fbpx

This is digital planet.

OPPOTech News

OPPO Reno series ကို တရုတ်မှာ စတင်မိတ်ဆက်

OPPO Reno series အနေနဲ့နောက်ဆုံးမှာတော့ ထွက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ OPPO အနေနဲ့ အခု Reno series ကို တရုတ်မှာ အရင်ဆုံး မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး လာမဲ့ April 24 ရက်နေ့မှာလဲ ဆွစ်ဇာလန် နိုင်ငံ ဇူးရစ် မှာ Global မိတ်ဆက်မှာဖြစ်ပါတယ်။ Reno series မှာတော့ OPPO Reno 10x Zoom နဲ့ ရိုးရိုး Standard edition ဆိုပြီး ၂ မျိုးရှိပါတယ်။ Reno 10x Zoom ကတော့ Flagship ဖြစ်ပြီး Reno standard edition ကတော့ upper Mid-range ပဲဖြစ်ပါတယ်။


OPPO Reno 10x Zoom

OPPO Reno 10x Zoom ရဲ့ကျောဘက်ကိုတော့ glass နဲ့ပြုလုပ်ထားပြီး 7000-series aluminum alloy frame ကိုလည်းထည့်သွင်းပေးထားပါတယ်။ အရွယ်အစားအနေနဲ့ 162 x 77.2 x 9.3mm ရှိပြီး အလေးချိန်အနေနဲ့ 210g လေးပါတယ်။ 6.65-inch AMOLED display ကို အသုံးပြုထားပြီး 2340 x 1080 pixels နဲ့ထောက်ပံ့ပေးထားပါတယ်။ Screen-to-body ratio 91.3 percent ရှိကာ Gorilla Glass 6 နဲ့ Screen ကိုကာကွယ်ပေးထားပါတယ်။ ဒါအပြင် HDR 10+ display အတွက်မှာ 6th-generation In-display fingerprint ကိုလည်းထည့်သွင်းအသုံးပြုပေးထားပါတယ်။

Processor ပိုင်းအနေနဲ့ Snapdragon 855 SoC ကိုအသုံးပြုထားပြီး 8GB RAM နဲ့အတူ 256GB internal storage ကိုလည်းထည့်သွင်းပေးထားကာ SD slot ကိုလည်းထည့်သွင်းပေးထားပါသေးတယ်။ ဘက်ထရီအနေနဲ့ 4065 mAh ကိုသုံးထားပြီး VOOC 3.0 fast charging ကိုလည်းထောက်ပံ့ပေးထားပါတယ်။ OPPO အနေနဲ့ ဒီဖုန်းကို Gaming အတွက်ပါရည်ရွယ်ပြီး Copper tub liquid cooling heat sink ကိုလည့်ထည့်သွင်းပေးခဲ့ပါတယ်။

OPPO reno shark fin pop up
ဒီ စမတ်ဖုန်းမှာတော့ Shark fin လို့ခေါ်တဲ့ အခြား OPPO/Vivo ဖုန်းတွေနဲ့မတူတဲ့ တမူထူးခြားတဲ့ Pop-up ကင်မရာ ဒီဇိုင်းကိုထည့်သွင်းပေးထားပြီး ဒီ Pop-up ကင်မရာကိုတော့ f/2.0 aperture 16MP + LED flash ကိုထည့်သွင်းပေးထားပါတယ်။ ကျောဘက်မှာတော့ OIS ပါဝင်ပြီး 48MP Sony IMX586 ကို Primary sensor အနေနဲ့သုံးထာြး့ပီး 8MP secondary sensor အပြင် OIS နဲ့အတူ 13MP periscope telescopic lens ကိုလည်း သုံးထားပါတယ်။ ဒါအပြင် Triple camera setup အပြင် Dual-LED flash နဲ့ laser autofocus ကိုလည်းထည့်သွင်းပေးထားပါတယ်။

