fbpx

This is digital planet.

ArticlesAsus

Our (Late) Zenfone Max Pro M2 Hands-on Overview

Zawgyi

ဒီဖုန္းေလးနဲ႔ပတ္သက္ျပီး လြန္ခဲ့တဲ့ ၁ ပတ္ေက်ာ္ေလာက္ကတည္းက စမ္းသပ္ထိေတြ႔ခြင့္ရခဲ့ေပမယ့္ အခ်ိန္မလံုေလာက္ခဲ့ဘူးလို႔ ယူူဆတာရယ္၊ မိတ္ဆက္ပြဲမွာတုန္းက Asus ရဲ႕ ROG ဆီကို ပိုျပီးအာရံုေရာက္ေနခဲ့တာရယ္ေၾကာင့္ လက္ထဲေရာက္မွပဲ Overview ကို ေရးျဖစ္သြားတယ္။ ဆိုေတာ့ကာ Asus ရဲ႕ Zenfone Max Pro M2 အေပၚ ကၽြန္ေတာ့္ရဲ႕ 1st impression ရယ္၊ အရင္ Generation မွာထက္ ဘာေတြပိုထူးသြားသလဲ ဆုိတာရယ္ ကို ေျပာျပသြားမွပါ။ (Full Review ကိုလည္း ႏွစ္မကူးခင္ တင္ႏိုင္ေအာင္ ၾကိဳးစားသြားမွာမို႔ ေစာင့္ေမ်ွာ္အားေပးၾကပါဦး)

ဒီဖုန္းကို စျမင္ခ်ိန္မွာ အရင္ Generation နဲ႔အသိသာဆံုး ကြာျခားသြာေစတဲ့အခ်က္က သူ႔ရဲ႕ Build Quality နဲ႔ Design ပါ။ Pro M1 တုန္းကလို Metal Body နဲ႔မဟုတ္ေတာ့ပဲ Glass ဆန္ဆန္ Plasitc အၾကည္နဲ႔လုပ္ထားတာမို႔ ဒီဇိုင္း၊ကာလာ အေနအထားမွာ အရင္ကထက္ ပုိၾကည့္ေကာင္းသြားတယ္။ Mid-range ဖုန္းတစ္လံုးမွာ Display ကို Gorilla Glass 6 နဲ႔အုပ္ေပးထားတာက အထင္ၾကီးစရာပါ။ ဒီေတာ့ Pro M2 ဟာ အဆင္းေရာ အခ်င္းပါျပည့္စံုတဲ့ဖုန္းတစ္လံုးျဖစ္လာျပီလို႔ ဆိုရမွာပါ။

Pro M2 ဟာ Asus ကေၾကျငာခဲ့သလိုပဲ 5000 mAh သံုးထားတဲ့ အေပါ့ပါးဆံုးဖုန္းတစ္လံုးျဖစ္လာပါတယ္။ Pro M1 နဲ႔ယွဥ္ကိုင္ၾကည့္ရင္ေတာင္ Pro M2 က လက္ထဲမွာ ပုိျပီးက်စ္လ်စ္ေပါ့ပါးတယ္လို႔ ခံစားရတယ္။ (ၾကည့္ရတာ သူ႔ရဲ႕ Plastic Body က ခဲတစ္လံုးနဲ႔ ငွက္ႏွစ္ေကာင္ ပစ္လိုက္သလိုပါပဲ)

အစကေတာ့ Pro M2 ရဲ႕ Review Unit ေတြမွာ Display Error ရွိတယ္ၾကားခဲ့ရေပမယ့္ Software Update နဲ႔ Fix လုပ္ႏိုင္ခဲ့ပံုရတယ္။ ကၽြန္ေတာ္ရခဲ့တဲ့ Unit မွာေတာ့ Display က ေကာင္းေကာင္းအလုပ္လုပ္ျပီး Mid-range ဖုန္းတစ္လံုးမွာ အေတာ္ေကာင္းတဲ့ Display လို႔ေတာင္ ဆိုရမွာပါ။

Pro M1 မွာထက္ တိုးတက္လာတဲ့ေနာက္တစ္ခ်က္က သူ႔ရဲ႕ Performance ပါ။ Snapdragon 660 သံုးထားတဲ့ Pro M2 ဟာ ေဘာင္ဝင္တန္းဝင္ Mid-range ဖုန္းတစ္လံုးျဖစ္လာပါျပီ။ Stock Android ကို ႏွစ္သက္တတ္သူေတြတြက္ကေတာ့ Pro M2 ရဲ႕ Hardware နဲ႔ Software ေပါင္းစပ္မွဳဟာ စိတ္ေက်နပ္စရာပါ။
Pro M2 မွာ Pro M1 တုန္းကလို ရိုးရာမပ်က္ ဆက္ျပီးက်န္ရွိေနတာက သူ႔ရဲ႕ Battery Life ပါ။ 5000 mAh Battery က ေတာ္ရံုနဲအားသြင္းၾကိဳးကို မ်က္ေစာင္းထိုးစရာမလိုပဲ စိတ္ေအးလက္ေအးအသံုးျပဳႏိုင္မွာပါ။

