fbpx

This is digital planet.

OPPOReviews

OPPO Reno Review (၇သိန်းဖုန်းမှာ အဓိက Highlight ကဘာဖြစ်မလဲ)

BKK ရဲ့ လက်အောက်ခွဲ Company တွေဖြစ်တဲ့ OPPO, Vivo နဲ့ OnePlus တို့မှာ OPPO ရဲ့တိုးတတ်မှုက အရှိန်ပါပါနဲ့မြန်ဆန်နေတာကိုတွေ့ရပါတယ်။ 2017 ကနေ 2018 အတွင်းမှာ OPPO ရဲ့ Smartphone Market Share က 9% ထိတိုးတတ်ခဲ့ပြီး အခု 2019 Q1 စစ်တမ်းအရ 8% ပိုင်ဆိုင်မှုဖြင့် Xiaomi နဲ့အတူ နံပါတ် ၄ လေးနေရာမှာ ပြိုင်ဆိုင်ပြင်းထန်နေပါတယ်။ OPPO Find X ကစလို့ Innovation အသစ်နဲ့ ချပြခဲ့တဲ့ OPPO က အခုအခါမှာလဲ Under Display Camera နည်းပညာသစ်ကို မကြာသေးခင်ကပင် မိတ်ဆက်ပေးထားပါတယ်။ Mid Range ပိုင်းမှာဆိုရင်လည်း OPPO F11 Pro လိုဖုန်းမျိုး အတော်လေး လူကြိုက်များခဲ့ပါတယ်။ OPPO Reno Series ဆိုရင်လည်း လူတွေကြားမှာ အတော်လေး Hot ဖြစ်သွားသလို ကျွန်တော်လက်ထဲရောက်နေတဲ့ OPPO Reno ဆိုရင်လည်း အချိန်အတော်ကြာခဲ့ပြီမို့ Review အဖြစ် အသက်ဝင်ချိန်တန်လာပါပြီ။

အရင်ဦးဆုံးအနေနဲ့ OPPO Reno နဲ့ Reno 10x ကြားမှာ Design, Display, SoC, Battery, Camera နဲ့ ဈေးနှုန်းပိုင်းတွေ ကွာခြားမှုရှိပါတယ်။ ကျွန်တော်လက်ထဲကို ရောက်နေတဲ့ ဖုန်းက OPPO Reno ရိုးရိုး Mid-Range version ပါ။ 10x မဟုတ်တဲ့ ရိုးရိုး Reno လေးက သူအနေအထားမှာ ဘယ်လိုရှိသလဲ ဘာတွေ အားနည်းချက်ရှိမလဲဆိုတာ Review လုပ်ပေးထားပါတယ်။

Packaging

အရင်ဦးဆုံးအနေနဲ့ ထုပ်ပိုးမှုအပိုင်းကနေစလိုက်ရအောင်… OPPO Reno ရဲ့ ထုပ်ပိုးမှုက နည်းနည်းတော့ ဆန်းတယ်။ ဗူးထဲမှာ ဘာတွေပါလဲဆိုတာ မသိသေးချိန်မှာ ဗူး Design ကိုကြည့်တာနဲ့တင် နည်းနည်းတော့ တွေးမိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ OPPO Reno ရဲ့ Package Box က အခြား ဖုန်းတွေထက် ပိုမို ရှည်လျားနေတာပါ။ စာရေးသူလည်း ဗူးကို မြင်တုန်းက တွေ့မြင်နေကြ ဗူးတွေနဲ့ကွာခြားနေတော့ ဘာများပါလဲပေါ့ဆိုပြီး ပိုစိတ်ဝင်စားမိတယ်။ ဗူးကို ဖောက်တော့ အရင်ဆုံးတွေ့ရတာ User Manual တွေကို ထုပ်ပိုးထားတာတွေ့ရတယ်။ နည်းနည်းတော့ ရယ်ရတယ်ဗျ User Manual ကိုထုပ်ပိုးထားတဲ့ စက္ကူ Box က ဖုန်း ဗူးအတိုင်း အရှည်ကြီးလုပ်ထားပြီး User Manual တွေကျတော့ ပုံမှန် Size လေးဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်တို့ ဖုန်းကို Plastic နဲ့ထုတ်ပိုးထားတာတွေ့ရတယ်။

