fbpx

This is digital planet.

HuaweiTech News

P30 Flagship series မှာ Samsung ရဲ့ Display panel တွေကိုသုံးထားတာပါ

ဒီနှစ် Huawei Flagship တွေအတွက် Samsung ဟာ OLED panels တွေကိုထောက်ပံ့နေတယ်ဆိုတဲ့သတင်းဟာ အခိုင်အမာထွက်ရှိလာခဲ့ပါတယ်။ ဒါအပြင် အခုမကြာခင်ထွက်ရှိတော့မဲ့ P30 မှာလည်း Samsung ရဲ့ AMOLED ကိုသုံးထားတယ်လို့ယူဆရဖွယ်ရျှနေပါတယ်။

အတွင်းကနေပြီးထွက်ပေါ်ခဲ့တဲ့ အဆိုပါ သတင်းကို Weibo မှာဖော်ပြထားတာဖြစ်ပြီး Huawei အနေနဲ့ P30 Flagships ဖုန်းတွေအတွက် Samsung မှ OLED panels တွေကိုအသုံးပြုဖို့သဘောတူညီချက်ရရှိခဲ့တယ်လို့သိရပါတယ်။ Huawei အနေနဲ့ ဒီအပြောင်းအလဲအတွက် အကြောင်းပြချက်တခုထက်မကရှိပုံရပါတယ်။

Samsung ဟာ လက်ရှိ OLED ထုတ်လုပ်တဲ့အပိုင်းမှာ အကြီးမားဆုံးကုမ္ပဏီတစ်ခုဖြစ်ပြီး Smartphone တွေရဲ့လိုအပ်ချက်တွေကိုတောင်းဆိုချက်တွေကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Huawei အနေနဲ့ P30 flagship ဖုန်းထုတ်လုပ်တဲ့အပိုင်းမှာ ရူပ်ထွေးမှုတွေကိုတက်နိုင်သလောက်လျော့ချဖို့အတွက် Supplier တစ်ယောက်ထဲနဲ့စာချူပ်ချူပ်ဆိုခဲ့တာလို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ Mate 20 Pro flagship တုန်းက Huawei အနေနဲ့ Panels တွေကို BOE နဲ့ LG ထံမှာရယူအသုံးပြုခဲ့တာဖြစ်ပြီး စတင်မိတ်ဆက်တဲ့ ပထမအပတ်မှာတင် LG panels အသုံးပြုတဲ့ Mate 20 Pro ဖုန်းတွေမှာ ပြသာနာဖြစ်ခဲ့ပြီး ရောင်းအားကိုလဲထိခိုက်ခဲ့ပါတယ်။ ဒါကြောင့် Huawei အနေနဲ့အဆိုပါပြသာနာတွေကိုရှောင်လွဲဖို့အတွက် အခုလို့ပြင်ဆင်လာခဲ့ပုံရတယ်လို့ယူဆရပါတယ်။

Ref: GSMArena