fbpx

This is digital planet.

OPPOTech News

OPPO F11 Pro ကို ၄၉၉,၉၀၀ ကျပ် ဖြင့် မြန်မာပြည်မှာဝယ်ယူနိုင်

March လ 21 ရက်နေ့က ပြည်တွင်းမှာ OPPO F11 Pro ကိုမိတ်ဆက်ပေးသွားပါတယ်။ အရောင်အနေနဲ့ကတော့ Thunder Black နဲ့ Aurora Green ခုပဲဝယ်ယူရရှိနိုင်မှာပါ။ F11 Pro စမတ်ဖုန်းတွင် 48MP ကျောဘက်ကင်မရာ၊ မျက်နှာပြင်ပြည့် Panoramic Screen နှင့် VOOC 3.0 အမြန်အားသွင်းစနစ် တို့ပါရှိပါတယ်။

၆.၅ လက်မ မျက်နှာပြင်အရွယ်အစားနှင့် ၉၀.၉% မျက်နှာပြင်အချိုးဖြင့် ထွက်ရှိလာသော OPPO ၏ F11 Pro တွင် notch၊ hole punch၊ bezel တို့လုံးဝမပါဘဲ စမတ်ဖုန်းအလယ်မှ ထွက်လာနိုင်သည့် Pop-up Selfie ကင်မရာစနစ်သာ ပါရှိ၍ ဖျော်ဖြေရေးနှင့် ဂိမ်းကစားခြင်းအတွက် မြင်ကွင်းကျယ်မျက်နှာပြင်အရသာကို အပြည့်အဝခံစားရမှာပါ။ OPPO F11 Pro တွင် ဓာတ်ပုံရုပ်ထွက်အထူးကောင်းမွန်စေသော 48MP+5MP ကျောဘက် Camera ၂ လုံးတပ်ဆင်ပေးထားပါတယ်။

Ultra-Night Mode နှင့် Dazzle Color Mode တို့သည် အလင်းမှိန်မှိန်အခြေအနေများတွင်ပင် ဓာတ်ပုံများကို ရိုက်ကူးနိုင်ပါတယ်။ F11 Pro သည် အကောင်းဆုံးညရှုခင်းရိုက်ကူးမှုများအတွက် မျက်နှာများကို ခွဲခြားပေးနိုင်ခြင်း၊ အသားအရောင်နှင့် အလင်းရောင်ကို ချိန်ညှိပေးခြင်းအပြင် အလင်းအားကို မှန်ကန်စေခြင်းများ စွမ်းဆောင်ပေးနိုင်သည်။

OPPO F9 သည် ၂၀၁၈ ခုနှစ်တွင် အရောင်ပြေးကာလာစမတ်ဖုန်း ခေတ်ရေစီးကြောင်းကို စတင်ခဲ့ပြီး F11 Pro သည် “သဘာဝတရားမှဖန်တီးမှု” ဟူသော အနုပညာမြောက်သည့် သဘောတရားကို အခြေခံ၍ ထူးခြားသော ရောင်ပြေးကာလာဒီဇိုင်းဖြင့် ထွက်ရှိလာသည်။ F11 Pro စမတ်ဖုန်းသည် ညချမ်းအချိန်ကဲ့သို့ အေးမြသော အနက်ရောင်အကြား အပြာနှင့် အစိမ်းအလင်းတန်းများကို ရောယှက်ဖန်တီးထားဟန်ရှိသည့် Aurora Green အရောင်အပြင်၊ ညကောင်းကင်ယံတွင် တွေ့ရသော ဥက္ကာကြယ်များကဲ့သို့ အနီနှင့်အပြာကို မဟူရာအရောင် နှင့်ရောစပ်ထားဟန်ရှိသည့် Thunder Black အရောင်နှင့်လည်း ရရှိနိုင်သည်။

အချိုးကျလှပသောဒီဇိုင်း၊ မြင်ကွင်းကျယ်မျက်နှာပြင်နှင့် အရောင်စပ်ပြေးအလှတရားတို့ဖြင့် ပေါင်းစပ်ဖန်တီးထားသော OPPO F11 Pro ကို မတ်လ (၃၀) ရက်နေ့မှစ၍ မြန်မာတစ်နိုင်ငံလုံးတွင် (၄၉၉,၉၀၀) ကျပ်ဖြင့် ၀ယ်ယူနိုင်ပါသည်။