This is digital planet.

ArticlesOPPO

Mid-range စမတ်ဖုန်းအနေနဲ့ ထွက်ရှိလာတဲ့ OPPO A92 မှာ ဘာထူးခြားနေလဲ?

Budget/Mid-range စမတ်ဖုန်းတွေကို များသောအားဖြင့် ဂိမ်းကစားဖို့နဲ့ Entertainment ပိုင်းအတွက် ဦးစားပေး ဝယ်ယူတတ်ကြပါတယ်။ ဒီအတွက်  သုံးစွဲသူတွေက စွမ်းဆောင်ရည်နဲ့ Display ပိုင်းကို စဥ်းစားကြသလို ဖြည့်စွက်ချက်တွေဖြစ်တဲ့ ဖုန်းရဲ့ Audio ပိုင်း Build Quality ပိုင်း စသည်ဖြင့်လည်း ဆုံးဖြတ်တတ်ကြပါတယ်။

သိတဲ့အတိုင်း ဖုန်းတွေကလည်း Brand အစုံ ၊ မော်ဒယ်အစုံ ထွက်ရှိနေတာဆိုတော့ ဘယ်အမျိုးစားက ပိုကောင်းမလဲ။ ဒါကို Price-to-performance ကြည့်ပြီး ရွေးချယ်တတ်ကြသလို ဒီဆောင်းပါးမှာတော့ OPPO ကနေ မိတ်ဆက်ထားတဲ့ A92 အကြောင်း ပြောသွားချင်ပါတယ်။

OPPO A92

ဆိုတော့ A92 ဟာ A-series တွေထဲမှာ နောက်ဆုံး ထွက်ရှိထားတဲ့ မော်ဒယ်ဖြစ်သလို Mid-range တန်းမှာ သက်သာတဲ့ စျေးနဲ့ ဝယ်ယူနိုင်တဲ့ စမတ်ဖုန်းလို့လည်း ဆိုနိုင်ပါတယ်။

အထူးသဖြင့် Design Language အပိုင်းမှာ ပြောင်းလဲလာသလို လေးထောင့်ဆန်ဆန် ကင်မရာပုံစံကလည်း တခြား OPPO စမတ်ဖုန်းတွေနဲ့ အသွင်မတူ ကွဲပြားနေပါတယ်။

Reno3 Series နဲ့ ခပ်ဆင်ဆင် ဖြစ်တယ်လို့ ပြောနိုင်ပေမဲ့ A52 ၊ A92 ကင်မရာ Square နဲ့ Lens အရွယ်စား ပိုသေးပြီး နေရာယူနည်းပါတယ်။

OPPO A92

Image: OPPO

နောက်တစ်ချက် ထူးခြားတာက Reno Series နဲ့ Flagship ဖုန်းစတိုင် 3D-Curved Body အသုံးပြုထားတာဖြစ်ပြီး ကိုယ်ထည် ၃ ဖက် ခုံးပုံစံနဲ့ မြင်တွေ့ရမှာပါ။ ဒါ့အပြင် ခေတ်စားနေတဲ့ အရောင်စပ်ကာလာ Gradient Body နဲ့ အလှဆင်ထားတာကြောင့် ပိုဆွဲဆောင်မှု ရှိလာတယ်လို့ မြင်ပါတယ်။

ခုလို ဒီဇိုင်းပိုင်း ပြောင်းလဲသွားတဲ့ A52  နဲ့ A92 မော်ဒယ်တွေမှာ စာဖတ်သူတွေ သတိထားမိမယ့် အချက်တစ်ချက်က ကျောဘက် ကိုယ်ထည်မှာ Fingerprint Scanner မရှိတော့တာပါ။

Changes to Design & Body

ဒါ့အပြင် OPPO ဖုန်းတွေရဲ့ ပါဝါခလုတ်ဟာ များသောအားဖြင့် Upper Position ရောက်နေတတ်သလို ခလုတ်အလယ်မှာ Green Essence လေးပါဝင်တာ သတိထားမိမှာပါ။