နောက်ဆုံး အဆင့်မှာတော့ Silicon Cover, Earphone, USB Cable နဲ့ Charger တို့ SIM Tray တို့ကို တွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ခုက Earphone ကို Plastic နဲ့မဟုတ်ပဲ သီးသန့် ထုပ်ပိုးထားတာကို တွေ့ရပါတယ်။ Charger ရဲကထုထည်အနေအထားက အတော်လေးကြီးတယ် USB Cable ကလည်း မာကြော ကျစ်လစ်နေတောကို တွေ့ရပါတယ်။ Packing ပိုင်းမှာတော့ အရင် OPPO တွေထက် ပို‌မိုက်တာကိုတွေ့ရပါတယ်။ Logo တွေ Printing လုပ်ထားတာကအစ သေသပ်အောင် ဂရုစိုက်ထားပါတယ်။

Design and Build Quality

ဖုန်းရဲ့ Design တော်တော်များများက ကြည့်လိုက်ရင် ဒီပုံစံလို့ ခံစားနေရတဲ့အချိန်မှာ ကွဲထွက်အောင်လုပ်နိုင်ခဲ့တဲ့ ပုံစံတွေကို အခုနောက်ပိုင်းဖုန်းတွေဖြစ်တဲ့ Redmi K20 Series တို့ OPPO Reno တို့မှာမြင်နေရပါပြီ။ ကိုယ်ပိုင်ဟန် ရှိခဲ့တဲ့ဖုန်းတွေက ဘာလို့ iPhone Design တွေနဲ့ ဆင်တူအောင်လုပ်လိုက်ရင် စိတ်ပျက်မိပေမဲ့ အခုလို ကိုယ့်မူနဲ့ပြန်သွားတဲ့ ဖုန်းတွေမှာထဲ ဒီ OPPO Reno မှာဆိုရင် အချိုးညီလှပသေသပ်တာကိုတွေ့ရပါတယ်။ ကင်မနေရာတွေက OPPO F11 Pro မှာ အလယ်မှာထားသိုထားပေမဲ့ ပိုပြီး လှပသေသပ်အောင် ဒီ ဖုန်းမှာ လုပ်ပေးထားပါတယ်။ ဖုန်းတော်တော်များများမှာ ကင်မရာအထားအသိုတွေ ဖုထွက်နေခဲ့တာ အတော်လေးကြာခဲ့ပါပြီ။ ဒီ OPPO Reno မှာတော့ Camera နဲ့ Body ကို တစ်သားထဲဖြစ်အောင်လုပ်ပေးထားတာလေးက အတော်မိုက်တယ်လို့ပြောရမှာပါ။ ဒါပေမဲ့ ဖုန်းက F11 Pro ထက်နည်းနည်း လေး မဆိုသလောက်လေး ထူသွားပါတယ်။

ကျောဘက် Camera ၂ ကို Body နဲ့ တပြေးညီဖြစ်အောင်လုပ်ပေးထားတော့ အတော်လေးမိုက်တယ်။ တစ်ခုတော့ စဉ်းစားမိမှာ ကျောဘက် Camera တွေက ဖုထွက်မနေပဲ တစ်ပြေးညီထဲဖြစ်နေမယ်ဆိုရင် ကြမ်းပြင်ချလိုက်တဲ့အခါ အစင်းတွေထင်နိုင်ပါတယ်။ ဒါကိုလည်း OPPO က သိတော့ အစိမ်းရောင်အဝိုင်းလေးနဲ့ ဘုလေးတစ်ခုကို Camera အောက်မှာ ထည့်ပေးထားပါတယ်။ ဆိုတော့ ကြမ်းပြင်ကို ချလိုက်တဲ့အခါမှာ Camera ကိုအစင်းတွေမထင်စေပဲနဲ့ ဘုလုံးလေးနဲ့ ခံနေမှာဖြစ်ပါတယ်။ ဒါကို OPPO က O-Dot လို့ နာမည်ပေးထားပါတယ်။ ကျွန်တော်အမြင်မှာ ဒီ O-Dot လေးက ကျောဘက်ခြမ်း တပြေးညီဖြစ်နေတဲ့ Weight ကို Design ပိုင်းအရ ဖုထွက်နေတဲ့ အရာလေးနဲ့ ပြန်ထိန်းသလိုလဲဖြစ်ပါတယ်။ Design Theory တွေအရ တစ်ဘက်ဘက်မှာ Weight အရမ်းသာသွားရင် တစ်ခုခုနဲ့ ပြန်ထိန်းတာမျိုးတွေရှိပါတယ်။ ဆိုတော့ ပြောင်ချောနေတဲ့ပေါ်မှာ ဖုထွက်နေတာလေးက အမြင်တစ်မျိုးလေးဆန်းစေပါတယ်။

