fbpx

This is digital planet.

GlobalizationArticlesHuaweiTech News

HUAWEI P40 Series ရဲ့ အနုပညာမြောက် Quad-curve Overflow Display နည်းပညာအကြောင်း ဖော်ပြချက်

HUAWEI ကနေထုတ်လုပ်နေတဲ့ P Series စမတ်ဖုန်းတွေဟာ ဒီဇိုင်းပိုင်းမှာသာမက ခေတ်ရေစီးကြောင်းကို တမျိုးတဖုံ ပြောင်းလဲပေးနေတဲ့ အနုပညာမြောက် ထုတ်ကုန်တစ်ခုလို့ သုံးနှုန်းရင်လည်း မမှားပါဘူး။

အကောင်းဆုံးသော နည်းပညာဖန်တီးမှုနဲ့ ထွေးပိုက်ထားတဲ့ P Series ကို “Art of Motion” လို့ ပြောနိုင်သလို လွတ်လပ်မှု ၊ အကန့်သတ်မဲ့ ရွေ့လျားနိုင်မှု အစရှိတဲ့ အရည်သွေးတွေ ပိုင်ဆိုင်ထားပါတယ်။

တစ်နည်းပြောရင်တော့ P40 Series ရဲ့ ဒီဇိုင်းအလှနဲ့ မျက်နှာပြင် ဖန်တီးမှုအနုပညာဟာ Art of Motion ကို အခြေခံထားတာ ဖြစ်ပါတယ်။ အခုလို မျက်နှာပြင် လေးဖက်ခုံး Quad-curved Overflow Display နည်းပညာ အကြောင်း လေ့လာကြည့်ရအောင်။

Borderless & Immersive

Art of Motion ကို စံယူထားတယ်လို့ စကားချည်းစထားသလိုပဲ Design Concept က အနှစ်ကျတယ်၊ ရွေ့လျားမှုကို Inspire လုပ်ထားတယ်ဆိုတဲ့အတိုင်း ဖန်တီးထားတာပါ။

Ballerina လို လှပကျော့ရှင်းမှုနဲ့ စွမ်းဆောင်ရည်ကို ရပ်နေတဲ့အခါဖြစ်ဖြစ်၊ ကနေတဲ့အခါဖြစ်ဖြစ် ထင်ရှားမြင်သာအောင် ပြသပေးနိုင်တယ်

HUAWEI P40 Series မှာလည်း သဘာဝအတိုင်း လှပမှုကို ထင်ရှားပေါ်လွင်နေအောင် ဖွဲ့နွဲ့ထားပြီး ပိုပြီးတော့ အသက်ဝင်လာအောင် ခေတ်သစ် ဒီဇိုင်းနဲ့ တန်ဆာဆင်ထားပါတယ်။

နောက်တမျိုး ပြောရင်တော့ P40 Series ဒီဇိုင်းဟာ Zaha Hadid ဖန်တီးခဲ့တဲ့ Heydar Aliyev Centre ဒီဇိုင်းနဲ့ ဆင်တူပါတယ်။

P40 Series Reference Design

Minimum Bezels, Maximum Display

သက်ရှိတွေရဲ့ ရင်းမြစ်ဟာ ရေဆိုတဲ့အတိုင်း အလှတရားကို ပုံသဏ္ဍာန်၊ အရွယ်စားနဲ့ ပုံဖော်နိုင်တဲ့ ရုပ်သဘာဝ ရှုဒေါင့်ကို တင်စားထားတာ ဖြစ်ပါတယ်။ စမတ်ဖုန်း Display နည်းပညာမှာ ဦးဆောင်နေတဲ့ HUAWEI က ဘောင်မဲ့ (အကန့်သတ်မဲ့) Display ဖန်တီးနိုင်ဖို့ ရှာဖွေနေခဲ့တာပါ။

Innovative အဖြစ်ဆုံး Display နည်းပညာ ချပြနိုင်တဲ့အခါမှာတော့ HUAWEI Quad-curve Overflow Display မိတ်ဆက်နိုင်ခဲ့ပြီး လေးဖက်လေးတန် မျက်နှာပြင်ကွေး စမတ်ဖုန်းအဖြစ် ဖန်တီးနိုင်ခဲ့ပါတယ်။

မြင်သာအောင် ပြောရရင်တော့ ရေအပြည့်ထည့်ထားတဲ့ ဖန်ခွက်မျက်နှာပြင်မှာ မဖိတ်မစင်ဘဲ ရေရွေ့လျားနေသလို ဖြစ်နေသလို ဖန်တီးထားတာပါ။

ဖန်ခွက်ထဲ ရေပြည့်လာရင် ဖိတ်စင်မှာ အမှန်ဆိုပေမယ့် မျက်နှာပြင်မှာ ဖြစ်ပေါ်လာတဲ့ Surface Tension ကြောင့် နဘေးကကြည့်ရင် မတရားကို လှပါတယ်။

