fbpx

This is digital planet.

GlobalizationNews

Pen Pineapple Apple Pen သီချင်းရဲ့နောက်ကွယ်က Tech နယ်ပယ်အရှုပ်အထွေး

“Pen Pineapple Apple Pen”. ဒီသီချင်းကို အင်တာနက်နဲ့ မစိမ်းတဲ့သူအတော်များများ ကြားဖူး၊ ကြည့်ဖူးလိုက်ကြမယ်ထင်ရဲ့။ Pikotaro ဆိုတဲ့ Youtube Channel ကနေ ၂၀၁၆၊ သြဂုတ် မှာ လွှင့်တင်ခဲ့တဲ့ဒီသီချင်းဟာ အကြောင်းအရင်းရှာမရပဲ ကြည့်ရှုသူ သန်း ၁၀၀ ကျော်တဲ့အထိ Popular Trend တစ်ခု ဖြစ်ခဲ့တယ်။ စာသားဆယ်ကြောင်းမပြည့်တဲ့ ဒီသီချင်းဟာ နားထောင်သူအများစုအတွက် အမှုမဲ့အမှတ်မဲ့ရှိခဲ့ပေမယ့် PPAP ရဲ့စာသားတွေဟာ နည်းပညာနယ်ပယ်ရဲ့ အရှုပ်အထွေးကို တစေ့တစောင်း မီးမောင်းထိုးပြထားတဲ့ နက်နဲမှုရှိနေလိမ့်မယ်လို့ ဘယ်သူတွေက ထင်မိခဲ့ကြမှာလဲ….

Image result for pen pineapple apple pen

အရင်ဆုံးသီချင်းမှာပါတဲ့ ပစ္စည်းသုံးခုအကြောင်းနဲ့ စကြတာပေါ့။ တကယ်တော့ အဲဒီပစ္စည်းသုံးခုဟာ Smartphone နယ်ပယ်က Company ကြီး သုံးခုကို ကိုယ်စားပြုထားတာပါ။ ဆိုတော့ ဘယ် Company တွဖြစ်မလဲ?

Apple- ဒါကတော့ ရှင်းပါတယ်။ သူ့နာမည်အတိုင်း Apple ကို ကိုယ်စားပြုတယ်။ Pen- Samsung ကို ရည်ညွှန်းပါတယ်။ ရုတ်တရက်တွေးရင်တော့ မဆိုင်ဘူးထင်ကောင်းထင်မိလိမ့်မယ်။ ဒါပေမယ့် သေချာစဉ်းစားရင် Pen (Stylus) ကို အသားပေးတဲ့ဖုန်းလို့ပြောလိုက်ရင် Galaxy Note Series ကိုပဲ အရင်ပြေးမြင်မိကြမှာပါ။ Samsung ကိုယ်တိုင်ကလည်း ဒါကို S. Pen လို့ နာမည်ပေးထားတာကြောင့် Pen ဆိုတာ AMOLED ပြီးရင် Samsung မှန်းသိသာစေမယ့် ကိုယ်စားပြုစာလုံးဆိုရင် လက်ခံလိမ့်မယ်ထင်ရဲ့။

Image result for note 10 vs iphone 11

Pineapple- ဒါကတော့ လူတွေသတိမထားမိဆုံး တင်စားမှုဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ Google ကို ရည်ညွှန်းထားတာမို့ပါ။ ဘာကြောင့် Google ဟာ Pineapple ဖြစ်ရသလဲ? ဒီကိစ္စကိုအောက်မှာဆက်ရှင်းပြမှာဆိုတော့ သီချင်းစာသားတွေကို စပြီးအဓိပ္ပါယ်ဖော်ကြတာပေါ့။

“I have a Pen.
I have an Apple.
Ah! Apple Pen.”

ဒီစာသားတွေက Apple နဲ့ Samsung ကြားကဆက်ဆံရေးကို ရည်ညွှန်းပါတယ်။ ဒီ Company နှစ်ခုဟာ Smartphone နယ်ပယ်မှာ ဆယ်စုနှစ်တစ်ခုကြာအောင် ခုချိန်ထိ ပြိုင်ဆိုင်မှုပြန်းထန်ဆဲ Tech Giant တွေ ဖြစ်နေကြတုန်း။ အပြန်အလှန် တရားစွဲမှုတွေ၊ တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်တစ်ဖုံ နှိပ်ကွပ်မှုတွေလည်း ဒုနဲ့ဒေး။ ဒါပေမယ့် စီးပွားရေးနဲ့ပတ်သက်လာရင်တော့ သူတို့နှစ်ယောက်ဟာ အကြီးစားမဟာမိတ်တွေလို့ပြောရင် ငြင်းနိုင်မယ်မထင်။