OPPO ကတော့ ကြမ်းပြင်ပေါ်တင်လိုက်ရင် အစင်းမထင်ဖို့အတွက် ခံထားပေးသလိုဖြစ်ပေမဲ့ အစင်းဆိုတာက ဘယ်လောက်ပဲကာပါစေ အနည်းအများတော့ ထင်နေတာဖြစ်လို့ စိတ်ချလက်ချမထားသင့်ပါ။ ထောင့်စွန်းလေးတွေမှာ Curve ပုံစံလုပ်ပေးထားပါတယ်။ OPPO ကတော့ 3D Curved လို့ခေါ်ပါတယ် ဒါကတော့ အလှအပပေါ့။ ရှေ့ဘက်ခြမ်းမှဆိုရင် ကျွန်တော်တို့လိုချင်နေတဲ့ Full Design ဘက်ကိုသွားထားပါတယ်။ ဒါမဲ့အောက် Chin လေးကတော့ နည်းနည်းလေး ပိုရှိနေပါသေးတယ်။ Body Frame မှာဆိုရင် ဖုန်းအများစုလို့ Smooth ဖြစ်တဲ့ပုံစံမျိုးမဟုတ်ပဲ အစင်းတန်းလေးတစ်ခုထည့်ထားပေးပါတယ်။ ဘေးဘောင်ကနေတစ်ဆင့် လက်ထဲကိုင်ကြည့်တဲ့အခါ မှာ ချောမွတ်မနေပဲ အစင်းတန်းတွေကြောင့် လက်ထဲမြဲသလိုခံစားရစေတယ်။ ဘယ်ဘက်ခြမ်းမှာ ဆိုရင် Power Key ကို အလယ်မကျတကျနေရာလေးမှာထားပေးထားတယ်။ ဖုန်းက ၆ လက်မကျော်ကြီးတဲ့အတွက် Power Key အလယ်နီးပါးရောက်နေတာ ကောင်းတယ်လို့ပြောရမှာပါ ဒါမဲ့ အချို့ အချိန်အခါမျိုးတွေမှာ စိတ်အလိုမကျဖြစ်တတ်ပါတယ်။

ဖုန်းကို ကျွန်တော်တို့လက်နဲ့ကိုင်ရင် Body ရဲ့အလယ်ပိုင်းလောက်ကနေ မြဲအောင်ကိုင်ကြတာပါ အဲ့အချိန်မှာကိုင်ရင်း မတတော်တဆ နှိပ်မိသွားတာတွေရှိပါတယ်။ ဒါကလည်း အပြစ်လို့မဆိုချင် တစ်ခုကိုအဆင်ပြေဖို့ အတွက်နောက်တစ်ခုမှာ ဖြစ်တတ်တာလေးကိုပြောပြတာပါ။ဖုန်းရဲ့အောက်ဘက်ခြမ်းမှာတော့ 3.5mm Jack, နောက်ဆုံးတော့ ဘုရားစု USB-C Mid Range မှာပါလာ ပြီးတော့ Speaker ပါ။ အပေါ်ဘက်ခြမ်းမှာတော့ Pivot Rising Camera က နေရာယူထားတာကိုတွေ့ရမှာပါ။ ဖုန်းရှေ့ဘက်ခြမ်း အပေါ်ဘက်မှာ Speaker ပေါက်မမြင်ရတော့ပါဘူး ဘယ်ကိုရွှေ့လိုက်လဲဆိုရင် ဖုန်းရဲ့ အပေါ်ဘက်ခြမ်းကိုရွှေ့လိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ Rising Camera Bump မှာ Speaker ကိုတွဲထည့်ထားလို့ပါ။ ဒါကြောင့် Speaker ကိုအပေါက်ကို အပေါ်ဘက်ကနေ Rising Camera ဘက်ရှိတဲ့ဆိုပြီး Tube တစ်ခုလို သွယ်ပေးထားပါတာ။ ဒါမဲ့ ဒီ Tube က ဖုန်းပြောချိန်ပဲအသုံးဝင်ပါတယ်။ Studio Speaker မဟုတ်တဲ့အတွက် ဖုန်းအပေါ်အောက်ကနေ အသံမထွက်ပါဘူး။

