fbpx

This is digital planet.

K News

Oui Entertainment နဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်တဲ့ Wang Jyun Hao နဲ့ Hidaka Mahiro

နာမည်ကြီး survival program များဖြစ်တဲ့ YG Treasure Box နဲ့ Mnet ရဲ့ Produce X 101 ရဲ့ contestant ဟောင်း တစ်ယောက်လဲဖြစ်သလို YG Entertainment ရဲ့ Trainee ဟောင်းတစ်ယောက်လည်းဖြစ်တဲ့ Taiwanese Trainee Wang Jyun Hao ဟာ Oui Entertainment နဲ့ စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း Oui Entertainment က ယနေ့ September 10 ရက်နေ့မှာ တရားဝင် ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ August 29 ရက်နေ့မှာဆိုရင် Oui Entertainment ဟာ YG Entertainment ရဲ့ Japanese Trainee ဟောင်း Hidaka Mahiro နဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

လက်ရှိမှာဆိုရင် Oui Entertainment ဟာ Kim Dong Han, Jang Dae Hyun, သရုပ်ဆောင် Seol In Ah, 1the9 အဖွဲ့ဝင် Yoo Yongha နဲ့ Kim Junseo, Produce X 101 ရဲ့ contestant ဟောင်း Kim Seok Hwa နဲ့ X1 အဖွဲ့ဝင် Kim Yo Han တို့ရဲ့ Home Agency အဖြစ် ရပ်တည်လျက်ရှိပါတယ်။

Ref : Soompi