OPPO reno colors2

Android 9 Pie OS အခြေပြု ColorOS 6 ကိုပဲထည့်သွင်းပေးထားပြီး Location tracking အတွက် dual-brand GPS technology ကိုလည်းထည့်သွင်းပေးထားပါတယ်။ NFC ပါဝင်ပြီး flagship တွေရဲ့ ရှားပါး ပစ္စည်း 3.5mm audio jack ပေါက်ကိုလည်းလဲ ထည့်သွင်းပေးထားပါသေးတယ်။ အခြား feature တွေအဖြစ် Breeno Assistant နဲ့ ပိုမိုကောင်းမွန်တဲ့ Gaming Experience ရရှိဖို့အတွက် Game Boost 2.0 ကိုလည်းထောက်ပံ့ပေးထားသလို့ အသံပိုင်းအတွက် Dolby Atmos ကိုထည့်သွင်းပေးထားပါတယ်။

OPPO Reno Standard Edition

OPPO Reno Standard Edition မှာတော့ notch-less AMOLED display ကိုသုံးထားပြီး Full HD+ resolution နဲ့ထောက်ပံ့ပေးထားကာ 19.5:9 aspect ratio ရှိပါတယ်။ upper high-end ဖြစ်ပေးမဲ့ Reno မှာတော့ In-display fingerprint ကိုလည်းထည့်သွင်းပေးထားပါတယ်။ display protective အတွက် Gorilla Glass 6 နဲ့ပဲကာကွယ်ပေးထားပါတယ်။ အရွယ်အစား 156.6 x 74.3 x 9mm ရှိပြီး အလေးချိန် 185g ရှိပါတယ်။

SOC အနေနဲ့ Snapdragon 710 ကိုအသုံးပြုထားပြီး RAM 8GB ပါဝင်ကာ Storage 256 GB နဲ့အတူ Extra storage အတွက် MicroSD ကတ်ပါဝင်လာအုန်းမယ်လို့သိရပါတယ်။

OPPO Reno Standard Edition မှာလဲ OIS ပါဝင်တဲ့ 48MP + 5MP dual camera တို့ကိုကျောဘက်မှာတပ်ဆင်ထားပြီး ရှေ့ဘက်မှာတော့ Pop-up selfie ကင်မရာ အတွင်းမှာ 16MP နဲ့ LED flash ကိုထည့်သွင်းထားပါတယ်။ ဘက်ထရီ 3765 mAh ပါဝင်ပြီး VOOC 3.0 fast charging နဲ့ထောက်ပံ့ပေးထားပါတယ်။ Andriod 9, ColorOS 6 , Breeno assistant, Game Boost 2.0, NFC Support နဲ့ Dolby Atmos တို့ကိုလည်းထည့်သွင်းပေးထားပါတယ်။

OPPO Reno Standard Edition ရဲ့ကာလာတွေအနေနဲ့ Fog Sea Green, Extreme Night Black, Nebula Purple နဲ့ Pink Mist ဆိုပြီး Gradient colors တွေနဲ့ထွက်ရှိလာမယ်လို့သိရပြီးဈေးနှုန်းတွေ အနေနဲ့

6 GB RAM + 128GB storage – 2,999 Yuan (~$446) (၆ သိန်း ၇ သောင်း ဝန်းကျင်)

6 GB RAM + 256 GB storage – 3,299 Yuan (~$491) (၇ သိန်း ၄ သောင်း ဝန်းကျင်)

8 GB RAM + 256 GB storage – 3,599 Yuan (~$536) (၈ သိန်း ဝန်းကျင်)

OPPO Reno 10x Zoom ကိုတော့ Fog Sea Green နဲ့ Extreme Night Black ဆိုပြီး အရောင် ၂ မျိုးနဲ့မြင်တွေ့ရမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့

6 GB RAM + 128GB storage – 3,999 Yuan (~$595) (၉ သိန်း ဝန်းကျင်)

6 GB RAM + 256 GB storage 4,499 Yuan (~$670) (၁၀ သိန်း ဝန်းကျင်)

8 GB RAM + 256 GB storage – 4,799 Yuan (~$715) (၁၀ သိန်း ၇ သောင်း ဝန်းကျင်)

OPPO အနေနဲ့ Global အတွက်ကိုတော့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ April 24 ရက်နေ့မှာမိတ်ဆက်ပေးမှာဖြစ်ပြီး OPPO Reno 10x Zoom ရဲ့ 5G version ကိုလည်း တခါထဲ မိတ်ဆက်ပေးဖွယ်ရှိနေပါတယ်။

Ref: Gizmochina

Photos: Internet