fbpx

This is digital planet.

OPPOTech News

OPPO ဟာ အလွန်ခုံးတဲ့ ဘောင်တွေပါဝင်တဲ့ Waterfall Screen ကို ထုတ်ဖော်ပြသ

OPPO အနေနဲ့ Under-display front camera ကို မကြာခင်ကထုတ်ဖော်ပြသခဲ့ပြီး အခု 88-degree curved ဖြစ်တဲ့ဘောင်နဲ့ ဘေးဘက်တွေမှာ ဘာခလုတ်မှမပါတဲ့ Screen ကို ထုတ်ဖို့ပြင်ဆင်နေပါတယ်။ အဲ့ Screen ကို Waterfall Screen လို့ခေါ်ပြီး Screen to body ratio 100 % နီးပါးရှိပါတယ်။ ဖုန်းအပေါ်နဲ့ အောက်ခြေက Bezels တွေက တော်တော်လေး ပါးနေတာကို တွေ့ရမှာပါ။ ဒီ Design က မထွက်သေးတဲ့ Samsung Galaxy Note 10 Design တွေနဲ့ဆင်တူနေသလို ဖြစ်နေပါတယ်။

ပုံတွေကိုတော့ Vice President ဖြစ်တဲ့ Brian Shen က OPPO ရဲ့ Extremely curved edges design ပုံတွေကို Weibo မှာတင်ခဲ့ပြီး မကြာခင်မှာ Blogger တွေနဲ့ Media တွေက အဲ့ဖုန်းရဲ့ကို မိတ်ဆက်ဖို့ Hands on Videos နဲ့ Gifs တွေပြုလုပ်ခဲ့ပါတယ်။

အဲ့ Screen အသစ်ရဲ့ Panel က OPPO Find X ထက်ပိုသေးပါတယ်။ စိတ်မကောင်းစွာနဲ့ Back Design ကိုတော့ မတွေ့ခဲ့ရပါဘူး။

Oppo showcases Waterfall screen with extremely curved edges

အဆိုပါဖုန်းကတော့ နောက်နှစ်လောက်မှာ ထွက်ဖို့ရှိနေပြီး Under-display camera ကိုသုံးလာမှာက Company ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ တိုးတက်မှုပဲဖြစ်ပါတယ်။ OPPO က OPPO Find X ကို Upgrade လုပ်ထားတယ်လို့ဆိုရမှာပါ။

Ref: GSMArena