Image result for samsung memes

ဘာကြောင့်လဲဆိုတော့ Samsung ဟာ iPhone တွေရဲ့ Display, Memory Chip နဲ့ နောက်ဆုံး SOC Production ပိုင်းအထိ ပါဝင်နေတဲ့ Hardware Supplier ဖြစ်နေလို့ပါပဲ။ တစ်ဖက်မှာ Android နဲ့ iOS ခါင်းစဉ်နှစ်ခုအောက်က ဘယ်လောက်ပဲခါးသီးတဲ့ပြိုင်ဘက်တွေဖြစ်နေပါစေ နောက်တစ်ဖက်မှာတော့ Apple ကို Hardware Supply လုပ်ပြီးရလာမယ့် အမြတ်အစွန်းဟာ Samsung အတွက်လိုအပ်သလို Apple ရဲ့လိုအပ်မယ့် Quality component တွေအတွက် Samsung ကို လိုအပ်နေတယ်။ ဆိုတော့ သူတို့ရဲ့ဆက်ဆံရေးကတော့ တစ်ဖက်မှာ လည်ပင်းဖက်ပေါင်းရင်း နောက်တစ်ဖက်က ဓားထောက်ထားတဲ့ အနီးဆုံးရန်သူတွေနဲ့ တူနေပါရော။

“I have a Pen.
I have Pineapple.
Ah! Pineapple Pen.”

Samsung နဲ့ Google ကြားက ဆက်ဆံရေးပါ။ အခုချိန်ထိ Samsung ဟာ Android ရဲ့ Percentage အများဆုံး User base ကို ပိုင်ဆိုင်ထားတုန်းပဲ။ ဒါကြောင့်လည်း Apple (iPhone) ရဲ့ အဓိကပြိုင်ဘက်အဖြစ် ရပ်တည်နေခဲ့တာပေါ့။ ဒါပေမယ့် ခုလိုများပြားတဲ့ User Base ဆီကနေ Samsung အနေနဲ့ Google အကူအညီမပါပဲ Software ပိုင်းဆိုင်ရာ အမြတ်အစွန်းတွေ သူတစ်ယောက်ထဲမလိုချင်ပဲနေပါ့မလား?

Image result for pen pineapple apple pen mobile

တကယ်တော့ Samsung အနေနဲ့ Taizen ဆိုတဲ့ ကိုယ်ပိုင် OS ကို အသက်သွင်းဖို့ကြိုးစားခဲ့ဖူးပေမယ့် OS တစ်ခု Stable & Popular ဖြစ်ဖို့၊ လူတိုင်းအဆင်ပြေဖို့မလွယ်တာ သိခဲ့ပုံရတယ်။ Google အနေနဲ့လည်း Android အပြင် လက်ရှိသူတို့ Pixel ဖုန်း Component တစ်ချို့အတွက် Hardware Supplier အဖြစ် Samsung ကိုအားကိုးရတယ်။ ဒါကြောင့်လက်ရှိချိန်ထိ သူတို့ဆက်ဆံရေးဟာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီအခြေအနေမှာ တည်ရှိနေသေးတာပါ။

“Apple Pen.
Pineapple Pen.
Ah! Pen Pineapple Apple Pen.”

ဒီစာသားတွေအကြောင်းမရှင်းခင် ဘာလို့ Google ကို Pineapple လို့ တင်စားလဲဆိုတာ အရင်ပြောကြတာပေါ့။ Hardware ပိုင်းနဲ့ပတ်သက်ရင် Google ကို ရင်းနှီးခဲ့ကြတာ Nexus ဖုန်းတွေနဲ့ ဖြစ်ကြမယ်ထင်ရဲ့။ နောက်ပိုင်းမှာ Developer အသားပေးတဲ့ ဒီ Line up ကို တစ်ခန်းရပ်ပြီး User Friendly ပိုဖြစ်တဲ့ Camera အသားပေး Pixel ဘက်ကို ဦးတည်လာခဲ့တယ်။ ဒီနေရာမှာ Pixel နဲ့ နောက်ပိုင်း Product တွအပေါ် Google ရဲ့ ချဉ်းကပ်မှုဟာ ရိုးရှင်းပြီး Smart ဖြစ်တဲ့ Software Experience, တခြား Android တွထက်ပိုတဲ့ OS Support နဲ့ Security ၊ နောက်ဆုံး Product တစ်ခုနဲ့တစ်ခု အပြန်အလှန်ချိတ်ဆက်အသုံးပြုနိုင်မယ့် Ecosystem စတဲ့ Apple ရဲ့ဦးတည်ချက်နဲ့ အတော်လေးဆင်လာတာ တွေ့ရတယ်။

Image result for pixel 4 and iphone xi

ဒါပေမယ့် ဘယ်လိုပဲဆင်ဆင် Android ဟာ Apple ဖြစ်လာမှာမဟုတ်သလို Google ကလည်း သူတို့ရဲ့ OS နဲ့ Product တွေကို သူတို့ကိုယ်ပိုင်ဟန်နဲ့ Smart ဖြစ်ပြီး ပိုလွတ်လပ်တဲ့ပုံစံနဲ့ ဖန်တီးနေတာမို့ နာမည်ဆင်ပေမယ့် လားရာမတူ၊ မူကွဲတဲ့ အကောင်းဆုံးနာမည် Pine+Apple ဆိုပြီး တင်စားခဲ့တာပါ။ ဆိုတော့ သူတို့ကြားက ဆက်ဆံရေးကရော။