ခုမော်ဒယ်တွေမှာ ပါဝါခလုတ်က ဖုန်းကိုယ်ထည်ရဲ့ အလယ်ဖက် Position နားရောက်လာသလို အရွယ်စားက ခါတိုင်းထက် မသိမသာ ပိုကြီးလာပြီး ကင်မရာနဲ့ တစ်တန်းထဲ ဖြစ်နေကျ OPPO စကားလုံးဟာ ညာဘက် ရောက်သွားပါပြီ။

Fingerprint Sensor ကို Power Button နဲ့ Migrate လုပ်ပေးလိုက်ပြီး Unlock လုပ်ရတာ လွယ်ကူစေဖို့ ခလုတ်နေရာကို လက်တစ်ဖက်ထဲနဲ့ အသုံးပြုရ အဆင်ပြေဆုံး နေရာ ရွှေ့ပေးလိုက်တာလို့ မြင်မိပါတယ်။

OPPO A92 Desgin and Fingerprint

Image: OPPO

Design အကြောင်း ပြောပြီးသွားပြီဆိုတော့ A-series အသစ်ရဲ့ Popular Display ပိုင်း တင်ဆက်ချင်ပါတယ်။ OPPO ကတော့ Neo-Display လို့ တင်စားနေပေမယ့် စာဖတ်သူတွေ မြင်ဖူးနေကျ Punch-hole Panel တွေနဲ့ မကွာပါဘူး။

So-called Neo Display

ဒါပေမဲ့ သတိထားမိသလောက် မျက်နှာပြင် ဘေးဘောင်အထူ(1.73mm) ပဲရှိလို့ ဘေးဘောင် မပါသလောက် နေရာယူထားသလို ခပ်ထူထူ Chin မနှစ်မျို့သူတွေ A92 ရဲ့ Display Panel ကို သဘောကျမယ့် တချို့ ရှိနေပါတယ်။ 1,080p Neo-Display ဆိုထားတဲ့အတွက် 1,080 x 2,400p (Full HD+) Resolution ပါဝင်မှာဖြစ်ပြီး အရင်  A-series တွေထက် ပိုမို ကောင်းမွန်အဆင့်မြင့်တဲ့ အရည်အသွေးတွေ ရလာတာကို‌ တွေ့ရမှာပါ။

Screen Size ကတော့ မကြီးလွန်းတဲ့ အနေထား 6.5” သုံးပေးထားပြီး 90.5% Screen-to-body ရှိတယ်လို့ သိရပါတယ်။ IPS အမျိုးစား LCD Panel နဲ့ မြင်တွေ့ရမဲ့ A92 ဟာ 480 nits Typical Brightness ပိုင်ဆိုင်ထားတယ်လို့ OPPO က ဆိုထားပါတယ်။

OPPO A92 Display

Image: OPPO

ဒါကြောင့် Mid-ranger တစ်လုံးအတွက် Design ၊ Display နဲ့တင် နှစ်သက်စရာလို့ ပြောရမှာပါ။ 1,080p Display ဖြစ်နေတဲ့အတွက် ရုပ်ရှင်ကြည့် ၊ ဂိမ်းဆော့တဲ့အခါ ကြည်လင်ပြတ်သားမှုကို ခံစားနိုင်သလို နေရာယူမှု နည်းပါးတဲ့ Punch-hole Notch က Viewing Experience ကို ထိခိုက်စေမယ်လို့ မထင်ပါဘူး။

Rheinland Certified

ဒါ့အပြင် အမြင်အာရုံ ထိခိုက်စေမယ့် Blue Light ကို Filter လုပ်မယ့် Eye Care Mode ပါဝင်သလို Neo-Display ဟာ TUV Rheinland Certified ဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုယ်အသုံးပြုတဲ့ အလင်းရောင်နဲ့ ပြင်ပ အလင်းရောင်နဲ့ကို အလိုလျောက် ပြောင်းလဲပေးမယ့် Brightness Setting လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။

