fbpx

This is digital planet.

HuaweiTech News

Periscope-Style Super Zoom ပါဝင်လာမယ့် Huawei P30 Pro

Xiaomi ရဲ့ Mi 9, Samsung ရဲ့ Galaxy S10 series စတဲ့ ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ Flagship ဖုန်းတွေအသီးသီးထွက်ရှိပြီးနောက်မှာတော့ Huawei အနေနဲ့ Triple camera revolution ပြုလုပ်ထားတဲ့ Flagship P30 series ကို March 26 ရက်နေ့မှာမိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ မနေ့ကထွက်ရှိခဲ့တဲ့ Leak အသစ်တွေမှာတော့ P30 series ရဲ့ အမြင့်ဆုံး High-end ဖြစ်တဲ့ P30 Pro မှာအရင် P series တွေမှာမပါဝင်ခဲ့တဲ့ Super Zoom feature ပါဝင်မယ်လို့သိရခဲ့ရပြီး ထိုနောက်မှာတော့ Huawei ရဲ့ Executive ကတော့ ဒီအရာကိုအတည်ပြုပေးသွားခဲ့ပါတယ်။

Andriod Central ရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့ MWC 2019 မှာ Huawei ရဲ့ Global Product Marketing VP ဖြစ်သူ Clement Wong က periscope-style “Super Zoom” feature ကိုအတည်ပြုပေးခဲ့ပါတယ်။အချိန်ထဲမှာပဲ OPPO အနေနဲ့အနေနဲ့လည်းအလားတူ 10x lossless zoom tech ကို MWC 2019 မှာအတည်ပြုပေးခဲ့ပါတယ်။ Huawei အနေနဲ့ OPPO ကိုအနိုင်ယူချင်တယ်ဆိုရင်တော့ Super Zoom feature ကို 10x zoom ထက်ပိုမိုသာလွန်အောင်ဖန်းတီးပြဖို့တော့လိုအပ်ပါတယ်။ P30 Pro ရဲ့ ကင်မရာကိုတော့ ဘယ်သူမှမမြင်ဖူးသေးတဲ့ အရာတစ်ခုကိုထည့်သွင်းမယ်လို့ Wong က ကတိပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က Leak ဖြစ်ခဲ့တဲ့ Huawei P30 Pro ရဲ့ပုံရိပ်တွေမှာတော့ qual-camera setup ကိုမြင်တွေ့ခဲ့ရပါတယ်။ ထပ်မံပြီး Huawei အနေနဲ့ ပြီးခဲ့တဲ့ flagship P20 မှာထဲက တော်တော်ကောင်းမွန်တဲ့ low-light performance ကိုလည်းပိုမိုကောင်းမွန်အောင်လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် P30 series ရဲ့ ဒီဇိုင်း နဲ့ Hardware ပိုင်းကိုလည်း ပိုမိုကောင်းမွန်အဆင့်မြင့်တင်နေတယ်လို့သိရပါတယ်။

Ref: Gizchina