Pro M1 မွာတုန္းက စိတ္တိုင္းမက်ခဲ့ရတဲ့ Camera ပိုင္းကိုလည္း Asus က Pro M2 နဲ႔အတူ ျပန္လည္ျပင္ဆင္ထားတာေတြ႕ရတယ္။ 12MP, f/1.8 + 5MP f/2.4 Dual Camera ေၾကာင့္ Camera ပိုင္းမွာ Pro M1 တုန္းကထက္ပိုသာတဲ့ Image Quality မ်ိဳးကို ျမင္ေတြ႔ခဲ့ရသလို 13MP Front Camera ေၾကာင့္ Selfie ပိုင္းမွာလည္း အရင္ကထက္ ပိုအဆင္ေျပလာတယ္။ သေဘာအက်ဆံုးအခ်က္က Google Camera Mod ကို သံုးခ်င္သူေတြအတြက္ Bootloader Unlock, Root စတာေတြမလိုပဲ PC ေပၚမွာ လိုအပ္တဲ့ Driver Tools ေလးေတြ Download လုပ္ျပီး Fastboot Command ႏွစ္ေၾကာင္းရိုက္ထည့္ေပးရံုနဲ႔တင္ Google Camera ကို ထည့္သံုးႏိုင္တာေၾကာင့္ပါ။ (စမ္းခ်င္သူေတြအတြက္လည္း GCam ထည့္နည္း Link ကို ေအာက္မွာ ထည့္ေပးထားပါတယ္)

http://www.androwide.com/…/google-camera-asus-zenfone-max-p…

Pro M2 ရဲ႕ Single Speaker အသံထြက္ကိုေတာ့ အေတာ္ေလးသေဘာက်မိတယ္။ (အသံက်ယ္လြန္းလို႔ ျပန္ေလ်ွာ႔ေနရတဲ့အထိပဲ) ျပီးေတာ့ 3.5 mm Headphone Jack ကလည္း ရုိးရာမပ်က္ ရွိေနေသးတယ္ဆိုေတာ့ အေတာ္ေလးအဆင္ေျပတယ္။

ဒီလို Pro M1 နဲ႔ယွဥ္ရင္ သိသာတဲ့တိုးတက္မွုေတြပါဝင္လာတဲ့ Pro M2 မွာ User ေတြအေနနဲ႔ သေဘာမက်ေလာက္မယ့္ တိုးတက္မွုတစ္ခုကေတာ့ သူ႕ရဲ႕ေစ်းပါ။ Pro M2 ရဲ႕ 3/32 GB ေစ်းဟာ ျမန္မာေငြ ၃သိန္း၁ေသာင္း၉ေထာင္ ျဖစ္ျပီး 6/64 GB ကေတာ့ ျမန္မာေငြ ၄သိန္း၂ေသာင္း၉ေထာင္ ထိ က်သင့္မွာပါ။ (ကိုယ္တိုင္လည္း ေစ်းနဲ႔ ပါဝင္တဲ့ Storage ကို Complaint တက္ခဲ့မိတယ္) GSMArena မွာေတာ့ 4/64GB Version လည္း ေတြ႔ထားလို႔ ကၽြန္ေတာ့္အျမင္ေျပာရရင္ အဲဒီ Version ကို ၄သိန္းေအာက္ေလာက္နဲ႔ေရာင္းေပးႏိုင္ရင္ေတာ့ ပိုအဆင္ေျပေလာက္မွပါ။ သို႔ေပမယ့္ သေဘာက်မိတာက သူ႔မွာ Micro SD Card Slot သီးသန္႔ပါျပီး 512GB အထိ ထပ္စိုက္အသံုးျပဳႏိုင္မယ့္အခ်က္ပါ။ (Asus ကလည္း Max Pro M2 အားေပးဝယ္ယူသူေတြအတြက္ ဖုန္းဘူးထဲမွာ Surprise Gift ေလးထည့္ေပးသြားဖို႔စီစဥ္ေနတယ္လို႔ ေျပာထားပါတယ္။) အေရာင္အေနနဲ႔ Blue & Titanium ကိုရရိွမွာပါ။

