This is digital planet.

OPPOTech News

OPPO ရဲ့ Smartwatch မှာ နှလုံးခုန်နှုန်းကိုတိုင်းတာပေးမယ့်  ECG Function ပါဝင်လာမယ်

OPPO အနေနဲ့ သူတို့ရဲ့ပထမဆုံး Smartwatch ကိုဒီနှစ်မှာ မိတ်ဆက်လာမယ်လို့ သတင်းထွက်ရှိလာပါတယ်။ OPPO ကိုယ်တိုင်ကလည်း သူတို့ရဲ့ Smartwatch ကို ၂၀၂၀ ပထမဆုံးသုံးလအတွင်း မိတ်ဆက်လာမယ်လို့ အတည်ပြုထားပါတယ်။

အရင်နှစ်တုန်းက OPPO ရဲ့ ဒုတိယဥက္ကဌ Brian Shen ရဲ့ Weibo မှာတင်ထားတဲ့ Post အရ ထို Smartwatch ဟာ Xiaomi Mi Watch လိုပဲ လေးထောင့်ပုံစံရှိလာမယ်လို့သိရပါတယ်။ အဲ့အချိန်က Mi Watch ဟာ Apple Watch Series 5 နဲ့တူလို့ဆိုပြီး ပြင်းထန်နဲ့ ဝေဖန်မှုတွေရခဲ့တဲ့အချိန်ပါ။

ကုမ္ပဏီရဲ့တာဝန်ရှိသူပြောကြားချက်အရ ‌ထောင့်မှန်စတုဂံပုံ Dial ဟာ စက်ဝိုင်းပုံ Dial ထက် ပိုများတဲ့ Information ပေးနိုင်တာမလို့ ထိုစက်ဝိုင်းပုံ Dial ထက်ပိုကောင်းတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့်လည်း စက်ဝိုင်းပုံ Dial Smartwatch ဟာ တွေ့နေကြနာရီပုံစံတစ်ခုနဲ့တူတာမလို့ အသွင်အပြင်က ထောင့်မှန်စတုဂံပုံ Dial ထက် ပိုလှတယ်လို့ ပြောခဲ့ပါသေးတယ်။

အခု Digital Chat Stations ရဲ့ Leak တစ်ခုအရ OPPO smartwatch  ဟာ  ECG/EKG ကိုတိုင်းတိုင်နိုင်မယ်လို့သိရပါတယ်။ ECG နဲ့အတူ သင်အနေနဲ့ သင့်ရဲ့နှလုံးမှာ  ပုံမှန်မဟုတ်တဲ့ ဖောက်ပြန်မှု‌တွေ ဒါမှမဟုတ်   ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေရှိလာတဲ့အခါ သတိပေးဦးမှာပါ။ အဲ့တာက ပုံမှန်နှလုံးခုန်နှုန်းကို တိုင်းတာတာထက် ပိုကောင်းပါတယ်။

တစ်ခြား Smartwatch တွေမှာလဲ ECG နည်းပညာ တစ်ခါတည်းပါ၀င်ပါတယ်။ အဲ့ထဲမှာ နာမည်ကြီးတဲ့ Apple Watch Series 5 ၊ Samsung Galaxy Active 2 ၊ Withings Move ECG နဲ့ Amazfit Verge တို့ ပါ၀င်ပါတယ်။ နောက်ထပ်လည်း OPPO Smartwatch မှာ ပြိုင်ဘက် Smartwatches တွေထက် အသာစီးယူနိုင်ဖို့ Features အပိုတွေပါလာနိုင်ပါတယ်။

လောလောဆယ်တော့ OPPO Smartwatch ထွက်ရှိလာမယ့်ရက်ကို မသိရသေးပေမယ့် Find X2 Flagship ဖုန်းနဲ့အတူ ထို Smartwatch ကိုမိတ်ဆက်လာဖို့ရှိနေပါတယ်။

Ref: Gizmochina