fbpx

This is digital planet.

OPPOReviews

OPPO F11 Review

F11 က သူ့အရင်ထွက်ခဲ့တဲ့ F11 Pro နဲ့ယှဉ်ရင် ဘာတွေကွာမလဲ ဘာတွေ ဝိတ်လျော့ထားလည်းဆိုတာ Review လုပ်ပေးသွားပါ့မယ် ဆိုတော့ ရှည်ရှည်ဝေးဝေး အစချီမနေနတော့ဘူး Review ကို တန်းပြောလိုက်တော့မယ်…

Design and Build Quality

OPPO F11 က OPPO F11 Pro နဲ့ ယှဉ်ရင် တစ်ဆင့်နိမ့်တဲ့ Level လို့ပြောလို့ရပါတယ်။ Color variants ကအစ မတူဘူး၊ နောက်တစ်ခုက Pop-up Selfie camera မဟုတ်ပဲ Notch ပါတဲ့ Design ကိုသုံးပေးထားပါတယ်။ Built Quality ပိုင်းမှာဆိုရင် ကျောဘက်ခြမ်းကို Polycarbonate material (Plastic) ကိုသုံးပေးထားပြီး ရှေ့ဘက်ခြမ်းမှာတော့ Glass တပ်ဆင်ပေးထားပါတယ်။

ရှေ့ဘက်ခြမ်းမှာဆိုရင် 6.53-inch screen ကို Screen protector နဲ့တပ်ဆင်ပေးထားတာကိုမြင်ရမှာပါ။ ဘေးဘောင်တွေပါးလွှာပြီး ဒီဇိုင်းပိုင်းမှာ လှပအောင်လုပ်ထားတာကိုတွေ့ရပါတယ်။ ဘယ်ဘက်ခြမ်းမှာဆိုရင် Volume rocker နဲ့ SIM tray ကိုတွေ့ရမှာပါ။ SIM Card အနေနဲ့ Dual SIM ဖြစ်ပြီး SD Card ထည့်ချင်ရင် Hybrid အနေနဲ့ သုံးမှရမှာဖြစ်ပါတယ်။ ညာဘက်ခြမ်းမှာဆိုရင် အစမ်းရောင်လိုင်းလေးဖော်ထားတဲ့ Power button ကိုတွေရမှာပါ။ Buttons feedback လေးတွေက အထိအတွေ့တွေမှာ clicky ဖြစ်တယ်လို့ပြောလို့ရပါတယ်။

ဖုန်းရဲ့အောက်ဖက်ခြမ်းမှာတော့ 3.5mm Jack, Primary mic, Micro USB နဲ့ Speaker တို့ပါဝင်ပါတယ်။ အပေါ်ဘက်မှာတော့ Noise canceling mic တစ်ခုပဲပါဝင်ပါတယ်။ ၂၀၁၉ တောင်ရောက်နေပြီ OPPO အနေနဲ့ Entry Level Mid-Range မှာ USB-C ထည့်ပေးသင့်တယ်ထင်ပါတယ်။ Type-C မဟုတ်သော်လည်း VOOC fast charging ကိုအသုံးပြုလို့ရပါတယ်။ ကျောဘက်ခြမ်းပြန်ပြောရရင် 48MP နဲ့ 5MP dual cameras ၊ LED flash ၊ Fingerprint scanner ဖုန်းရဲ့ ထိပ်ရဲ့ အလယ်ပိုင်းမှာတပ်ဆင်ပေးထားပါတယ်။