ဒီေတာ့ Asus ရဲ႕ Zenfone Max Pro M2 နဲ႔ပတ္သက္ျပီး ပရိတ္သတ္ၾကီးကေရာ ဘယ္လိုျမင္လဲ? ကၽြန္ေတာ္တို႔ရဲ႕အျမင္ (Full Review) မလာခင္္မွာ ဝင္ေရာက္ေဆြးေႏြးသြားႏိုင္ပါတယ္။ မလုပ္တာၾကာျပီျဖစ္တဲ့ ဒီ Review Section ကိုလည္း အရင္လိုပဲျပန္အားေပးၾကပါဦး။

Unicode

Our (Late) Zenfone Max Pro M2 Hands-on Overview

ဒီဖုန်းလေးနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၁ ပတ်ကျော်လောက်ကတည်းက စမ်းသပ်ထိတွေ့ခွင့်ရခဲ့ပေမယ့် အချိန်မလုံလောက်ခဲ့ဘူးလို့ ယူူဆတာရယ်၊ မိတ်ဆက်ပွဲမှာတုန်းက Asus ရဲ့ ROG ဆီကို ပိုပြီးအာရုံရောက်နေခဲ့တာရယ်ကြောင့် လက်ထဲရောက်မှပဲ Overview ကို ရေးဖြစ်သွားတယ်။ ဆိုတော့ကာ Asus ရဲ့ Zenfone Max Pro M2 အပေါ် ကျွန်တော့်ရဲ့ 1st impression ရယ်၊ အရင် Generation မှာထက် ဘာတွေပိုထူးသွားသလဲ ဆိုတာရယ် ကို ပြောပြသွားမှပါ။ (Full Review ကိုလည်း နှစ်မကူးခင် တင်နိုင်အောင် ကြိုးစားသွားမှာမို့ စောင့်မျှော်အားပေးကြပါဦး)

ဒီဖုန်းကို စမြင်ချိန်မှာ အရင် Generation နဲ့အသိသာဆုံး ကွာခြားသွာစေတဲ့အချက်က သူ့ရဲ့ Build Quality နဲ့ Design ပါ။ Pro M1 တုန်းကလို Metal Body နဲ့မဟုတ်တော့ပဲ Glass ဆန်ဆန် Plasitc အကြည်နဲ့လုပ်ထားတာမို့ ဒီဇိုင်း၊ကာလာ အနေအထားမှာ အရင်ကထက် ပိုကြည့်ကောင်းသွားတယ်။ Mid-range ဖုန်းတစ်လုံးမှာ Display ကို Gorilla Glass 6 နဲ့အုပ်ပေးထားတာက အထင်ကြီးစရာပါ။ ဒီတော့ Pro M2 ဟာ အဆင်းရော အချင်းပါပြည့်စုံတဲ့ဖုန်းတစ်လုံးဖြစ်လာပြီလို့ ဆိုရမှာပါ။

Pro M2 ဟာ Asus ကကြေငြာခဲ့သလိုပဲ 5000 mAh သုံးထားတဲ့ အပေါ့ပါးဆုံးဖုန်းတစ်လုံးဖြစ်လာပါတယ်။ Pro M1 နဲ့ယှဉ်ကိုင်ကြည့်ရင်တောင် Pro M2 က လက်ထဲမှာ ပိုပြီးကျစ်လျစ်ပေါ့ပါးတယ်လို့ ခံစားရတယ်။ (ကြည့်ရတာ သူ့ရဲ့ Plastic Body က ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်သလိုပါပဲ)

အစကတော့ Pro M2 ရဲ့ Review Unit တွေမှာ Display Error ရှိတယ်ကြားခဲ့ရပေမယ့် Software Update နဲ့ Fix လုပ်နိုင်ခဲ့ပုံရတယ်။ ကျွန်တော်ရခဲ့တဲ့ Unit မှာတော့ Display က ကောင်းကောင်းအလုပ်လုပ်ပြီး Mid-range ဖုန်းတစ်လုံးမှာ အတော်ကောင်းတဲ့ Display လို့တောင် ဆိုရမှာပါ။

Pro M1 မှာထက် တိုးတက်လာတဲ့နောက်တစ်ချက်က သူ့ရဲ့ Performance ပါ။ Snapdragon 660 သုံးထားတဲ့ Pro M2 ဟာ ဘောင်ဝင်တန်းဝင် Mid-range ဖုန်းတစ်လုံးဖြစ်လာပါပြီ။ Stock Android ကို နှစ်သက်တတ်သူတွေတွက်ကတော့ Pro M2 ရဲ့ Hardware နဲ့ Software ပေါင်းစပ်မှုဟာ စိတ်ကျေနပ်စရာပါ။
Pro M2 မှာ Pro M1 တုန်းကလို ရိုးရာမပျက် ဆက်ပြီးကျန်ရှိနေတာက သူ့ရဲ့ Battery Life ပါ။ 5000 mAh Battery က တော်ရုံနဲအားသွင်းကြိုးကို မျက်စောင်းထိုးစရာမလိုပဲ စိတ်အေးလက်အေးအသုံးပြုနိုင်မှာပါ။