Build Quality ပိုင်းမှာ ရှေ့ကောနောက်ကော Gorilla Glass ကိုသုံးပေးထားတယ်။ ကျောဘက်ခြမ်းကို Glass 5 ရှေ့ဘက်ခြမ်းကတော့ Glass 6 ပေါ့။ ဒီနေရာမှာ Reno 10x နဲ့ပက်သက်ပြီးထည့်ပြောချင်ပါတယ်။ ကိုင်ရတဲ့အရသာမှာ ရိုးရိုး Reno က ဘာ Feeling မှာ မပေးနိုင်ပါဘူး ရှေ့ Glass နောက် Glass ဆိုတော့ ပြောင်ချောတဲ့ Feeling မျိုးပဲရမှာပါ အဲ့ဒါကိုမှာ ဘေးဘောင်အစင်းနဲ့ပြန်ထိန်းထားတယ် ဒီလောက်ပဲ တစ်ကယ်ကိုကိုင်ရတဲ့ အထဲမှာ OPPO Reno 10x Texture လေးတွေနဲ့ထိန်းထားတော့ အတော်အရသာရှိပါတယ်။ ဘယ်လိုမျိုးလဲဆိုရင် ကိုင်လိုက်ရင် Texture ပါမှန်းသိတယ် ပွတ်ကြည့်တဲ့အခါ မကြမ်းတမ်းပါဘူး။ အပွင့်လင်းဆုံးပြောရရင် Reno ရဲ့ Feeling က ဘာမှတော့မထူးဆန်းပါဘူး လက်မှာမြဲ ဘေးဘောင် အစင်းလေးတွေနဲ့ ပြန်ထိန်းထားတာလေးက အတော်လေး အဆင်ပြေပါတယ်။ Design နဲ့ Build Quality ပိုင်းမှာ အလှအပပိုင်းမှာတော့ တည်ဆောက်မှုပိုင်းမှာပါ သေသပ်အားရဖွယ်ရှိတယ်။ အရမ်းကိုလည်း လက်ရာမြောက်ပါတယ်… မကြိုက်တဲ့အချက်တစ်ချက်ပြောပါဆိုရင် Pivot Rising Camera ပါ Pop-up တွေမကြိုက်တာကြောင့် Personal အမြင်ပဲဖြစ်ပါတယ်။

Display and Audio

6.4″ ကျယ်တဲ့ AMOLED အမျိုးအစား 1080x2340px Resolution ကိုသုံးပေးထားတယ်။ ဘာလို့ AMOLED သုံးထားလဲဆိုရင် In-screen Fingerprint ပါလို့ပါ။ AMOLED ဆိုပေမဲ့ ထင်သလောက်အားမရဘူး အထူးသဖြင့် Samsung AMOLED နဲ့ ယှဉ်ကြည့်မိရင် Color တောက်ပမှုပိုင်းမှာအားနည်းတယ်လို့ ခံစားရတယ် ဒါမဲ့ LCD နဲ့ ယှဉ်ရင် စိုပြေနေတာတော့ လက်ခံရမှာပါ။ DCI-P3 ကိုလည်း Support လုပ်တဲ့အတွက် sRGB နဲ့ယှဉ်ရင် Color ပိုစုံတယ် Color Contract တွေကောင်းတယ်။ အလင်းအားမှာလဲ ပိုကောင်းတာကိုတွေ့ရပါတယ်။ Notch Free, Hole Free Display ဖြစ်တဲ့အတွက် ရုပ်ရှင်ပဲကြည့်မလား ဂိမ်းပဲဆော့မလား ကြီးမားတယ်ဆိုတဲ့ ခံစားချက်ကို ရစေမှာပါ။ အားမရတဲ့အပိုင်းကတော့ Color စိုပြေမှုနဲ့ High Dynamic ပိုင်းမှာတော့ လိုနေသေးတယ်ထင်ပါတယ်။