Hand-on Feeling အရပြောရမယ်ဆိုရင် အနည်းငယ်လေးသလိုခံစားရတယ်။ ကိုင်ရတာ နူးညံတယ်၊ ကိုင်လိုကောင်းတဲ့ဖုန်းထဲတော့မပါဘူး။ တစ်ခါတလေ နားလည်ရခက်တဲ့ Concept တွေကိုတွေ့ရတယ် အထူးသဖြင့် Camera bump မှာ အရစ် ၂ ထပ်က ရုပ်ဆိုးတယ်လို့ မထင်ဘူးလားမသိ။ Power Button ကို မှားမှာဆိုးလို့ အစိမ်းရောင် Texture လေးနဲ့ ဘာလို့ ပုံဖော်ပေးထားလဲ မလိုအပ်ဘူးထင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညာဘက်ခြမ်းတစ်ခုလုံးမှာ Power Button တစ်ခုထဲပဲရှိတာကို မှားနိုင်သေးလို့လား… မဟုတ်ရင်တော့ OPPO ရဲ့ စေတနာတွေပဲဖြစ်မယ်။ နောက်တစ်ခုက Plastic ဖြစ်နေတဲ့ အပွန်းအစင်းဖြစ်လွယ်ပါတယ်။ ဆိုတော့ကိုင်တဲ့အခါ Cover လေးတတ်ကိုင်တာ ပိုအဆင်ပြေပါလိမ့်မယ်။

Display

F11 မှာ 6.53-inch FHD+ display ကို သုံးပေးထားတယ်။ Slim bezels မှာ View angle တွေ မဆိုးဘူးလို့ပြောလို့ရတယ်။ ဒါပေမဲ့ အရောင်တောက်ပမှုကတော့ အားနည်းနေတုန်းပဲ။ နရောင်အောက်မှာဆိုရင် Brightness တွေ အတော်လေးချာတယ် အားရကျေနပ်ဖွယ်မရှိပါဘူး။ အလွယ်လေးပြောရ သူ့ဈေး Level တူမှာ အကောင်းဆုံးမဟုတ်တာတော့ သေချာတယ်။ ပြီးတော့ ထူးထူးခြားခြား ပြောစရာလဲ သိပ်မရှိခဲ့ပါဘူး။

Performance and Software

Performance ကိုပြောရင်မယ်ဆိုရင် အရင်ဆုံး SoC မှာ နာမည်ကောင်းရတဲ့ Helio P70 ကိုထည့်သွင်းပေးထားပါတယ်။ RAM အနေနဲ့ RAM 6GB လည်း ထည့်သွင်းပေးထားပါတယ်။ On-paper အရ Specs ကော တစ်ကယ် လက်တွေ့မှာပါ သုံးလို့ကောင်းတာကိုတွေ့ရတယ်။ အရမ်းမြန်နေတာ မဟုတ်ပဲ ပုံမှန်သုံးနေချိန်မှာ Lag တာ ထစ်တာမျိုးကို မတွေ့ရတာပါ။ Daily Usage မှာ အတော်လေး အဆင်ပြေပြေ သုံးလို့ရတာကိုတွေ့ရပါတယ်။ Gaming ပိုင်းအတွက်မှာလည်း အဆင်ပြေတယ်လို့ပြောလို့ရပါတယ်။ Power User တွေ အတွက်တော့ Future Poof အနေနဲ့မတွက်ထားသင့်ပါဘူး။

Software ပိုင်းမှာဆိုရင် ColorOS 6 ရဲ့တိုးတတ်မှုကိုတွေ့ရမှာပါ။ လှပသေသပ်နေသလို Smooth လည်းဖြစ်ပါတယ်။ F11 Pro မှာ ပြောခဲ့သလိုပဲ မကြိုက်သေးတာက Notification area က နေရာယူလွန်းတယ် အထူးသဖြင့် လေးထောင့်ဆန်ဆန်သုံးထားတဲ့ ခလုပ်တွေက Minimalist မဖြစ်ပဲ ဒိတ်အောက်နေသလိုခံစားရတယ်။

Battery ပိုင်းမှာဆိုရင် 4020 mAh ကိုသုံးပေးထားပါတယ်။ ဒါက F11 Pro နဲ့ယှဉ်ရင် 20 mAh ပိုများပါတယ်။ 20 mAh ပိုများပေမဲ့ ထူးထူးခြားခြားလည်း အားခံသွားတဲ့ပုံမပေါ်ပါဘူး။ VOOC 3.0 ပါတဲ့အတွက်လည်း အားသွင်းတဲ့အခါမှာ မြန်ဆန်တာကိုတွေ့ရပါတယ်။ ဒါမဲ့ USB-C မပါတာက ဒီဖုန်းအတွက် Impression ကျစေတဲ့အချက်ပဲ။ နောက်တစ်ခုက Fingerprint ကအရမ်းမြန်ပါတယ်။

