲ့  ကြေငြာချက်အသစ် () ခုကတော့  developer များကို ၂၀၂၀ မှာ RMB ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၃ သန်းခန့်) ပံ့ပိုးကူညီသွားမယ့် အစီအစဉ်“Gravity Plan 2.0”၊  “Five System-level Capability Exposure Engines” နဲ့ IoT Enablement plan” တွေပဲဖြစ်ပါတယ်။

OPPO ဟာ ပြီးခဲ့သည့်နှစ်က ကိုယ်ပိုင် ColorOS operating systemမှာ ထူးခြားစွာ တိုးတက်မှုတွေရှိလာခဲ့ပါတယ်။ ယခုအခါမှာ OPPO ရဲ့ ecosystem အသစ်တစ်ခုကို တည်ဆောက်ရာမှာ ပါဝင်တဲ့ ColorOS operating system ရဲ့application တွေ services တွေနဲ့ content ပိုင်းတွေကိုအသုံးပြုတဲ့ တစ်ကမ္ဘာလုံးမှ လစဥ်အသုံးပြုသူအရေအတွက်ဟာ  သန်း ၃၂၀ ကျော်ထိ ရှိလာပြီ ဖြစ်ပါတယ်။ ယနေ့အချိန်အထိ developer ပေါင်း ၁၂၀,၀၀၀ ကျော်ဟာ OPPO ရဲ့ open platform ကို ဝင်ရောက်ခဲ့ပြီး OPPO ရဲ့ open capability service ကို တစ်နေ့မှာ အကြိမ်ရေ ဘီလီယံ ၃ ဘီလီယံကျော် အသုံးပြုခဲ့ပါတယ်။

Image result for oppo developer conference

Developer များနဲ့ အသုံးပြုသူတွေကို ချိတ်ဆက်ဖို့အတွက် “Gravity Plan 2.0” တွင် RMB ၁ ဘီလီယံ အသုံးပြုမည်

OPPO ဟာ ၂၀၁၈ခုနှစ်က ပြုလုပ်ခဲ့တဲ့ Developer Conference မှာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ထူးချွန်တဲ့ developer တွေကို RMB ၁ ဘီလီယံ ထောက်ပံ့ပေးမယ့် Gravity Plan အစီအစဥ်ကို တရားဝင်စတင်ခဲ့ပါတယ်။ ထိုအချိန်ကစပြီး လျှောက်လွှာပေါင်း ၂,၀၀၀ ကျော်အတွက် အရင်းအမြစ်တွေကို ထောက်ပံ့ပေးခဲ့ပြီး ရလဒ်အနေနဲ့ ပုံရိပ်ပေါင်း ၉.၂ ဘီလီယံနဲ့ download ပေါင်းသန်း ၁၈၀ ကျော်ရရှိခဲ့ပါတယ်။

OPPO မှ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်း ဒုဥက္ကဌ Henry Duan က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ နိုင်ငံတွေနဲ့ ဒေသပေါင်း ၁၄၀ ကျော်မှာ ရရှိနိုင်တဲ့ ColorOS ရဲ့ အကူအညီနဲ့အတူ “Gravity Plan 2.0” ဟာ အဓိကအသုံးချနယ်ပယ် (၄) ခုဖြစ်တဲ့ applications၊ services content နဲ့ global development တွေမှာ ပါဝင်သူတွေကို စဉ်ဆက်မပြတ်နဲ့ အပြန်အလှန် အထောက်အပံ့တွေကို ပေးအပ်ဖို့အတွက် ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တဲ့ အစီအစဉ်ကနေစတင်ပြီး ထောက်ပံ့သွားမှာ ဖြစ်ပါတယ်” လို့ conferenceမှာ ပြောကြားခဲ့ပါတယ်။

Image result for oppo developer conference

အတွေ့အကြုံအသစ်တွေကို ပေးစွမ်းမယ့် “ System-level Capability Exposure Engines” (၅)မျိုး