Audio ပိုင်းမှာဆိုတော့ Mono Speaker ကိုသုံးပေးထားတယ်။ တစ်ကယ်ဆို Studio Speaker ပါသင့်တယ်လို့ မတောင်းဆိုချင်ပါဘူး ပါလာခဲ့ရင် အတော် လှတဲ့ Design နဲ့ Both Side Sound System ကြောင့် Full View ရဲ့ အရသာ ဘယ်လောက်တောင် ကြွလာမဲစဉ်းစားလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Full View အတွက် Chin သေးသေးလေးရှိတာလေးက လွဲရင် Speaker အထားအသိုတွေက ဖုန်းရဲ့ Design အတိုင်း အချိုးညီတဲ့ဘက်ကိုရောက်စေပါတယ် Earpiece Speaker မှာဆိုရင်လည်း ဖုန်းရဲ့ထိပ်ဘက်မှာ Tube တစ်ခု လို လုပ်ပေးထားတယ် အောက်ဘက် Speaker မှာဆိုရင်လည်း အောက်ဘက်မှာရှိတဲ့အတွက် Landscape အနေအထားနဲ့ ရုပ်ရှင်ကြည့်မယ်ဆိုရင် ဖုန်းရဲ့ ဘေးနှစ်ဘက် က အသံထွက်မှာဖြစ်တဲ့အတွက် အတော်လေး မိုက်မယ်ခံစားမိလို့ပါ။ ဒါမဲ့လည်း Mono Speaker ဖြစ်နေတဲ့အတွက် ဖုန်းရဲ့ အောက်ခြေက အသံထွက်တစ်ခုပဲ ခံစားရပါတယ်။

အသံအနေအထားကတော့ ကျယ်တယ် Detail တွေပြည့်စုံတယ်ဆိုပေမဲ့ တစ်ချို့ အသံထွက်တွေမှာ မဆိုသလောက်လေး အက်သံလေးပါနေတယ်။ သီချင်းတိုင်းမှာမဟုတ်ပေမဲ့ အရမ်းဆူညံတဲ့သီချင်းတွေဆိုရင် သိသာတာကို ခံစားရမှာပါ။ အသံထွက်အားမှာ ကြည်တယ်လို့လဲ ခံစားရပါတယ်။

Performance and Software

Upper Mid-Range ဖုန်းတစ်လုံးမှာ ရှိသင့်တဲ့ Specs တွေရှိတဲ့အတွက် စိတ်ချရတဲ့ Performance လို့ပြောရမှာပါ။ ဒီအနေအထားမှစိတ်မချရရင်လည်း ဂျင်းဖြစ်တော့မယ်။ ဒါမဲ့သူကို ထိခိုက်လာနိုင်တဲ့အနေအထားက သူ့ ဈေးတန်းတူမှာ Mi 9 ရှိနေတယ်ဆိုတာကို OPPO မေ့မထားသင့်ပါ။ ကျွန်တော်တို့ Review လုပ်သူတွေအနေနဲ့လည်း Xiaomi နဲ့တွဲကြည့်လိုက်မယ်ဆိုရင် ဒီ OPPO ဖုန်းကို မဝယ်သင့်ကြောင့်ပြောတဲ့အခြေအနေတွေဖြစ်ကုန်လိမ့်မယ် ဆိုတော့ Xiaomi အကြောင်းလေးမေ့ထားလိုက်ရအောင်။ Snapdragon 710 ကိုသုံးပေးထားတယ် ဒါက မနှစ်က Mi 8 SE မှာပါတဲ့ Chipset ပါ။ အခုချိန်ထိ Mid-Range Level မှာရှိနေပါသေးတယ်။ RAM အနေနဲ့ 8GB ပါတယ်။ Storage အနေနဲ့ 128GB ထိပါတယ်။