အဲ့သလိုပဲ HUAWEI P40 Pro ၊ P40 Pro+ စမတ်ဖုန်းတွေမှာ အလားတူပုံစံမျိုး ဖန်တီးထားလို့ သုံးစွဲသူတွေကို Immersive Viewing Experience ကို ရရှိစေမှာပါ။

ကျွန်တော်တို့ကတော့ HUAWEI Quad-curve Overflow Display လို့ ခေါ်ပါတယ်၊ လှပကျော့ရှင်းပြီး အကန့်သတ်မဲ့ Display ဟာ သုံးစွဲသူတွေကို မြင်ရုံနဲ့ ကျေနပ်မှုတွေ ပေးစွမ်းနိုင်တယ်။

P30 Pro Display နဲ့ နှိုင်းရမယ်ဆိုရင်တော့ ဘယ်ဘက်နဲ့ ညာဘက်နှစ်ဘက်မှာပဲ မျက်နှာပြင် ကွေးထားခဲ့တာပါ။

P40 Pro နဲ့ P40 Pro+ မှာ မျက်နှာပြင် လေးဘက်ခုံးဖြစ်လာတဲ့အပြင် နဂို ဘယ်ဘက်နဲ့ ညာဘက် မျက်နှာပြင်နှစ်ခုကို နည်းနည်းလေး ပိုခုံးပေးထားပါတယ်။

ဒီလို Curve Edge တွေ ပိုခုံးထားပေမယ့် ကိုင်တွယ်အသုံးပြုရတဲ့အခါ သက်တောင့်သက်သာ ရှိစေမယ်၊ ဘောင်မဲ့ Display အဖြစ် အသုံးပြုနိုင်မယ်၊

နောက်တစ်ချက်ကတော့ ချောမွေ့နေတဲ့ မျက်နှာပြင်ကြောင့် ကိုင်တွယ်အသုံးပြုရ အဆင်ပြေသလို Gesture Control ပိုင်းလည်း ပြည့်စုံသွားစေတဲ့အတွက်ကြောင့် Premium User Experience ရရှိစေဦးမှာပါ။

Streamlined Round Corner Design

စမတ်ဖုန်းတစ်လုံးရဲ့ အသွင်အပြင် လက္ခဏာဆိုတာ အထာကျဆုံး Design ပဲဖြစ်ပြီးတော့ မော်ဒယ်တစ်ခုကနေတစ်ခု ပြောင်းလာတဲ့အခါ အသုံးပြုထားတဲ့ ဒီဇီုင်းသစ်ရဲ့ အားသာချက်၊ လုပ်ဆောင်နိုင်စွမ်းကို ဖော်ပြနိုင်တဲ့အခါကို ဆိုလိုတာပါ။

P40 Series တွေမှာ Overflow ဒီဇိုင်း အသုံးပြုထားပြီး အဆိုပါ ဒီဇိုင်းအသစ်မှာ အနားသတ်လေးဘက်ကို လုံးဝန်းပေးထားပြီး မျက်နှာပြင်ခုံးလေးခုနဲ့ ပနံရအောင် ဖန်တီးထားပါတယ်။

ဒါကြောင့်မလို့ Quad-curved Overflow Display နဲ့ လိုက်ဖက်သလို ခေတ်စကားအရ Streamlined ဒီဇိုင်းကို မြင်တွေ့ရမယ်လို့ ပြောနိုင်ပါတယ်။

P40 Pro နဲ့ P40 Pro+ မှာ မျက်နှာပြင် လေးဘက်ခုံး Display ၊ အနားသတ်လုံးဝန်းနေတဲ့ Unique Streamlined ဒီဇိုင်းတွေကြောင့် ကိုင်တွယ်အသုံးပြုရတဲ့အခါ ချောမွေ့နေမယ့်အပြင် Viewing Experience ပိုင်းမှာလည်း ကျေနပ်အားရစေမှာပါ။

Ultra Vision Camera System

တေးဂီတ သို့မဟုတ် ပန်းချီအနုပညာမှာ ကာရန်လိုက်တယ်ဆိုတာ သံစဥ်တစ်ခုနဲ့တစ်ခု လိုက်လျောညီထွေ ဖြစ်အောင် ၊ အရောင်တစ်ရောင်နဲ့ ညီမျှ လှပမှုရှိအောင် သီဆို၊ ရေးဆွဲချိန်ကစပြီး ပြီးဆုံးသွားသည်အထိ အနုပညာ မြောက်မြောက် ဖန်တီးနိုင်တာကို ဆိုလိုတာပါ။

