fbpx

This is digital planet.

Lifestyle NewsOPPO

OPPO Reno2 ရဲ့ အလန်းစား Video Functionတွေ နဲ့အတူ အမှတ်တရ Travel Film လေးတွေ ဖန်တီးလိုက်ရအောင်

အခုခေတ် လူငယ်တော်တော်များများက ခရီးသွားတဲ့အခါမှာ အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ကူးတတ်ကြပါတယ်။ ဒါပေမယ့် video လေးတွေနဲ့ ကိုယ်သွားခဲ့တဲ့ ခရီးတစ်ခုရဲ့ အမှတ်တရလေးတွေကို သိမ်းဆည်းတတ်တဲ့သူကတော့ ရှားပါတယ်။ ခရီးသွားတဲ့အခါမှာ video တစ်ခုက ဓာတ်ပုံတစ်ပုံထက် ကိုယ့်ရဲ့အမှတ်တရတွေကို ပြန်ပြောပြပေးနိုင်ပါတယ်။ ဒါဆို ‌ဘာလို့ ဓာတ်ပုံတွေဘဲ ရိုက်ကြတာလဲ? အဖြေကတော့ရှင်းပါတယ်။ video က stable ဖြစ်ပြီး quality ကောင်းကောင်းနဲ့ ရိုက်ဖို့ခက်ခဲလို့ပါပဲ။ ဒါ့အပြင် ခရီးသွားနေတဲ့အခါမှာမျိုးမှာဆိုရင် အလွယ်တကူ edit လုပ်ပြီးတင်ဖို့အတွက် အချိန်ပေးရတဲ့အတွက် မရိုက်ကူးကြတာ ဖြစ်ပါတယ်။ video တွေကို stable ဖြစ်ဖြစ်၊ quality ကောင်းကောင်း နဲ့ ခရီးသွားရင်း Travel Film လေးတွေဖန်တီးချင်တဲ့သူတွေအတွက် ရွေးချယ်စရာ စမတ်ဖုန်းလေးတစ်လုံးကတော့ ရှိနေပါပြီ။ ဒါကတော့ စိတ်ဝင်စားစရာကောင်းတဲ့ video function တွေပါဝင်လာတဲ့ OPPO Reno2 ဘဲ ဖြစ်ပါတယ်။

ချစ်သူနဲ့ဘဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဘဲဖြစ်ဖြစ် ခရီးသွားရင်း မှတ်တမ်း video တွေရိုက်တဲ့အခါမှာ အဓိကဖြစ်တဲ့ ပြဿနာက video ရုပ်ထွက်တွေ မတည်ငြိမ်တာပါပဲ။ OPPO Reno2 မှာဆိုရင် လှုပ်ရှားနေရင်တောင် တည်ငြိမ်အောင် ရိုက်ကူးပေးနိုင်တဲ့ Ultra Steady Video Mode ပါဝင်ထားပါတယ်။ Electronic Image Stabilization (EIS) နဲ့ Optical Image Stabilization (OIS) တို့ပေါင်းစပ်ပေးထားတဲ့အတွက် တည်ငြိမ်တဲ့ video ရိုက်ကူးမှုတွေကို ပြုလုပ်နိုင်တာကြောင့် ဒီ function က Travel Film တွေရိုက်ကူးတဲ့နေရာမှာ အသုံးဝင်စေမှာပါ။ ဒါ့အပြင် video ရိုက်ကူးတဲ့နေရာ 60 fps ကို 4k အထိရိုက်ကူးနိုင်တဲ့အတွက် video quality မကောင်းမှာလဲ စိတ်ပူစရာမရှိပါဘူး။

