fbpx

This is digital planet.

ArticlesOPPOTech News

OPPO ရဲ့ 10x Lossless Zoom ဆိုတာ…

မနှစ်က ဒီလိုအချိန်မျိုးမှာ OPPO ရဲ့ 5x Optical Periscope Lens ကို MWC မှာ ပြသသွားခဲ့တာ မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒီနည်းပညာဟာ Fan တွေအတွက် ရင်ခုန်စရာဖြစ်ခဲ့ပေမယ့် 2018 ရဲ့ OPPO Smartphone တွေမှာတော့ မမြင်ခဲ့ရပါဘူး။ ဒီနှစ် MWC မှာတော့ OPPO အနေနဲ့ ပိုကောင်း၊ ပို Compact ဖြစ်တဲ့ 10x Lossless Zoom နည်းပညာကို ချပြီး သူတို့ရဲ့ Smartphone တွေမှာအသုံးပြုတော့မယ်လို့ပါ အတည်ပြုပြောကြားခဲ့ပါပြီ။

မနှစ်က Periscope Lens ပါတဲ့ Prototype Unit ဟာ အတော်လေးထူတာ သတိထားမိခဲ့ကြမှာပါ။ ဒါပေမယ့် ဒီနှစ် Triple Camer Set-up ပါဝင်တဲ့ Protype ရဲ့အထူဟာ သာမန်ဖုန်းတစ်လုံးစာလောက်ပဲ ရှိတာတွေ့ရတယ်။ Slim and Compact Design နဲ့ Smartphone တွေပေါ်မှာ ဒီနည်းပညာကိုသုံးနိုင်အောင် OPPO အနေနဲ့ အတော်ကြိုးစားခဲ့ပုံရတယ်။ ဒါဆို Camera ပိုင်းကို ဆက်ရအောင်။

တကယ်တော့ သူ့ရဲ့ 10x Lossless Zoom ကို ကောင်းကောင်းအလုပ်လုပ်ဖို့ Camera ၃ လုံးစလုံး ပူးတွဲအလုပ်လုပ်ကြရပါတယ်။ သူ့ရဲ့ Triple Camera Set-up မှာ Ultra-wide Lens, 48 MP Main Lens နဲ့ Periscope Telephoto Lens ဆိုပြီး ၃ လုံးပါဝင်တယ်။ Ultra-wide Lens ရဲ့ Focal Length ဟာ 16mm equivalent ဖြစ်ပြီး Periscope Lens မှာတော့ 35mm ကနေ 160mm အထိ equivalent ဖြစ်တဲ့ Variable Focal Length ပါဝင်ပါတယ်။ ဒါကြောင့် Ultra-wide နဲ့ Periscope ကြားက Focal Length (16-160mm) ပူးပေါင်းအလုပ်လုပ်မှ 10x Lossless Zoom ကို ရရှိမှာပါ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ။ တကယ်တမ်းက သူ့ရဲ့ Periscope Lens ဟာ 8x (အတိအကျပြောရင် 8.2x) ထိပဲ ကောင်းကောင်း Zoom ဆွဲနိုင်တာပါ။ ဒီတော့ ကျန်တဲ့ 2x ကို ဘာနဲ့ Zoom လဲ? ရွှေဘ အလှည့်က ခုမှရောက်တာပါ။ 48 MP Main Camera ရဲ့ Digital Zoom အကူအညီကို ယူရပါတယ်။ (ဒါကြောင့်လဲ Optical အစား Lossless လို့ နာမည်ပေးထားတာပေါ့) ကျွန်တော်တို့ ခဏခဏပြောခဲ့သလို 48 MP ကို Company တွေတက်လှမ်းကြတာဟာ Pixel Binning နဲ့ Marketing အတွက်ပဲ မဟုတ်ပါဘူး။ Digital Zoom ရဲ့ Image Quality ကိုပါ တိုးတက်လာဖို့ ရည်ရွယ်ကြတာကြောင့်ပါ။

(48 MP Photo တစ်ပုံကို ဘယ်လောက်ထိ Zoom ဆွဲကြည့်နိုင်လဲဆိုတာ Note 7 Camera Sample လေးကို ပြန်အမှတ်ရကြမယ်လို့ မျှော်လင့်ပါတယ်)

ဒါဆိုရင် OPPO ရဲ့ 10x Zoom က လုံးဝ Perfect ဖြစ်နေပြီလား? အဲလိုတော့လည်းမဟုတ်သေးဘူးဗျ။ MWC မှာ ကိုယ်တိုင်စမ်းသပ်ခဲ့တဲ့သူတွေ ပြောပုံအရတော့ Object များတဲ့ရှုခင်းတွေကို Maximum Zooming ဆွဲတဲ့အခါမှာ တစ်ချို့နေရာတွေက Focus မပြတ်ချင်တာရယ်၊ Main ရော Periscope Camera မှာပါ OIS ပါပေမယ့် Zoom ပမာဏများလာတဲ့အခါ Camera က တုန်နေသလိုဖြစ်နေတာ စတဲ့အားနည်းချက်လေးတွေလည်း တွေ့ခဲ့ရတယ်လို့ ပြောထားကြတယ်။ ဒါကလည်း Prototype မို့ တကယ့် Unit တွေမှာ Fixed လုပ်လာနိုင်တဲ့အချက်တွေလို့ပဲ ယူဆပါတယ်။ သေချာတာကတော့ Smartphone Macro Photography ပိုင်းဟာ အရင်ကထက် အများကြီးပိုပြီးတိုးတက်လာတော့မှာပါ။

OPPO အနေနဲ့ ဒီ Camera Set-up ပါဝင်မယ့် Smartphone ကို 2019, April လောက်မှာ မိတ်ဆက်သွားမယ်လို့လည်း ပြောကြားသွားပါတယ်။ (OPPO မှာပါလာရင် OnePlus မှာလည်း ပါလာတော့မယ်ဆိုပြီး မျှော်နေကြတဲ့ OnePlus Fan တွေလည်း မြင်တွေ့နေရပါပြီ) ဒါပေမယ့် Huawei ကလည်း မကြာသေးမီက Zoom နဲ့ပတ်သက်တဲ့ P30 Series ရဲ့ Teaser ကို ထုတ်ပြထားတယ်။ ဆိုတော့ကာ 2019 ရဲ့ Camera ပြိုင်ပွဲဟာ Main Camera ဘယ်လောက်ကောင်းတယ်ဆိုတာထက် ဘယ်လောက်ထိ Wide ဖစ်အောင်ရိုက်နိုင်မလဲ၊ ဘယ်လောက်ထိ Lossless Zoom ဆွဲနိုင်မလဲဆိုတာတွေကို ဦးစားပေးပြိုင်ဆိုင်လာနိုင်ခြေ ရှိနေပါတယ်။

Ref: OPPO