အချုပ်အားဖြင့်ပြောရရင် Performance and Software ပိုင်းမှာ Normal User တွေအတွက် အဆင်ပြေတယ် လုံလောက်တယ်လို့ပြောလို့ရပါတယ်။ Power User တွေအတွက်ဆိုရင် သူ့အစား ဈေးတန်းတူထဲက အခြားဖုန်း တစ်ခုကိုစဉ်းစားတာပိုသင့်တော်ပါလိမ့်မယ်။

Camera

48MP f/1.8 နဲ့ 5MP depth sensing ကိုတပ်ဆင်ပေးထားပါတယ်။ Camera App design က F11 Pro နဲ့အတူတူပဲ ဆိုတော့ Default အနေနဲ့ 12MP mode ကိုထားပေးထားပြီး 48MP ကိုသုံးချင်မှ Setting ထဲမှာသွားပြောင်းရမှာပါ။ လွယ်လင့်တစ်ကူဖြစ်အောင် အခြားဖုန်းတွေလို မလုပ်ပေးထားဘူး။ ဓာတ်ပုံ Quality မှာလဲ F11 Pro ကဲ့သို့ခံစားရတယ်။ 12MP mode မှာ ရုပ်ထွက်လေးက 48MP mode ထက်ညံနေတာကိုတွေ့ရပါတယ်။ Color လေးတွေ စိုပြေနေတာကိုကြိုက်တတ်ရင်တော့ Dazzle Color ဆိုတဲ့ Function ကိုဖွင့်ရိုက်တာပိုကောင်းပါတယ်။ Auto Focus က နှေးတာ Portrait Mode မှာ edge detection မကောင်းတဲ့ အားနည်းချက်တွေကတော့ ရှိနေတုန်းပဲ။

Lowlight ပိုင်းမှာတော့ မပြည့်စုံသေးဘူး Pixel Binning မဟုတ်ပဲ f/1.8 နဲ့ ISO ကိုအားကိုးပြီး Software နဲ့ Noise Reduce လုပ်ထားတာက အခြားသော ဖုန်းတွေနဲ့ယှဉ်ရင် Weak တယ်လို့ပြောလိုရတယ်။ Lowlight ပိုင်းမှာတော့ အခြားဖုန်းတွေထက်သာဖို့ ကြိုစားသင့်တယ်ထင်ပါတယ်။ မဟုတ်ရင် အဆင်ပြေသလိုလုပ်ပြီး ခိုထားသလိုဖြစ်နေပါလိမ့်မယ်။ Selfie ပိုင်းမှာတော့ အရင်က Model တွေထက် အလှအပကို ဦးစားပေးမဟုတ်ပဲ Detail နဲ့ Natural ဘက်ကို ဦးစားပေးတဲ့ဘက်ကို ရောက်လာပါပြီ။

အချုပ်စကား – ဒီ F11 က Pro version နောက်မှ မိတ်ဆက်ထားတဲ့ဖုန်း ဖြစ်တယ်။ Pro version နဲ့ ပက်သက်ရင်လည်း Camera နဲ့ Performance ပိုင်းက ဘာမှမကွာသလို သိသိသာသာ ခိုထားတာမျိုးတွေမတွေ့ရပါဘူး။ F11 Pro က Pop-up camera design က ခေတ်ရှေ့ပြေးတဲ့ဘက်ကိုသွားထားပြီး ဒီ F11 မှာတော့ Pop-up မကြိုက်တဲ့ OPPO ဖန်တွေအတွက် ရွေးချယ်စရာတစ်ခုဖြစ်အောင်လုပ်ပေးထားတာပါ။ F11 Pro ကတော့ Color နဲ့ ကျောဘက် အလှမှာ ပိုသာပါတယ်။