Developers များနဲ့အတူ OPPO ရဲ့ system-level capability ကို ပိုမိုလျှင်မြန်ချောမွေ့စွာ ချိတ်ဆက်နိုင်ဖို့နဲ့ အကောင်းဆုံး အတွေ့အကြုံအသစ်တွေကို ပေးစွမ်းနိုင်ဖို့အတွက် OPPO မှ “System-level Capability Exposure Engines” (၅) မျိုးဖြစ်တဲ့ Hyper Boost Link Boost CameraUnit MediaUnit နဲ့ ARUnit capabilities တွေကို မိတ်ဆက်ပေးထားခဲ့တဲ့အတွက် OPPO ဟာ developer များ၊ မိတ်ဖက်များ နဲ့အတူ အသုံးပြုသူတွေရဲ့ အတွေ့အကြုံတွေကို တိုးတက်စေမှာ ဖြစ်ပါတယ်။

OPPO မှ Software Engineering ရဲ့ ဒုဥက္ကဌ ဖြစ်တဲ့ Andy Wu က “OPPO ဟာ System-level Capability Exposure Engines (၅) မျိုးကို မိတ်ဆက်လိုက်ခြင်း နဲ့အတူ developer တွေရဲ့ တီထွင်ဖန်တီးမှုတွေကို မြှင့်တင်ရန်၊ အခြေအနေများကိုလေ့လာရန်၊ reality နဲ့ virtual တွေကို ပေါင်းစပ်လုပ်ဆောင်မယ့် intelligent connectivity ကမ္ဘာတစ်ခုကို တည်ဆောက်ရန်အတွက် ကူညီပေးသွားမှာ ဖြစ်ပါတယ်” ပြောကြားခဲ့ပါတယ်။

Image result for oppo developer conference

နည်းပညာနဲ့  serviceပိုင်း ပေါင်းစည်းခြင်းကို အရှိန်မြှင့်တင်ပေးမယ့် “ IoT Enablement Plan” နဲ့ HeyThings IoT ၀န်ဆောင်မှု platform  

OPPO ဟာ အနာဂတ်မှာ နည်းပညာနဲ့  serviceပိုင်း ပေါင်းစည်းခြင်းကို အရှိန်မြှင့်တင်ပေးမယ့်  IoT Enablement Plan ကိုဖွင့်လှစ်သွားမှာ ဖြစ်ပြီး OPPO ရဲ့ HeyThings IoT protocol HeyThings IoT service platform နဲ့ audio connectivity protocol  တွေကိုလည်း မိတ်ဆက်ပေးသွားမယ်လို့ conferenceမှာ ကြေညာခဲ့ပါတယ်။ အသစ်အဆင့်မြှင့်တင်ထားတဲ့ HeyThings IoT service platformကို 2020 Q1 မှာ OPPO ရဲ့ open platform ကနေတဆင့် ဖြန့်ချိမယ်လို့ မျှော်လင့်ထားပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် အသံဆက်သွယ်မှု protocol ရဲ့ ပထမအဆင့်ကို စတင်အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

OPPO မှ Intelligent Mobile Devices ရဲ့ ဒုဥက္ကဌ ဖြစ်တဲ့ Bobee Liu က “OPPO ရဲ့ robust ecosystem ထဲမှာ Intelligent Mobile Devices တွေဖြစ်လာမယ့် OPPO ရဲ့ ပထမဦးဆုံး smart watch၊ OPPO Watch နဲ့ health platform တစ်ခုကို မကြာခင်မှာ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

OPPO ရဲ့ Founder and CEO ဖြစ်တဲ့ Tony Chen ကလည်း “OPPO ဟာ ကနဦးကတည်းက ဖုန်းတစ်မျိုးတည်း ထုတ်လုပ်သူ တစ်ဦးမဟုတ်ပါဘူး။ 5G, AI, AR၊ big data နဲ့ အခြား ဆက်စပ်နည်းပညာတွေအပြင် hardware, software နဲ့ system တွေမှာ အဓိကနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နောက်သုံးနှစ်အတွင်း RMB ဘီလီယံ ၅၀ (အမေရိကန်ဒေါ်လာ ၇ ဘီလီယံ) ကို R&D အသုံးစရိတ်အနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားပါတယ်” လို့ ယခုနှစ်အတွက် ကျင်းပတဲ့ OPPO INNO DAY မှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ OPPO ဟာ အနာဂတ်မှာလည်း မိတ်ဖက်များနဲ့အတူ တက်ကြွစွာပူးပေါင်းကာ အသိဥာဏ်ရှိတဲ့ ဆက်သွယ်မှုခေတ်မှာ smart services တွေနဲ့အတူ ecosystem တစ်ခုတည်ဆောက်ဖို့အတွက် ကြိုးစားလုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။

Press release by OPPO.