ခုလို Display နဲ့ တစ်စပ်တည်း ပြောလိုတာ Entertainment အပိုင်းပါ။ အများစု ဂိမ်းကစားတဲ့အခါနဲ့ ရုပ်ရှင်ကြည့်ရင် နားကြပ်တပ်လေ့ရှိပေမယ့် ဖုန်း Speaker ကောင်းရင် ကောင်းသလို ခံစားနားဆင် တတ်ကြပါသေးတယ်။

TUV Certified Display on OPPO A92

Image: OPPO

ဒီအတွက် ကျယ်လောင်မှုလည်း ရှိပြီး ကြည်လင်တဲ့ အသံကို နှစ်ခြိုက်ကျတဲ့ သူတွေအတွက် A92 မှာ Dual Stereo Speakers ပါဝင်သလို Dirac 2.0 Sound Effect နဲ့ အားဖြည့်ထားလို့ တေးသီချင်းနားဆင် ၊ ဂိမ်းဆော့ ၊ ရုပ်ရှင်ကြည့်တဲ့အခါ တစ်မူထူးခြားတဲ့ Audio Quality ကို ခံစားရဦးမှာပါ။

Mid-range SoC

ဒီတော့ Entertainment အသားပေး စမတ်ဖုန်းလို့ ပြောနိုင်သလို Performance ပိုင်းမှာလည်း တန်ဖိုးနဲ့ ကိုက်ညီမယ့် Efficiency ပေးထားတာကိုလည်း တွေ့ရပါတယ်။ Snapdragon 665 SoC နဲ့ Adreno 610 GPU အသုံးပြုထားတဲ့ စမတ်ဖုန်းဟာ Entertainment တွက်ဆိုရင် ဒီဘက်ခေတ်မှာ Old but Gold လို့ ပြောလို့ရပါသေးတယ်။

Performance သမားဆိုရင် တစ်မျိုးတစ်ဖုံ စဥ်းစားနိုင်သလို A92 နဲ့ စွမ်းဆောင်ရည် ကောင်းမွန်နေစေဖို့ ColorOS 7.1 နဲ့ ထိန်းချုပ်ပေးထားပါသေးတယ်။

အဲဒါက စာဖတ်သူတွေ ကြားဖူးနေကျ Hyper Boost လုပ်ဆောင်ချက် ဖြစ်သလို ဂိမ်းကစားတဲ့အခါမျိုးနဲ့ Performance လိုအပ်တဲ့အခါ အထိုက်အလျောက် မြှင့်တင်ပေးနိုင်ပါတယ်။

8GB RAM ပါဝင်တဲ့အတွက် Multi-tasking ပိုင်း အားဖြည့်ထားတယ်လို့ ဆိုနိုင်သလို အချက်လက် များများ သိုလှောင်ချင်သူတွေအတွက် 128GB Storage သုံးစွဲပေးထားပါတယ်။ ထပ်တိုးချင်တယ်ဆိုရင် microSD Slot က တစ်ဆင့် Expand လုပ်လို့ရပါသေးတယ်။

A.I Quad Cameras

အခုလို Points တော်တော်များများ အားဖြည့်ထားတဲ့ A92 က ကင်မရာပိုင်းမှာရော ဘယ်လိုနေမလဲ။ ကျွန်တော့် အနေနဲ့ Review တင်ဆက်တာ မဟုတ်ပေမဲ့ အကြမ်းဖျင်း ပြောရရင် သုံးစွဲသူတွေ အားရမယ့်အချက်တွေ ရှိနေပါတယ်။

ဒီဖုန်းမှာ 48MP AI ကင်မရာ ၄ လုံး ပါဝင်ပြီး Primary (48MP) Sensor က Aperture f/1.7 ရှိပါတယ်၊ ဒီတော့ Daytime အတွက် သုံးရင် ကောင်းမွန်တဲ့ ရုပ်ပုံရရှိစေနိုင်တယ်လို့ ပြောနိုင်သလို အလင်းရောင် အားနည်းတဲ့ အခါမျိုးမှာ Functionality ပိုင်း ပိုအားကောင်းလာတယ် ဆိုရမှာပါ။