နောက် function တစ်ခုကတော့ video ရိုက်ကူးတဲ့နေရာမှာ အဝေးကအရာတွေကို တောင် zoom ဆွဲပြီး ရိုက်ကူးနိုင်တဲ့ 5x Hybrid Zoom နဲ့ 20x Digital Zoom function တွေဘဲ ဖြစ်ပါတယ်။ ခရီးသွားရင်း ကားပေါ်မှာဘဲ ဖြစ်ဖြစ်၊ လေတွေတိုက်နေတဲ့ နေရာမျိုးမှာဘဲ ဖြစ်ဖြစ်  video ရိုက်တဲ့အခါ လေသံတွေပါနေပြီး ကိုယ်ပြောတဲ့အသံကို မကြားရတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ OPPO Reno2 မှာတော့ microphones (၃)ခုနဲ့အတူ Audio Zoom feature အသုံးပြုထားတဲ့အတွက် video မှာပါတဲ့ အရာတစ်ခုကို zoom in လုပ်လိုက်မယ်ဆိုရင် အသံပိုင်းကပါ အလိုအလျောက် အတိုးအချဲ့ ပြုလုပ်ပေးနိုင်သလို လေသံကြောင့် ဖြစ်လာတဲ့ wind noise တွေကို လျော့ချပေးနိုင်တာကြောင့် လေအရမ်းတိုက်တဲ့နေရာတွေ၊ ဆူညံတဲ့ နေရာတွေမှာပါ အသံထွက်ကောင်းမွန်စွာ ရိုက်ကူးပေးနိုင်မှာပါ။

ဒီလို ထူးခြားတဲ့ function တွေအပြင် လူအများစုကြိုက်ကြတဲ့ Bokeh Effect Video နဲ့ Ultra Wide Angle Video လည်း ပါဝင်ထားပါသေးတယ်။ OPPO Reno2 မှာဆိုရင်တော့ front camera နဲ့ rear camera က လူကိုရိုက်ထားတဲ့ video တွေမှာ နောက်ခံ background ကို ဝါးပေးနိုင်တဲ့  Bokeh Effect Video တွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် ခရီးသွားတဲ့အခါမှာ သဘာဝတရားက ဖြစ်တည်နေတဲ့ ကျယ်ပြန့်လှတဲ့ ပင်လယ်ကြီးတွေနဲ့ တောတောင်ရေမြေ သဘာဝ အလှရှုခင်းတွေကို OPPO Reno2 ရဲ့ Ultra wide angle lens က ဓာတ်ပုံတွေသာမက video တွေ အဖြစ်ပါ ပုံဖော်နိုင်ဦးမှာဆိုတော့ ကိုယ်သွားခဲ့တဲ့ ခရီးတစ်ခုရဲ့ memories ကို  အကောင်းဆုံး သိမ်းဆည်းပေးနိုင်တော့မှာပါ။

Video အတိုလေးတွေနဲ့ vlogs တွေ ကျော်ကြားလာတာကြောင့် တော်တော်များများက ကိုယ်တိုင် video လေးတွေ ပြင်ရတာကို သဘောကျလာကြပါတယ်။ ဒီလိုခရီးသွားနေရင်း social media ပေါ်တင်ချင်တာဘဲ ဖြစ်ဖြစ်၊ အလွယ်တကူ edit လုပ်ချင်တာဘဲဖြစ်ဖြစ် laptop တွေသယ်နေရတာက အဆင်မပြေပါဘူး။ OPPO Reno2 မှာတော့ SOLOOP လို့ခေါ်တဲ့ video editor လေး build in ထည့်သွင်းပေးထားပါတယ်။ SOLOOP မှာဆိုရင် ဆန်းသစ်တဲ့ video templates နဲ့ music background တွေကို နေရာ၊ အချိန်နဲ့လိုက်ပြီး ပြောင်းလဲနိုင်တဲ့အပြင် transitions effect နဲ့ filters တွေကိုလည်း ထည့်သွင်းနိုင်တာကြောင့် OPPO Reno2 ရဲ့အလန်းစား video function လေးတွေနဲ့ရိုက် ပြီးတာနဲ့ အဆင်သင့်ပြင်ပြီး တင်လိုက်ရုံပါပဲ။ ဒီလို ထူးခြားတဲ့ video function လေးတွေ ပါဝင်နေတဲ့ OPPO Reno2 စမတ်ဖုန်းကို မြန်မာငွေ (၇၉၉,၉၀၀) ကျပ် နဲ့ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ OPPO အရောင်းကောင်တာတိုင်းမှာ ရောင်းချပေးနေပြီဆိုတော့ ‌တန်ဆောင်တိုင် ပိတ်ရက်မှာ ခရီးသွားရင်း အမှတ်တရ video လေးတွေ ဖန်တီးလိုက်ကြရအောင်။

Press release by OPPO.