fbpx

This is digital planet.

OPPOTech News

OPPO Find X2 ဟာ AnTuTu ရဲ့စံချိန်တွေကိုချိုးလာဖို့ရှိနေ

OPPO ဟု Snapdragon 865 Mobile Platform ကိုအသုံးပြုလာမယ့် Flagship ဖုန်းကိုထုတ်လာဖို့ရှိနေတဲ့ ကုမ္ပဏီတွေထဲကတစ်ခုပဲဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ Find X2 ကတော့ Snapdragon 865 Chipset နဲ့အတူ 2020 ပထမသုံးလအတွင်းမိတ်ဆက်လာဖို့ရှိနေပါတယ်။ Find X2 နဲ့ပတ်သက်ပြီး အဓိကအချက်အလက်တွေကို OPPO ရဲ့ ဒုတိယ ဥက္ကဌ က မသိမသာ ဖော်ပြပေးနေပါတယ်။

OPPO Find X

ဒီနေ့အစောပိုင်းတုန်းက Find X2 မှာ In-Display Camera ပါလာမယ့် ကောလဟလသတင်းကို မမှန်ဘူးလို့ဆိုခဲ့ပါသေးတယ်။ ပေါက်ကြားမှုတွေကို ဖော်ထုတ်လေ့ရှိတဲ့ Digital Chat Station ဟာ Find X2 ရဲ့ အဓိကအချက်တစ်ချို့ကို ဖော်ထုတ်ခဲ့ပါ‌တယ်။ သူတင်ထားတဲ့ Post အရ Find X 2 ဟာ AnTuTu Benchmarks မှာ အမြင့်ဆုံးအမှတ်ကိုရရှိလာနိုင်တယ်လို့သိရပါတယ်။

Digital Chat Station တင်ထားတဲ့ Post အရ Find X2 မှာ Snapdragon 865 Chipset နဲ့အားဖြည့်လာဖို့ရှိနေပြီး LPDDR5 RAM နဲ့ UFS 3.0 storage ပါ၀င်လာမယ်လို့သိရပါတယ်။

LPDDR5 RAM နဲ့ စပ်လျင်း၍ Samsung အနေနဲ့ဒီနှစ် လလယ်လောက်မှာ ထွက်ရှိလာမယ့် 5G Flagships ဖုန်းတွေအတွက် 12 GB LPDDR5 RAMs တွေကို အများအပြားထုတ်လုပ်လာဖို့ စတင်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်ကုမ္ပဏီမှ LPDDR5 RAM ပါတဲ့ဖုန်းကို မထုတ်‌ရသေးပါဘူး။

LPDDR5 RAM ကိုအရေအတွက်အများအပြားထုတ်လာပြီးရင် Flagship ဖုန်းအများစုမှာ LPDDR5 RAM ကိုသုံးလာဖို့ရှိနေပါတယ်။ မကြာခင်မှာထွက်ရှိလာတော့မယ့် ZTE Axon 10s Pro မှာ LPDDR5 RAM ပါ၀င်လာမယ်လို့ အတည်ပြုထားပြီးဖြစ်ပါတယ်။

နောက်ထပ် Digital Chat Station ‌ဖော်ပြထားတာက Find X2 ဟာ AnTuTu မှာ 560K+ Score ရနိုင်မယ့် Powerful ဖြစ်တဲ့ Hardware ပါ၀င်လာမယ်လို့သိရပါတယ်။ မကြာသေးခင်ကလည်း Xiaomi Mi 10 / Mi 10 Pro တို့ဟာ AnTuTu မှာ 560K+ Scores နဲ့ပေါ်ထွက်လာခဲ့ပါတယ်။ Mi 10 / Mi 10 Pro မှာ Snapdragon 865 Chipset ပါ၀င်လာဖို့ရှိနေပြီး LPDDR5 RAM ပါ၀င်လာဖို့ကတော့ သေချာမသိရသေးပါဘူး။

သတင်းတွေအရတော့ OPPO Find X2 မှာ
65W SuperVOOC 2.0 Flash Charge နည်းပညာပါ၀င်လာမယ်လို့သိရပါတယ်။ Find X2 ရဲ့ Display ဟာ ပိုမြင့်တဲ့ Resolution ၊ ပိုကျယ်တဲ့ Dynamic Range ၊ ပိုကောင်းတဲ့ Refresh Rate နဲ့ Color Reproduction ပိုကောင်းလာမှာပါ။

နောက်ထပ်ဖုန်းမှာ ပိုမြန်ပြီးတိကျတဲ့ Auto-focus နဲ့ Low Light အခြေအနေမှာပိုကောင်းတဲ့ပုံတွေရဖို့ Sony ရဲ့ 2 x 2 On-Chip Lens (OCL) Solution ပါ၀င်လာမှာပါ။ OPPO အနေနဲ့ Find X2 ကို Mobile World Congress (MWC) 2020 မှာထုတ်ပြလာဖို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina