fbpx

This is digital planet.

HuaweiTech News

P20 ရဲ့ Pre-order records ထက် ၁၀ ပိုမိုများပြားနေတဲ့ Huawei ရဲ့ P30 Series

Huawei ရဲ့ Flagship စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ P30 နဲ့ P30 Pro တို့ဟာ တရုတ်မှာ Record အသစ်တွေကိုတစ်ခုခုပြီးတစ်ခုတင်နေပြီး အခုတစ်ခေါက်မှာလဲ Tmall ရဲ့အချက်အလက်တွေအရ Huawei P-Series အသစ်ဖြစ်တဲ့ P30 series ဟာ ပြီးခဲ့တဲ့ P20 ထက် ဆယ်ဆ Pre-order တွေကိုရရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲတဲ့ နှစ်က Record holder P20 အနေနဲ့လက်ရှိမှာတော့ P30 ရဲ့ကျော်ဖြတ်ချင်ကိုအလွယ်တကူခံလိုက်ရတာဖြစ်ပြီး P-series ရဲ့အမြင့်ဆုံး P30 Pro ကပဲ ၅ မိနစ်အတွင်းမှာ အရာအားလုံးကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ Huawei အနေနဲ့ တရုတ်မှာ ဈေးနှုန်းကိုမကြေညာသေးသည်တောင်အောင် Pre-order တွေမြင့်တက်နေတာဖြစ်ပါတယ်။

သို့သော်လည်း P30 နဲ့ P30 Pro အသစ်ကို Retailer တစ်ဦးထဲကပဲရောင်းချမှာဖြစ်အတွက် ရောင်းအားအနေနဲ့အနည်းငယ်တော့ပစ္စည်းပြတ်နှောင့်နှေးမှုတွေရှိနိုင်ပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ P20 ရဲ့ရောင်းအားကိုတော့ ကျော်ဖြတ်မယ်ဆိုတာကတော့ အငြင်းပွားဖွယ်ရာတောင်မရှိပါဘူး။ လက်ရှိတရုတ်မှာ ရေပန်းအစားဆုံးဖြစ်နေတာကတော့ Huawei P30 series ပဲဖြစ်ပါလိမ့်မယ်။

Ref: GSMArena