HUAWEI P40 Series မှာဆိုရင် အဆင့်မြင့်တင်ထားတဲ့ ကင်မရာစနစ် အသုံးပြုထားပြီး အရင်မော်ဒယ်တွေနဲ့ မတူတဲ့ ကင်မရာ Setup ဒီဇိုင်း၊ ကြီးမားတဲ့ Sensor တွေနဲ့ ဖန်တီးထားပါတယ်။

ကင်မရာ Setup ဒီဇိုင်းကို P Series တွေရဲ့ Signature ဖြစ်တဲ့ ဒေါင်လိုက်ကလေး ထည့်သွင်းထားပြီး Logo ကို ကင်မရာ Alignment နဲ့ လိုက်ဖက်အောင် အလျားလိုက် ထည့်ထားပါတယ်။

ဒါ့အပြင် All-in-one Camera Module ဒီဇိုင်းက ကင်မရာ Components တွေကို ကောင်းမွန်စွာ Incorporate လုပ်ပေးနိုင်တယ်။ အရွယ်စားအနေနဲ့လည်း သင့်တင့်မှုရှိသလို ဖုန်းတစ်လုံးလုံးရဲ့ Size နဲ့ နှိုင်းယှဥ်လိုက်မယ်ဆိုရင်လည်း ပန်းချီကားတစ်ချပ်လို အချိုးညီညီ ဖန်တီးထားသလို မြင်တွေ့ရမှာပါ။

နောက်တစ်နည်းအားဖြင့် ဆိုရသော် Layers ထပ်ထားတဲ့ ပန်းချီကားတစ်ချပ် သို့မဟုတ် တေးတစ်ပုဒ်နားဆင်တဲ့အခါ ပနံရတဲ့ သဘာဝအလှတရားနောက် ကျွန်တော်တို့တတွေ စိတ်ဝင်တစား ရှာဖွေတတ်ကြပါတယ်။

P40 Series with Unique Body Design

HUAWEI P40 Series တွေမှာ အလားတူပုံစံမျိုး ဖွဲ့စည်းထားပြီး အနားသတ် လုံးဝန်းနေတဲ့ ထောင့်မှန်စတုဂံ Body တို့နဲ့ ဖန်တီးထားပါတယ်။ ဒီထဲမှာ စမတ်ဖုန်းရဲ့ ကျောဘက်ကိုယ်ထည်၊ ကင်မရာ Setup နဲ့ ကင်မရာ Lens တွေအားလုံး ပါဝင်ပါတယ်။

ပြောရရင်တော့ P40 ဖုန်းတစ်လုံးရဲ့ အစိတ်ပိုင်း အားလုံးက Streamlined ဒီဇိုင်းမှာ အကျုံးဝင်တယ်လို့ ဆိုနိုင်ပြီး Golden Spiral အသုံးနှုန်းလို ဖုန်းကိုယ်ထည်၊ ကင်မရာ Setup ၊ Overflow Display နဲ့ Rounded Edge စတဲ့ Factors (Fibonacci) တွေနဲ့ လှပအောင် အချိုးချ ဖန်တီးထားလို့ပါ။

ဒါကြောင့် Fibonacci Golden Spiral လို့ တင်စားထားသလို ဖုန်းတစ်လုံးကို မြင်လိုက်တာနဲ့ ဘယ်ဘက်ကနေ ကြည့်ကြည့် လှတယ်၊ ပနံရတယ်၊ ရွေ့လျားနေတဲ့ တိမ်တိုက်နဲ့ ပြေးနေတဲ့ ရေပြင်လို ကာရန်လိုက်တယ် စသဖြင့် ခံစားစေနိုင်ပါတယ်။

အခုလို အမြင်အားဖြင့် တင့်တယ်စေလာတဲ့ အချက်တွေအပြင် ဒီဇိုင်းဖန်တီးမှုအပိုင်းနဲ့ ထုတ်လုပ်တဲ့ Process ပိုင်းတွေမှာပါ တန်ဖိုးရှိတဲ့ ရတနာ (Gemstone) ထုဆစ်ရသလို သေချာအနုစိပ် ဖန်တီးခဲ့ရတာကိုလည်း ပြောပြချင်ပါတယ်။

Exquisitely Crafted Details

Camera Craftmanship

P40 Series မှာ အသုံးပြုထားတဲ့ ကင်မရာပိုင်းနဲ့ စတင်ရရင် Watch Crystal Process အသုံးပြုထားပါတယ်။ မြင်သာအောင် ပြောရရင် ဓာတ်ပုံရိုက်တဲ့အခါ ကင်မရာ ၃ လုံးစလုံးကို Shade နဲ့ Light ခွဲခြားသိစေဖို့ ကင်မရာစနစ်ထဲမှာ အကန့်လေး ခွဲထားတာမျိုးပါ။

ဘာနဲ့ဆင်တူလဲဆို လူရဲ့မျက်လုံးမှာ Pupil ကို Iris က ဝန်းရံထားသလို P40 Series ကင်မရာစနစ်မှာ Watch Crystal Process ကို အသုံးပြုထားပါတယ်။