တကယ်တော့ Apple နဲ့ Google ကြားကကောင်းမွန်တဲ့ဆက်ဆံရေးဟာ အတိုင်းအတာတစ်ခုအထိ ခရီးပေါက်ခဲ့ဖူးပါတယ်။ Android OS ရယ်လို့ မဖြစ်လာခင်အထိပေါ့။ Windows OS နဲ့ပတ်သက်ပြီး Microsoft နဲ့တရားစွဲဆိုမှုတွေဖြစ်ခဲ့တဲ့အထိ ဒဏ်ရာဟောင်းရှိခဲ့ဖူးတဲ့ Apple အတွက် Android OS ဟာ Steve Jobs ကို ဒေါသူပုန်ထစေ၊ Google နဲ့ မိတ်ပျက်စေခဲ့တဲ့ ဒုတိယမ္ပိ OS ဖြစ်လာခဲ့တယ်။ ဒါပေမယ့်စီးပွားရေးအရ မျက်ကွယ်မပြုနိုင်တဲ့ ဒီ Company နှစ်ခုဟာ Apple ရဲ့ Safari Browser မှာ Google အနေနဲ့ ပင်တိုင် Search Engine ဖြစ်နိုင်ရေး ညှိနှိုင်းမှု၊ Google ရဲ့ လူသုံးများတဲ့ Mobile App တစ်ချို့ကို Apple Store မှာ Support လုပ်ရတာ စတဲ့ အပြန်အလှန်မှီခိုမှုတွေတော့ ရှိနေဆဲပါပဲ။

Image result for pixel vs iphone

OS ပိုင်းအရဆိုရင်လည်း အပြန်အလှန် မှီငြမ်းမှုတွေ ရှိနေရဆဲ။ Android ရဲ့ Feature တစ်ချို့ဟာ iOS Update တွေနဲ့အတူ ပါလာတတ်သလို Apple ဘက်က Design, Security နဲ့ Ecosystem တို့လို Concept တွကလည်း Google ရဲ့ Inspired ယူရတဲ့အချက်တွေဖြစ်နေဆဲပါ။ ဆိုတော့ သီချင်းရဲ့ နောက်ဆုံးအပိုဒ်လို Fan တွေအနေနဲ့ Team iOS, Team Pixel, Team Sammy ခွဲနေချိန်မှာ Company တွေကတော့ စီးပွားရေးအရ နှစ်ဦးနှစ်ဖက်အကျိုးရှိဖို့ဆိုရင် “မချစ်သော်လည်းအောင့်ကာနမ်း” ဆိုတဲ့အတိုင်း အကျိုးတူပူးပေါင်းမှုတွေ၊ အပြန်အလှန် အတုယူမှီငြမ်းမှုတွေနဲ့ ကင်းနိုင်ကြဦးမှာ မဟုတ်ပါဘူး။ (စီးပွားရေးမှာ ပြိုင်ဘက်ဆိုတာ အမြဲရန်သူဖြစ်နေရမယ်လို့ ပုံသေးနည်းမှ မရှိတာကိုး)

Image result for iphone memes

ဒီလောက်ထိ စိတ်ရှည်သည်းခံပြီးဖတ်လာခဲ့ပြီဆိုရင်တော့ ကိုယ်တွေဂျင်းသိပ်တာ အောင်မြင်တယ်ပြောရမှာပဲ။ တကယ်က အပေါ်ကအကြောင်းအရာတွေဟာ ကာယကံရှင်ကိုယ်တိုင် ထုတ်ပြောခဲ့တဲ့အကြောင်းတွေမဟုတ်ပဲ လက်ရှိ Smartphone နယ်ပယ်မှာဖြစ်ပျက်နေတဲ့ ထိပ်တန်း Company တွေရဲ့ ဆက်ဆံရေးအခြေအနေကို PPAP သီချင်းနဲ့ဆီလျော်အောင်ဖန်တီးထားတဲ့ ကိုယ်ပိုင် Fan Theory တစ်ခုသာဖြစ်ပါတယ်။ တကယ်လို့ ဒီစာကိုဖတ်ပြီး ဗဟုသုတတစ်ခုဖြစ်ဖြစ်၊ ဒါမှမဟုတ် စိတ်အာဟာရဖြစ်ဖြစ် ရသွားခဲ့မယ်ဆိုရင် အပင်ပန်းခံပြီးရေးရကျိုးနပ်တယ်လို့ပဲ ယူဆလိုက်ပါ့မယ်။ အားပေးတဲ့ Fan တွေကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း….

Photos from Internet.

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်