fbpx

This is digital planet.

OPPOTech News

OPPO F11 Pro : First Impression

OPPO F11 Pro ကို အခုလေးတင် မိတ်ဆက်ပြီးသွားပြီဆိုတော့ PX အနေနဲ့ First Impression လုပ်ပေးထားပါတယ်။ ဒီဖုန်းမှာ အထူးခြားဆုံးက OPPO အခေါ် Rising Camera ဖြစ်ပါတယ်။ နောက်တစ်ခုက 48MP အသုံးပြုထားတဲ့ ဖုန်းပါ။ သူရဲ့ Rising Camera ကို အသုံးပြုထားပုံက အခြားဖုန်းတွေနဲ့ မတူဘူး အလည်တည့်တည့်မှာ သုံးပေးထားပါတယ်။ အကယ်လို့ သင်က ဖုန်းကို Face Unlock နဲ့ ဖွင့်မယ်၊ Selfie ရိုက်မယ်ဆိုရင် Selfie Camera လေးက ဖုန်းအပေါ်ဘက် အလယ်တည့်တည့်ကနေထွက်လာမှာပါ။
ဒါလေး ကတော့ သူရဲ့ အထူးခြားဆုံးတစ်ခုလို့ပြောလို့ရပါတယ်။


Design and Display

OPPO ကတော့ သူရဲ့ ပထမဆုံး Features လို့ပြောပါတယ်။ အဲ့ဒါက ဖုန်းရဲ့ကျောဘက်ကို Gradient color စပ်ထားတာပါ။ မတူညီတဲ့ အရောင်လေးတွေကို ပေါင်းစပ်ထားတဲ့ သဘောပါ။ အခုကျွန်တော်ကိုင်နေတာက Thunder Black အရောင်လေးပါ။ ခရမ်းရောင်ရယ်၊ အနက်ရယ်၊ အပြာရယ် ကို တစောင်းလေး ပေါင်းစပ်ထားတဲ့ ပုံစံမျိုးပါ။ တွေ့မြင်နေကျအရောင်လေးမဟုတ်တော့ တစ်မျိုးလေး ဆန်းပါတယ်။ ကျောဘက်ခြမ်းမှာပဲ ဘဲဥပုံ ဆန်ဆန် Fingerprint ပါတယ်။ သူအပေါ်မှာ Dual Camera နဲ့ LED fresh ကို ဘောင်အနေနဲ့ ထည့်ထားပါတယ်။ အောက်ဘက်မှာတော့ OPPO ဆိုတဲ့ Logo trademark ကို Landscape အနေနဲ့ ရေးထိုးထားပါတယ်။ ကျောဘက်အသားက တော့ Plastic အသားပါ။ အရမ်းကြီး မာထန်နေတဲ့အသားမျိုးမဟုတ်ပဲ ဖိလိုက်ရင် အိစင်းတဲ့ အထဲမှာပါပါတယ်။

ရှေ့ဘက်ခြမ်းမှာတော့ Glass ကိုသုံးပေးထားပါတယ်။ ဘာ Glass သုံးထားလဲ သေချာမသိသေးပါဘူး။ ကျွန်တော် အထင် ရိုးရိုး Glass ပဲသုံးထားတယ်ထင်ပါတယ်။ နောက်တစ်ခုက Panoramic Display လို့ အမည်ပေးထားတဲ့ Display ပါ။ 6.53 လက်မကျယ်ပါတယ်။ Notch မပါဘူး Hole လည်းမပါပါဘူး ဒါမဲ့ Chin တော့ရှိပါသေးတယ်။ ဘေးဘောင်တွေကလည်း အခြားဖုန်းတွေနဲ့ ယှဉ်ရင် မဆိုသလောက်ထူနသေးပါတယ်။ Full HD resolution သုံးထားတယ်။ ရုပ်ထွက်ပိုင်းကတော့ စိုပြေတယ်လို့ပြောလို့ရတဲ့အနေအထားမှာရှိပါတယ်။ First Impression ဖြစ်တဲ့အတွက် သေချာတဲ့ Result လို့ မဆိုလိုနိုင်သေးပါဘူး။ Viewing Angle တွေကောင်းတယ်။ Panoramic Display ဖြစ်တဲ့အတွက် စာဖတ်သူ အကြိုက်ဆုံး ဇာတ်လမ်းကြည့်ရင် ကြည့်ကောင်းမှာပါ။

အောက်ဘက်ခြမ်းမှာဆိုရင် 3.5mm audio jack, Mic, USB 2.0 and Speaker တို့ပါဝင်ပါတယ်။ အပေါ်ဘက်မှာတော့ Noise cancellation mic, Rising Camera ခေါ် Pop up Selfie Camera တို့ပါဝင်ပါတယ်။ နောက်ပြီး Sensor လေး ၂ ခုပါပါတယ်။ အဲ့ဒါက ဘာလဲဆိုရင် Rising Camera သုံးနေတဲ့အချိန်မှာ မတော်တဆ အောက်ပြုတ်ကျခဲ့ရင်း Camera ကိုမကျိုး၊ မပြုတ်သွားအောင် သိမ်းတာမျိုးကို လုပ်ဆောင်တဲ့ Sensor ပါ။

Camera

ကျောဘက်ခြမ်းမှာဆိုရင် 48MP ကိုမှ f/1.8 Aperture နဲ့ပါ Sensor Size ကတော့ 1/2″ ရှိပါတယ်။ Portrait ရိုက်တဲ့အခါ depth ကိုတိုင်းဖို့အတွက် Depth Sensor ပါဝင်ပါသေးတယ်။ Selfie အတွက်က 16MP (Motorized Pop-up Camera) ကို သုံးပေးထားပါတယ်။ လောလောဆယ် Final Unit မဟုတ်တဲ့အတွက် Result ကိုသေချာမသိရသေးပါဘူး။ Review Unit ရလာခဲ့မှ သေချာ စမ်းသပ်ပေးပါ့မယ်။

System and Others

Color OS 6 ကိုသုံးပေးထားတယ်။ SOC ကတော့ Helio P70 ကိုသုံးပေးထားတယ်။ RAM နဲ့ Storage မှာတော့ RAM 4GB/64GB နဲ့ RAM 6GB/128GB ဆိုပြီး Version 2 မျိုးထုတ်ပေးထားပါတယ်။ Battery ပိုင်းမှာတော့ 4000 mAh ကို သုံးထားပါတယ်။ USB 2.0 သုံးထားတယ်ဆိုပေမဲ့ VOOC 3.0 Fast Charger ပါပါတယ်။ SOC မှာ MediaTek ကို သုံးထားတယ်ဆိုပေမဲ့ System ပိုင်းကို ပိုမြန်အောင် Hyper Boot Technology ကိုထည့်ထားပါတယ်။ စမ်းသုံးကြည့်သလောက် မြန်တယ် နှေးတယ်ဆိုတာထက် အဆင်ပြေနေတာကိုတွေ့ရပါတယ်။ အားနည်းချက် အားသာချက်ကတော့ ကျွန်တော်တို့ Review Unit ကို ရတော့မှပဲ သေချာစမ်းသပ်ပေးပါ့မယ်။

ဈေးနှုန်းအနေနဲ့ကတော့ မြန်မာငွေ ၅ သိန်း မဟုတ်ပါဘူး ၁၀၀ လျော့ပါတယ်။ March လ 30 မှာစတင်ရောင်းချပေးမှာဖြစ်ပါတယ်။