This is digital planet.

OPPOTech News

ဇွန်လ ၅ ရက်နေ့မှာ မိတ်ဆက်လာမယ့် Reno4 Series ထူးခြားချက်တချို့

Reno စီးရီးတွေဟာ OPPO Brand ရဲ့ Mid-Range ထုတ်ကုန် (သို့) ဒီဇိုင်းနဲ့ ကင်မရာပိုင်း လုပ်ဆောင်ချက်တွေမှာ တချို့သော Flagship စမတ်ဖုန်းနီးပါး စွမ်းဆောင်ရည်မျိုး ပေးနိုင်တဲ့ မော်ဒယ်အဖြစ် သိထားကြတာပါ။

အခုဆိုရင် Reno4 Series မိတ်ဆက်ဖို့ ရှိနေပြီး အဆိုပါ ဖုန်းတွေမှာ Find X2 Pro နဲ့ Ace2 Flagship ဖုန်းတွေလို 65W Fast Charging ပါဝင်လာမယ်လို့ သိထားရပါတယ်။

တပ်အပ် မပြောနိုင်သေးပေမယ့် Reno3 Series မှာ အသုံးပြုခဲ့တဲ့ 30W ထက် ၂ ဆ ပိုများတယ်။

Reno4 Series

မော်ဒယ်သစ်ဟာ 5G ခေါင်းစဥ်အောက်မှာပဲ ထွက်ရှိလာမှာဖြစ်ပြီး လတ်တလော ခန့်မှန်းမှုတွေမှာ Qualcomm ရဲ့ Snapdragon 765G (5G) SoC သုံးထားမှာ ဖြစ်ပါတယ်။

3 Series 5G အလုံးမှာ MediaTek ရဲ့ Dimensity 1000L Chipset အသုံးပြုခဲ့လို့ Generation ကွာဟချက်ကို မိတ်ဆက်ပွဲရောက်မှ ဂယနဏ သိရမှာပါ။

Reno4 Series

Image: Gizmochina

စာဖတ်သူတွေ သိထားသလို 3 Series ပဲဖြစ်ဖြစ် ၊ 4 Series ပဲဖြစ်ဖြစ် Pro နဲ့ ရိုးရိုး မော်ဒယ်နှစ်မျိုး ပါဝင်လာနိုင်သလို TENNA မှာ ဖော်ပြထားချက်အရ Reno4 နဲ့ Reno4 Pro ၂ မျိုးရှိမယ်။

မသေချာသေးတဲ့ အချက်က Snapdragon 768G အပြင် 5G Enhanced Feature ပါဝင်တဲ့ Dimensity 1000+ SoC နဲ့ကော မြင်ရနိုင်မလား?

Qualcomm နဲ့ MediaTek တို့ရဲ့ Mid-Range 5G Chip အသစ် ကွာခြားချက်က ခုချိန်မှာ ပြောဖို့စောပါသေးတယ်။

ကျန်တဲ့ ထူးခြားချက်တွေက Reno4 Series မှာ Punch-hole Display အသုံးပြုထားမှာဖြစ်ပြီး Curved Edge နဲ့ ခပ်ကြီးကြီး Triple Cam ကို ကြော်ငြာ ဗီဒီယိုမှာ တွေ့နိုင်ပါတယ်။

Selfie အတွက် 32MP+2MP နဲ့ 32MP Front Facing ကင်မရာ ဆိုထားတဲ့အတွက် Dual Punch-hole Notch ကို Pro Variant မှာ သုံးလာနိုင်ပြီး Reno4 ကတော့ 32MP Selfie Camera နဲ့ မြင်ရနိုင်ချေ ရှိပါတယ်။

Weibo မှာ ပြောဆိုထားချက်အရ Super Night Mode လုပ်ဆောင်ချက် ပါဝင်လာဦးမှာဖြစ်ပြီး Night Shot ပိုကောင်းလာမယ်လို့ သိထားရပါတယ်။

Quick Spec Reno4 Reno4 Pro
Processor Snapdragon 765G
RAM 8GB or 12GB
Display (AMOLED) 6.4″ 6.5″
Resolution 1,080 x 2,400
Storage 128GB or 256GB
Camera 48MP Primary
8MP Ultra-wide
2MP Portrait
48MP Primary OIS
12MP Low-light
13MP Tele
Battery (Li-Po) 4,000 mAh (65W)

Reno4 Series Specification speculated by TENNA via GizmoChina

Super Night Mode

ကြော်ငြာထဲမှာ ပြသွားတဲ့အတိုင်း Reno4 Series မှာ ကွင်းကွင်းကွက်ကွက် မြင်နေရမှာက Reno Glow ဆိုတဲ့ ကျောဘက် စာသားကြီးပါ။

Reno4 Series

Actual Product မှာ မြင်ရမလား ကျိန်းသေ မပြောတတ်ပေမယ့် စိတ်အထင် ကိုးလိုးကန့်လန့် ဖြစ်နေသလားလို့ ၊ အသုံးပြုထားတဲ့ ကာလဒီဇိုင်းကလည်း အရင် Reno စီးရီးတွေနဲ့ ကွဲနေသလို HONOR နဲ့ realme ဖုန်းတွေမှာ မြင်ရလေ့ရှိတဲ့ Colour မျိုး ဖြစ်နေပြန်ပါတယ်။

အနက်ရောင် ကင်မရာခွက်ကြီးတွေနဲ့ Reno Glow စာသား ၊ Flashy Colour နဲ့ မြင်ရဦးမယ့် Reno4 Series က ဘာတွေများ အထူးဆန်း လုပ်ဦးမလဲဆိုတာကို ဇွန်လ ၅ ရက်နေ့မှာ စောင့်ကြည့်လိုက်ရအောင်။

Source: GSMArena