မတူညီတဲ့ Lens အရွယ်စားတွေ အကောင်းမွန်ဆုံး ဖွဲ့စည်းမှု ဖြစ်လာစေဖို့ ကနဦး စမ်းသပ်မှုတွေ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ရပါတယ်၊ ဒီစမ်းသပ်မှုတိုင်းမှာ ထုတ်လုပ်မှု Standard နဲ့ အညီ စမ်းသပ်ခဲ့သလို Lens တစ်ခုစီတိုင်းမှာ Iconic Blue-green Film သုံးပေးထားပါတယ်။

အဆိုပါ Film သားဟာ Sapphire (အဖြိုက်နက်) ကဲ့သို့ တောက်ပနေမှာ ဖြစ်သလို စွမ်းဆောင်ရည်ကိုလည်း ကျဆင်းသွားစေမှာ မဟုတ်ပါဘူး။

P40 Pro+ မှာ “Volcano” ဒီဇီုင်းကို ကျောဘက် ကင်မရာစနစ်အတွက် အသုံးပြုထားလို့ Camera Bump (ခုံးထွက်နေတာမျိုး) လျော့နည်းစေမှာပါ။ အခုလို ဖြစ်လာဖို့လည်း နည်းပညာ အခက်ခဲ ကြုံခဲ့ရသလို ခေတ်မီ ဆန်းသစ်တဲ့ Technologies ၊ Materials တွေနဲ့ ဖန်တီးခဲ့ရတာပါ။

ဒီထဲမှာ Diamond Cutting Process နဲ့ Special Polishing Process တို့ ပါဝင်ပြီး Ceramic Volcano ဒီဇိုင်းရရှိလာဖို့ အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်မလို့ P40 Pro+ ဟာ ကင်မရာနဲ့ စမတ်ဖုန်းကိုယ်ထည်ဟာ ရောင်ပြန်ဟပ် လှပစပြီး ရတနာတစ်လုံးလို တပြောင်ပြောင် ဖြစ်နေတဲ့ပုံစံမျိုး မြင်တွေ့ရစေတာပါ။

Innovative Technology

အချုပ်အနေနဲ့ P40 Series ရဲ့ ခေတ်ရှေ့ပြေး ဒီဇိုင်းဖန်တီးရာမှာ အထက်မှာ ပြောခဲ့သလို Unique Craftsmanship နဲ့ Cutting-edge Screen Installation နည်းပညာတို့ ပါဝင်ရပါတယ်။

ဒါမှလည်း စမတ်ဖုန်း Display ဟာ Bezels တွေ သေးသွယ်သလို ထုတ်လုပ်မှုအပိုင်းမှာလည်း အားသာချက်တချို့ ရယူထားရပါတယ်။

ဘယ်နေရာမှာလဲဆိုရင် Glass Panel နဲ့ သတ္ထု Frame တို့ ပေါင်းစပ်ပြီး ဖုန်းကိုယ်ထည် ဖြစ်လာစေဖို့ ပြုလုပ်ရတဲ့အခါ အသုံးဝင်ပြီး ကိုင်ရတာ ချောမွေ့ပြီး သက်တောင့်သက်သာ ဖြစ်စေဖို့ပါ။

အထူးသဖြင့် HUAWEI P40 Pro+ ရဲ့ Metal Frames ရဲ့ လုံးဝန်ထားတဲ့ Corners တွေဟာ စမတ်ဖုန်း Display ကို ကောင်းစွာ ပံ့ပိုးထားတယ်။

တနည်းဆိုရသော် HUAWEI Quad-curve Overflow Display နဲ့ Rounded Smooth Edges က အလှတရား ဖြစ်စေလို့ Manufacturing Process မှာ စနစ်တကျ ဖန်တီးထားလို့ အချိတ်ဆက်မိမိ Perfect ဖြစ်နေတာလို့လည်း ပြောနိုင်ပါတယ်။

HUAWEI P40 Series တွေဟာ ကြွရွလှပနေပြီးတော့ သုံးစွဲသူတွေကို လက်ထဲကိုင်လိုက်တာနဲ့ ကျစ်ကျစ်လျစ်လျစ် ဖြစ်စေတဲ့ ခံစားချက်မျိုး ရရှိစေတယ်။

ဒါက ဖုန်းတစ်လုံးရဲ့ Personality နဲ့ အဖော် (Companion) အဖော်ဖြစ်မှု စတဲ့အချက်တွေကြောင့် P40 Series ကိုင်လိုက်တာနဲ့ မြင်မြင်ချင်း နှစ်သက်သဘောကျစေမှာလို့ ပြောချင်ပါတယ်။

HUAWEI Myanmar Press Release ကို ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်