အခြား Brand တွေကို လိုက်မကြည့်ပဲ မျက်လုံးမှိတ်သုံးမယ်ဆိုရင် သင့် Daily Task အတွက် နိုင်နင်းတဲ့ Specs တွေပါ။ စာရေးသူသုံးခဲ့တဲ့တစ်လျှောက် လေးတာ ဟန်းတာမျိုးတွေမရှိပဲ အဆင်ပြေပါတယ်။ Game ဆော့ကြည့်တဲ့အခါမှာလဲ အဆင်ပြေပါတယ်။ ဒါမဲ့အရိုးသားဆုံး ဝန်ခံရရင် Fortnite တို့ PUBG တို့ Performance Stress (ကြာကြာဆော့မယ်၊ Setting အမြင့်ဆုံးထားဆော့မယ်) လုပ်ပြီးဆော့မယ်ဆိုရင် Frame drop လေးကျတာကို ခံစားရမယ်။ ဒါမဲ့လည်း သင့်သာ Game ဖြစ်ပြီးရောလို့ဆော့သူအတွက်ဆို သိသာမှာမဟုတ်ပါဘူး။ နည်းနည်းလေး ကြာကြာဆော့တဲ့အခါ နွေးတယ်ဆိုတဲ့ ခံစားချက်ကိုရလာလိမ့်မယ် ပြင်းထန်လောက်တဲ့အပူမျိုး မဟုတ်ပါဘူး။ ရာသီဥတု ပတ်ဝန်းကျင်ကြောင့်လည်း ခံစားရတဲ့အထိအတွေ့ကွာနိုင်ပါတယ်။ သေချာတာတော့ သင်အသုံးပြုမှုကို နိုင်နင်းနေတဲ့ Spec တစ်ခုပါ။

Software ပိုင်းမှာဆိုရင် Android 9 ကို Color OS 6 နဲ့မောင်းနှင်ထားတယ်။ Color OS 6 ကအတော်လေး ပြည့်စုံလာတယ်ဆိုတာကို အရင် OPPO ဖုန်းတွေမှာပြောခဲ့ဖူးပါတယ်။ ဆိုတော့ သိပ်တော့များများစားစားပြောစရာမရှိပေမဲ့ Game Space လို Feature မျိုးက Game ဆော့တာကြိုက်သူတွေအတွက် အတော်လေး သဘောကျစေမှာပါ အခြားအသုံးဝင်တဲ့ Smart Slider တွေ Clone App Feature တွေလည်းပါဝင်လာပါတယ်။

Camera

အရင်ဆုံး သူ့ရဲ့ Motorized Camera ဖြစ်တဲ့ Selfie ကနေစလိုက်ရအောင် ကျွန်တော်မြင်ဘူးသမျှ Pop-up ထဲမှာ အတော်မြန်တဲ့ Pop-up ပါ။ OnePlus 7 Pro ကိုတော့ မမြင်ရသေးလို့ မသိသေးပါ။ သုံးစွဲချိန်ကြာလာရင်မပြောတတ်ပေမဲ့ OPPO Reno မှာ စိတ်အနှောက်အယှက်ဖြစ်စေတဲ့အထိ နှေးကွေးတာမျိုး လုံးဝမရှိပါဘူး။ Face Unlock သုံးတယ် Lock Screen ကို Swipe Up လုပ်လိုက်တာနဲ့ လုပ်လိုက်တဲ့ အရှိန်နဲ့အတူ တန်းထွက်လာတယ်။ Huawei Y9 Prime တောင် အဲ့ထက်မက နှေးပါတယ်။ သူကအတော်လေးမြန်နေတာပါ။ နောက်ပြီး မျက်နှာကို Scan ဖတ်တဲ့နေရာမှာလဲ အတော်လေးမြန်ဆန်ပါတယ်။ တစ်ယောက်ယောက်နဲ့ Video Call ခေါ်ပြီဆိုပါစို့ ဖုန်းတန်းဝင်လာတာနဲ့ တန်းပွင့်ပါတယ်။ လိုင်းကျသွားလို့ ဖုန်းပြန်ကျရင်လည်း ချက်ချင်းပြန်ဝင်သွားပါတယ်။ သုံးဖူးတဲ့ တစ်လျှောက် ရပ်သွားတာမျိုး ထစ်နေတာမျိုးတော့ မကြုံဖူးသေးပါ။ ဒါက အကောင်းပြောတာထက် မကောင်းတဲ့အချက်ကို မတွေ့သေးလို့ပြောတာပါ။ သုံးစွဲချိန်ကြာလာရင်တော့ အားနည်းချက်ဆိုတာ ရှိစမြဲပါ။

