fbpx

This is digital planet.

HuaweiTech News

Sony ရဲ့ 4×4 Bayer Sensor နဲ့ Dual Prism Zoom Camera သုံးလာမယ့် HUAWEI P40 Pro

မိုဘိုင်း Photography မှာ ဦးဆောင်နေတဲ့ HUAWEI P စီးရီးတွေကတော့ နည်းပညာသစ်တွေနဲ့ ခရီးဆက်ပါဦးမယ်။ ဒီကြားထဲ Render ဒီဇိုင်းတွေ တောက်လျှောက်ကြားနေရတော့ P40 မှာ စုစုပေါင်း ကင်မရာ ၅ လုံးအထိ သုံးလာနိုင်တယ်လို့ ပြောနေသလို Primary Sensor က Sony Sensor ဖြစ်လာမယ်လို့လည်း သုံးသပ်နေပါတယ်။

အခု ပေါက်ကြားလာတဲ့သတင်းမှာ 52MP Sensor (1/1.33″) သုံးလာမှာ ဖြစ်ပြီး အရင်မော်ဒယ်တွေနဲ့ မတူတဲ့ 4×4 Bayer စနစ် ထည့်သွင်းလာမယ်လို့ သိရပါတယ်။ လက်ရှိ စမတ်ဖုန်းတွေမှာ 4x Bayer Array ပုံစံ အသုံးပြုနေပေမယ့် Sony ရဲ့ Custom Sensor မှာတော့ 4×4 (16-in-1 Conversion) ပုံစံနဲ့ မြင်ရနိုင်ပါတယ်။

Bayer Filter

4×4 Bayer Array (Image Credit: Gizchina)

အဲ့ဒါကြောင့် 3.25MP (3.25 x 16 = 52MP) အရွယ်စားရှိတဲ့ ပုံရိပ်တွေကို တိကျပြတ်သားစွာ ဖမ်းယူနိုင်မယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ထားပါတယ်။
အခုလို 16-in-1 Conversion အားသာချက်ကို အလင်းရောင်နည်းတဲ့ ညအချိန်တွေမှာ ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးဖို့ အသုံးပြုမှာဖြစ်ပြီး အလင်းရောင် အားကောင်းချိန်မှာတော့ ပုံမှန်အတိုင်း 4x Bayer (4-in-1 Covnersion) နဲ့ ရိုက်ကူးမယ်လို့ သိရပါတယ်။

ဒါကြောင့် Daytime ရိုက်ချက်တွေမှာ သိသာတဲ့ ပြောင်းလဲမှုမျိုး ရှိမရှိ စောင့်ကြည့်ရဦးမှာဖြစ်ပြီး Quad RYYB Sensor ဖြစ်မယ်လို့လည်း ထင်ကြေးပေးနေပါတယ်။

Sony Sensor

P40 Sensor (Image Credit: GSMArena)

နောက်ထူးခြားချက်တစ်ခုက P40 ရဲ့ Zoom Feature ပဲ ဖြစ်ပြီး 10x Optical Zoom ထောက်ပံ့မယ်လို့ သိထားရပါတယ်။ ဒါကြောင့် Dual Prism Design အသုံးပြုလာမယ်လို့ ခန့်မှန်းထားပြီး P40 Pro မှာ ကင်မရာ Module ဒီဇိုင်းကအစ ပြောင်းလဲလာမယ်လို့ သုံးသပ်နေကြပါတယ်။

တခြား ထူးခြားချက်တွေအနေနဲ့ကတော့ P40 စီးရီးမှာ Quad Curve Overflow (ဒါကို Display ပိုင်းနဲ့ ဆက်နွယ်မယ်လို့ ခန့်မှန်းထားပြီး မျက်နှာပြင် ၄ ဖက်ခုံး) ၊ Ultra Vision Camera ၊ Ultra Vision Sensor စတဲ့ နည်းပညာတွေ မူပိုင်ခွင့်ရထားတဲ့အပြင် 5G AR လည်း ပါဝင်လာဦးမယ်လို့ ပြောနေကြပါတယ်။

Rumor: P40 Pro Camera

Rumor: P40 Pro Camera (Image Credit ThemRPC)

ဒါကြောင့် ၂၀၂၀ မှာ ရော စမတ်ဖုန်း ကင်မရာလောကကို တဖန်ရိုက်ချိုးဦးမလားဆိုတာ စောင့်ဆိုင်းရင်း မတ်လလောက်ထိ စောင့်ကြည့်လိုက်ရအောင်။

Source: GSMArena