OPPO A92's Cameras

Image: OPPO

ဒါကိုတော့ ထွက်ခဲ့ဖူးတဲ့ OPPO A-series စမတ်ဖုန်းတွေနဲ့ နှိုင်းယှဥ်တာ ဖြစ်သလို A92 မှာ Ultra Night Mode 2.0 ထည့်ပေးထားပါတယ်။ Night Mode 2.0 ကတော့ A.I ပိုင်း လုပ်ဆောင်ချက် တစ်ခုပေါ့ ၊ Ultra-wide Lens နဲ့ 119° မြင်ကွင်းကျယ် ပုံရိပ်တွေ ဖန်တီးနိုင်သလို Secondary အနေနဲ့ အားဖြည့်ထားတာ 2MP ရှိ Mono Lens နဲ့  Portrait Lens နှစ်လုံးပါ။

Portrait အတွက် A.I Beautification နဲ့ ပေါင်းစပ်ထားပြီး Skin Tones ကို Lighting Condition ပေါ်မူတည်ပြီး Matching လုပ်ပေးနိုင်မယ်။ ဒီထက် ပိုထူးခြားတာ A92 မှာ Video Anti-shake (Gyro EIS) လုပ်ဆောင်ချက် ပါဝင်တာပါ။

ဒါ့အပြင် 120fps Slow Motion ဗီဒီယို ရိုက်ကူးပေးနိုင်သလို OPPO အဆိုရ 4K Footage ကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ Selfie အတွက်ကိုလည်း 16MP Lens ထည့်ပေးထားလို့ ဒီတစ်ခါ A မော်ဒယ်အသစ်က Functionality ပိုင်း ပိုကောင်းလာတယ် ဆိုရမှာပါ။

Bigger Battery

ကျွန်တော် Mention လုပ်နေသလို Entertainment အသားပေး စမတ်ဖုန်း ဖြစ်တဲ့အလျောက် 5,000 mAh Battery သုံးစွဲထားပါတယ်။ ဒီ Capacity က Power အစားများ Component တွေ အတွက် လုံလောက်တယ် ဆိုရပေမဲ့ A92 လို ပါဝါစား ပိုမိုသက်သာတဲ့ ဖုန်းမျိုးအတွက် တစ်နေ့တာ အားခံမယ့် Battery Life ကို ပေးစွမ်းနိုင်ပါတယ်။

OPPO A92 Brief Discription

Image: OPPO

ချွေတာသုံးရင် တစ်ရက်ထက် ပိုခံမှာဖြစ်သလို 18W Fast Charging စနစ်နဲ့ Combine လုပ်ပေးထားပါတယ်။ A စီးရီး ဖြစ်နေတဲ့အတွက် VOOC Charge ဘာညာ မျှော်လင့်လို့ မရဘူးထင်ပါတယ်။ သို့ပေမဲ့ 18W Speed နဲ့လည်း 50% လောက်ကို ၄၅မိနစ်နဲ့ အချိန်တိုအတွင်း အားဖြည့်ပေးနိုင်မှာပါ။

ခုလို စွမ်းဆောင်ရည်နဲ့ ကင်မရာ ပိုင်းလုပ်ဆောင်ချက် ပိုမို ကောင်းမွန်လာတဲ့ A92 ဟာ ဒီဇိုင်းပိုင်းမှာလည်း ပိုမိုဆွဲဆောင်မှု ရှိလာတယ်လို့ မြင်မိပါတယ်။ ရောင်းချသွားမယ့် စျေးနှုန်းက 379,900 ကျပ်ဖြစ်ပြီး ရရှိနိုင်မယ့် အရောင်တွေက Twilight Black နဲ့ Aurora Purple နှစ်မျိုးပါ။

OPPO A92 Homepage