Selfie Camera ကို 16MP Ai Camera ကိုသုံးပေးထားတယ်။ ပြီးတော့ အဲ့ Sensor က အခြားဖုန်းတွေမှာပါတဲ့ Sensor တွေထက် ပိုပြီး Wide ဖြစ်ပါတယ်။ ရိုက်လိုက်ရင် သင့်မျက်နှာကို နီးနီးကပ်ကပ်ကြီးမဟုတ်ပဲ ဘေးပတ်ဝန်းကျင်နဲ့ ပြည့်ပြည့်စုံစုံလေးဖြစ်နေမှာပါ။ နောက်တစ်ခုက Traditional Effect တွေ ဘာမှမသုံးပဲ Natural ပဲသုံးတာတောင် လိုတာထက် နည်းနည်း အသားပိုဖြူပါတယ်။ Seflie မမများအကြိုက်… နောက်တစ်ခုက Dynamic Range မှာလည်း အလင်းနောက်ခံထားမိရင် Burn သွားတာမျိုးတွေရှိတတ်ပါတယ်။ ကျန်တဲ့ မြန်ဆန်မှုတွေမှာတော့ အတော်လေး သဘောကျပါတယ်။ ပုံ Quality က အနည်းငယ် ပို Wide ပြီးအရည်အသွေးပိုကောင်းလာတယ်။ Selfie Camera ကို ဒီအတိုင်းမရိုက်ပဲအကြားကြီးဖွင့်ထားမိရင် အချိန်နည်းနည်းကြာတဲ့အခါ သူ့အလိုလို ပြန်ပိတ်သွားပါတယ်။ ပြောပြောမဲ့ပြော Motorized Camera ပိုင်းကိုတော့ အတော်လေးအာရုံစိုက်ထားတယ်။ Redmi K20 Pro ကိုလည်း စိတ်ဝင်စားမိ…

ရှေ့ဘက် Camera မှာ Reno 10x နဲ့ ယှဉ်ရင် အတော်လေး အနှိမ်ခံထားရတယ်။ OIS မပါဘူး Periscope မပါဘူး Ultra Wide မပါဘူး။ ကျွန်တော်တို့ အမေ့ခံ OnePlus 7 လေးနဲ့ ဘဝချင်းတူတယ်ပြောရမယ်။ 48MP ကိုမှ f/1.7 Aperture သုံးပေးထားတယ်။ OIS မပါတာကလွဲလို့ အခြားသော 5MP Depth Sensor တွေအက OnePlus 7 နဲ့ တူတယ်။ OIS မပါပေမဲ့ EIS တော့ပါတယ်။ Point and Shoot မှာ အရင်ဖုန်းတွေထက် သိသိသာသာပိုကောင်းလာတယ်။ ပြီးတော့ Auto Focus မှာလဲ ပိုပြီး မြန်ဆန်လာတာတွေကိုတွေ့ရပါတယ်။ HDR Processing ပိုင်းတွေ မြန်ဆန်လာသလို နေ့ဘက် ညဘက်တွေမှာလည်း ပုံထွက်အားပိုကောင်းလာပါတယ်။ ပိုကောင်းလာတယ်ဆိုတာမျိုးမှာ အရမ်းကြီးလင်းထင်း တောက်ပလာတာမျိုးမဟုတ်ပဲ ပုံထွက်က Balance ဖြစ်လာတာပါ။ Low Light မှာဆိုရင် လင်းလွန်းတယ်မဟုတ်ပဲ Noise ကော Detail တွေကိုပါ Balance ဖြစ်အောင် ထိန်းပေးထားတာပါ။ ဆိုလိုတာက အခြား Low Light ဖုန်းတွေလို လင်းထင်းသွားတာမျိုးမဟုတ်ပဲ မြင်ရုံအနေအထား ကျန်တာတွေမကျအောင် ထိန်းပေးထားတာပါ။