Pro M1 မှာတုန်းက စိတ်တိုင်းမကျခဲ့ရတဲ့ Camera ပိုင်းကိုလည်း Asus က Pro M2 နဲ့အတူ ပြန်လည်ပြင်ဆင်ထားတာတွေ့ရတယ်။ 12MP, f/1.8 + 5MP f/2.4 Dual Camera ကြောင့် Camera ပိုင်းမှာ Pro M1 တုန်းကထက်ပိုသာတဲ့ Image Quality မျိုးကို မြင်တွေ့ခဲ့ရသလို 13MP Front Camera ကြောင့် Selfie ပိုင်းမှာလည်း အရင်ကထက် ပိုအဆင်ပြေလာတယ်။ သဘောအကျဆုံးအချက်က Google Camera Mod ကို သုံးချင်သူတွေအတွက် Bootloader Unlock, Root စတာတွေမလိုပဲ PC ပေါ်မှာ လိုအပ်တဲ့ Driver Tools လေးတွေ Download လုပ်ပြီး Fastboot Command နှစ်ကြောင်းရိုက်ထည့်ပေးရုံနဲ့တင် Google Camera ကို ထည့်သုံးနိုင်တာကြောင့်ပါ။ (စမ်းချင်သူတွေအတွက်လည်း GCam ထည့်နည်း Link ကို အောက်မှာ ထည့်ပေးထားပါတယ်)

http://www.androwide.com/…/google-camera-asus-zenfone-max-p…

Pro M2 ရဲ့ Single Speaker အသံထွက်ကိုတော့ အတော်လေးသဘောကျမိတယ်။ (အသံကျယ်လွန်းလို့ ပြန်လျှော့နေရတဲ့အထိပဲ) ပြီးတော့ 3.5 mm Headphone Jack ကလည်း ရိုးရာမပျက် ရှိနေသေးတယ်ဆိုတော့ အတော်လေးအဆင်ပြေတယ်။

ဒီလို Pro M1 နဲ့ယှဉ်ရင် သိသာတဲ့တိုးတက်မှုတွေပါဝင်လာတဲ့ Pro M2 မှာ User တွေအနေနဲ့ သဘောမကျလောက်မယ့် တိုးတက်မှုတစ်ခုကတော့ သူ့ရဲ့ဈေးပါ။ Pro M2 ရဲ့ 3/32 GB ဈေးဟာ မြန်မာငွေ ၃သိန်း၁သောင်း၉ထောင် ဖြစ်ပြီး 6/64 GB ကတော့ မြန်မာငွေ ၄သိန်း၂သောင်း၉ထောင် ထိ ကျသင့်မှာပါ။ (ကိုယ်တိုင်လည်း ဈေးနဲ့ ပါဝင်တဲ့ Storage ကို Complaint တက်ခဲ့မိတယ်) GSMArena မှာတော့ 4/64GB Version လည်း တွေ့ထားလို့ ကျွန်တော့်အမြင်ပြောရရင် အဲဒီ Version ကို ၄သိန်းအောက်လောက်နဲ့ရောင်းပေးနိုင်ရင်တော့ ပိုအဆင်ပြေလောက်မှပါ။ သို့ပေမယ့် သဘောကျမိတာက သူ့မှာ Micro SD Card Slot သီးသန့်ပါပြီး 512GB အထိ ထပ်စိုက်အသုံးပြုနိုင်မယ့်အချက်ပါ။ (Asus ကလည်း Max Pro M2 အားပေးဝယ်ယူသူတွေအတွက် ဖုန်းဘူးထဲမှာ Surprise Gift လေးထည့်ပေးသွားဖို့စီစဉ်နေတယ်လို့ ပြောထားပါတယ်။) အရောင်အနေနဲ့ Blue & Titanium ကိုရရှိမှာပါ။

ဒီတော့ Asus ရဲ့ Zenfone Max Pro M2 နဲ့ပတ်သက်ပြီး ပရိတ်သတ်ကြီးကရော ဘယ်လိုမြင်လဲ? ကျွန်တော်တို့ရဲ့အမြင် (Full Review) မလာခင်မှာ ဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်။ မလုပ်တာကြာပြီဖြစ်တဲ့ ဒီ Review Section ကိုလည်း အရင်လိုပဲပြန်အားပေးကြပါဦး။