Sharpness တွေကောင်းလာတယ် Detail တွေထိန်းနိုင်လာတယ်။ အထူးသဖြင့် AI ရဲ့လုပ်ဆောင်မှုတွေကလည်း တိုးတတ်လာပါတယ်။ အားမရတဲ့အပိုင်းတွေကရှိပါသေးတယ်။ Dynamic Range မှာ လိုအပ်နေသေးတယ် Portrait Mode မှာ Blur မှာဆိုရင်လည်း Edge Detection မကောင်းတာတွေရှိနေပါသေးတယ်။ အားလုံးပြည့်စုံသွားစေတဲ့ Camera Quality မျိုးမဟုတ်ပဲ Level တန်းတွေနဲ့ယှဉ်ရင် ဘောင်ဝင်နေပြီဆိုတာမျိုးဖြစ်လာတာပါ။ နောက်တစ်ခုက Portrait Mode မှာ Skin Tone လေးတွေကျသွားတာမျိုးလေးတွေရှိတတ်ပါတယ်။ Selfie မှာ Lighting Burn တာမျိုးရှိတတ်ပေမဲ့ ကျောဘက်မှာတော့ အနေအထားတစ်ခုထိ ထိန်းထားနိုင်ပါတယ်။ Camera ပိုင်းကိုသုံးသပ်ရင် OPPO ဘက်က အနေအထားတစ်ခုထိ ဂရုစိုက်ထားတာကို မြင်နိုင်ပါတယ်။ ကျွန်တော်အတွက်တော့ Color Correction နဲ့ Detail ပိုင်း ပို Strong ဖြစ်အောင်လုပ်ဖို့လိုနေသေးတယ်လို့မြင်မိပါတယ်။

Others

Audio ပိုင်းမှာမပြောခဲ့ပေမဲ့ သူ့မှာပါတဲ့ Earphone ကအတော်လေး အသံထွက်အားမိုက်လာတယ်။ အရင်လို Flat ဆန်လွန်းတဲ့ အသံထွက်မျိုးမဟုတ်ပဲ Surrounded ဖြစ်လာတယ်။ Bass တွေ Treble တွေ ပြည့်စုံလာတယ်။ အားနည်းချက်တော့ Play/Pause ခလုတ်တစ်ခုပဲလာတာပါ။ အသံလည်းတိုးမရသလို ချဲ့လို့လည်းမရပါဘူး။ နောက်တစ်ခုက Motorized Camera ကြောင့် ဖုန်ဝင်ပါတယ်။ Selfie Camera ထုတ်လိုက်တိုင်းမှာ ဖုန်တွေကို အမြဲတွေ့နေရတယ်။ ဖုန်းအလေးချိန်က နည်းနည်းလေး လေးတယ်။ ဖုန်းက အရမ်းချောတဲ့အတွက် မညီညာတဲ့နေရာမျိုးတင်ထားမိရင်တောင်ပြုတ်ကြနိုင်ပါတယ်။ Battery ပိုင်းမှာလဲ Li-Po 3765mAh သုံးထားတယ်အတွက် အတော်လေးခံတယ်လို့ပြောလို့ရပါတယ်။ အားကုန်သွားရင်လည်း 20W Charger ပါတဲ့အတွက်ကြောင့် အေးဆေးပဲလို့ပြောလို့ရပါတယ်။

နောက်ဆုံးအကြံပေးချင်တာက OPPO, Vivo, Xiaomi တိုမှာ Sub Brand တွေခွဲထုတ်ပြီး ပြိုင်ဆိုင်မှုတွေတတ်လာသလို အောက်မကျသွားအောင် ပိုကောင်းတဲ့ Service တွေပေးဖို့လိုအပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ Smartphone Market မှာ OPPO နဲ့ Xiaomi က နံပါတ်လေး ၄ နေရာမှာ တူညီနေတဲ့အတွက်ကြောင့် OPPO အနေနဲ့ ပိုဂရုစိုက်သင့်ပါတယ်။ ၇ သိန်းမှာ ၁၀၀ လျော့တဲ့ ဒီ OPPO Reno က OPPO အတွက် ဈေးသက်သာတ်ဆိုတယ်ပေမဲ့ အခြား Brand နဲ့ယှဉ်ရင် ဈေးကြီးပါတယ်။ ၇ သိန်းဝန်းကျင်မှာ AMOLED နဲ့ Shark-fin Camera, လှပသော Design နဲ့ Quality တို့က ဒီဖုန်းမှာ အဓိက Highlight တွေပဲလို့ပြောကြားရင်း…